ဧသတာ 9:26Judson Bibleပုရဟူသောစကားကို အစွဲပြုသဖြင့်၊ ထိုနေ့ကို ပုရနေ့ဟူ၍ ခေါ်ဝေါ်ကြ၏။ ထိုအမိန့်တော်စာချက်နှင့် ကိုယ်တိုင်တွေ့မြင်သော အမှုကိုထောက်လျက်၊ အခန်းကိုကြည့်ပါ။ |
ထိုကာလတွင် ဣသရေလပြည်၊ အိုင်အရှေ့၊ ခရီးသွားရာချိုင့်၌ ထင်ရှားသောသင်္ချိုင်းကို ဂေါဂအား ငါပေးမည်။ ခရီသွားသော သူတို့သည် နှာခေါင်းကို ပိတ်ရကြလိမ့်မည်။ ထိုအရပ်၌ ဂေါဂနှင့် သူ၏လူအလုံးအရင်းရှိသမျှကို မြေ၌မြှုပ်၍၊ ထိုချိုင့်သည် ဟာမုန်ဂေါဂချိုင့်အမည်ဖြင့် တွင်လိမ့်မည်။
ထိုသို့ အာရုန်အမျိုးမဟုတ်။ အခြားတစ်ပါးသောအမျိုးသားသည်၊ ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းကိုမီးရှို့၍ ပူဇော်သောအားဖြင့်၊ ကောရနှင့် သူ၏အပေါင်းအသင်းကဲ့သို့ မဖြစ်စေမည်အကြောင်း၊ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည်အတိုင်း၊ ထိုလင်ပန်းတို့သည် ဣသရေလအမျိုးသားတို့အား သတိပေးရာနိမိတ်ဖြစ်ရကြ၏။