ထိုအခါ ပထမလ တစ်ဆယ်သုံးရက်နေ့တွင်၊ စာရေးတော်ကြီးတို့ကိုခေါ်၍ ကိုယ်စားတော်မင်း၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ အရပ်ရပ်စီရင်သော သူကြီးတို့ကို ဟာမန်မှာထားသမျှအတိုင်း၊ လူအမျိုးမျိုးပြောသော စကားအသီးအသီးအားဖြင့် ရှင်ဘုရင် အာရွှေရု၏အမိန့်တော်ကို စာရေး၍၊ ရှင်ဘုရင်၏ လက်စွပ်တော်နှင့် တံဆိပ်ခတ်လေ၏။
ထိုအခါ သိဝန်အမည်ရှိသော တတိယလ နှစ်ဆယ်သုံးရက်နေ့တွင်၊ စာရေးတော်ကြီးတို့ကို ခေါ်၍၊ အိန္ဒိယပြည်မှ ကုရှပြည်တိုင်အောင် တိုင်းပြည်တစ်ရာနှစ်ဆယ် ခုနစ်ပြည်တို့၌ရှိသော ယုဒလူ၊ ကိုယ်စားတော်မင်း၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ မြို့သူကြီးတို့ကို မော်ဒကဲ မှာထားသမျှအတိုင်း၊ ယုဒဘာသာစကားမှစ၍ လူအမျိုးမျိုး ပြောသောစကား အသီးအသီးအားဖြင့်၊
ယုဒလူတို့သည် ရန်သူလက်မှလွတ်၍ ချမ်းသာရသောနေ့၊ သူတို့ဝမ်းနည်းခြင်းနှင့် မြည်တမ်းခြင်းပျောက်၍ ဝမ်းမြောက်ခြင်းနှင့်ပျော်မွေ့ခြင်းသို့ ရောက်သော လတည်းဟူသော အာဒါလ တစ်ဆယ်လေးရက်နှင့် တစ်ဆယ်ငါးရက်နေ့တို့ကို နှစ်တိုင်းစောင့်၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့၊ တစ်ယောက်ကိုတစ်ယောက် လက်ဆောင်ပေးလိုက်၍၊ ဆင်းရဲသောသူတို့အား စွန့်ကြဲရာနေ့ဖြစ်စေသော ထုံးစံကို စီရင်ခြင်းငှာ၊ ရှင်ဘုရင် အာရွှေရု နိုင်ငံတော်အပြည်ပြည်၌ အနီးအဝေးရှိသော ယုဒလူအပေါင်းတို့နေရာသို့ မှာစာကို ပေးလိုက်လေ၏။