Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​သ​တာ 9:29

Judson Bible

ထို​အ​ခါ အ​ဘိ​ဟဲ​လ​သ​မီး မိ​ဖု​ရား​ဧ​သ​တာ​နှင့် ယု​ဒ​အ​မျိုး မော်​ဒ​ကဲ​တို့​သည်၊ ပု​ရ​နေ့​တို့​ကို မြဲ​မြံ​စွာ တည်​စေ​ခြင်း​ငှာ ကျပ်​တည်း​စွာ အာ​ဏာ​ထား၍ မှာ​စာ​ကို တစ်​ဖန်​ရေး​ထား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​သ​မီး​ကဲ့​သို့ မော်​ဒ​ကဲ​မွေး​မြူ​သော ဘ​ထွေး အ​ဘိ​ဟဲ​လ​သ​မီး ဧ​သ​တာ​သည် အ​လှည့်​သင့်၍၊ ရှင်​ဘု​ရင်​ထံ​သို့ ဝင်​ရ​သော​အ​ခါ၊ နန်း​တော်​မိန်း​မ​စိုး၊ အ​ပျို​တော်​အုပ် ဟေ​ဂဲ​စီ​ရင်​သော အ​ရာ​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ မ​တောင်း၊ ဧ​သ​တာ​ကို တွေ့​မြင်​သ​မျှ​သော​သူ​တို့​သည် ချစ်​တတ်​ကြ၏။

ရှု​ရှန်​နန်း​တော်၌ ထို​အ​မိန့်​တော်​စာ​ကို ကြော်​ငြာ​ပြီး​မှ၊ ရှင်​ဘု​ရင် စီ​ရင်​သည်​အ​တိုင်း၊ စာ​ပို့​လု​လင်​တို့​သည် အ​လျင်​အ​မြန် ပြေး​သွား​ကြ၏။ ရှင်​ဘု​ရင်​နှင့် ဟာ​မန်​သည် စ​ပျစ်​ရည်​သောက်​ပွဲ၌ ထိုင်၍၊ ရှု​ရှန်​မြို့​တော်​သည် ဆင်း​ရဲ​ခြင်း​သို့ ရောက်​သ​တည်း။

ရှင်​ဘု​ရင် အာ​ရွှေ​ရု၏ အ​မိန့်​တော်​စာ​ကို​ရေး၍ ရှင်​ဘု​ရင်​လက်​စွပ်​တော်​နှင့် တံ​ဆိပ်​ခတ်​ပြီး​မှ၊ မြင်း၊ လား၊ ကု​လား​အုတ်၊ မြည်း​စီး​သော စာ​ပို့​လု​လင်​တို့​ဖြင့် ပေး​လိုက်​လေ၏။

တစ်​ဖန် မော်​ဒ​ကဲ​သည် ဤ​အ​မှု​အ​ရာ​တို့​ကို ရေး​ထား၏။

ယု​ဒ​လူ​တို့​သည် ရန်​သူ​လက်​မှ​လွတ်၍ ချမ်း​သာ​ရ​သော​နေ့၊ သူ​တို့​ဝမ်း​နည်း​ခြင်း​နှင့် မြည်​တမ်း​ခြင်း​ပျောက်၍ ဝမ်း​မြောက်​ခြင်း​နှင့်​ပျော်​မွေ့​ခြင်း​သို့ ရောက်​သော လ​တည်း​ဟူ​သော အာ​ဒါ​လ တစ်​ဆယ်​လေး​ရက်​နှင့် တစ်​ဆယ်​ငါး​ရက်​နေ့​တို့​ကို နှစ်​တိုင်း​စောင့်၍ ပွဲ​ခံ​ရာ​နေ့၊ ပျော်​မွေ့​ရာ​နေ့၊ တစ်​ယောက်​ကို​တစ်​ယောက် လက်​ဆောင်​ပေး​လိုက်၍၊ ဆင်း​ရဲ​သော​သူ​တို့​အား စွန့်​ကြဲ​ရာ​နေ့​ဖြစ်​စေ​သော ထုံး​စံ​ကို စီ​ရင်​ခြင်း​ငှာ၊ ရှင်​ဘု​ရင် အာ​ရွှေ​ရု နိုင်​ငံ​တော်​အ​ပြည်​ပြည်၌ အ​နီး​အ​ဝေး​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​နေ​ရာ​သို့ မှာ​စာ​ကို ပေး​လိုက်​လေ၏။

ထို​ပု​ရ​နေ့​တို့​သည် ယု​ဒ​အ​မျိုး၌ မ​ပျောက်၊ သား​စဉ်​မြေး​ဆက်​တို့​သည် မ​မေ့​မ​လျော့၊ အ​ပြည်​ပြည် အ​မြို့​မြို့၌​နေ​သော အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး အ​စဉ်​အ​ဆက်​တို့​သည် အောက်​မေ့ စောင့်​ရှောက်​မည်​အ​ကြောင်း ဝန်​ခံ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ