Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​သ​တာ 9:15

Judson Bible

ရှု​ရှန်​မြို့၌​ရှိ​သော ယု​ဒ​လူ​တို့​သည်​လည်း၊ အာ​ဒါ​လ​တစ်​ဆယ်​လေး​ရက်​နေ့​တွင် စု​ဝေး၍၊ ရှု​ရှန်​မြို့​သား သုံး​ရာ​တို့​ကို သတ်​ကြ၏။ သို့​ရာ​တွင် သူ​တို့​ဥ​စ္စာ​ကို မ​သိမ်း မ​ယူ​ဘဲ​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အ​မိန့်​တော်​စာ​ချက်​ဟူ​မူ​ကား၊ အာ​ဒါ​အ​မည်​ရှိ​သော ဒွါ​ဒ​သ​မ​လ တစ်​ဆယ်​သုံး​ရက် တစ်​နေ့​ချင်း​တွင်၊

ရှင်​ဘု​ရင်​သည် မိ​ဖု​ရား​ဧ​သ​တာ​ကို ခေါ်၍၊ ယု​ဒ​လူ​တို့​သည် ရှု​ရှန်​မြို့​တော်၌ ဟာ​မန်​သား​တစ်​ကျိပ်​နှင့်​တ​ကွ လူ​ငါး​ရာ​တို့​ကို လုပ်​ကြံ​သတ်​ဖြတ် ကြ​ပြီ။ နိုင်​ငံ​တော်​တွင် အ​ခြား​သော အ​ပြည်​ပြည်​တို့၌ အ​ဘယ်​သို့ ပြု​ကြ​ပြီ​နည်း။ သင်​သည် အ​ဘယ်​အ​လို ရှိ​သေး​သ​နည်း။ အ​လို​ရှိ​သည်​အ​တိုင်း ငါ​ပြု​မည်။ အ​ဘယ်​ဆု​ကို တောင်း​ချင်​သေး​သ​နည်း။ တောင်း​သ​မျှ​ကို ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​လျှင်၊

ဧ​သ​တာ​က၊ အ​ရှင်​မင်း​ကြီး အ​လို​တော်​ရှိ​လျှင်၊ ရှု​ရှန်​မြို့၌​ရှိ​သော ယု​ဒ​လူ​တို့​သည် ယ​နေ့ အ​မိန့်​တော်​အ​တိုင်း နက်​ဖြန်​နေ့၌​လည်း ပြု​ရ​မည်​အ​ကြောင်း၊ ဟာ​မန်​သား​တစ်​ကျိပ်​ကို​လည်း လည်​ဆွဲ​ချ​တိုင်၌ ဆွဲ​ထား​ရ​မည် အ​ကြောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​သည်​အ​တိုင်း၊

ရှင်​ဘု​ရင်​မိန့်​တော်​မူ၍ ရှု​ရှန်​နန်း​တော်၌ အ​မိန့်​တော်​ကို ထုတ်​ပြီး​မှ၊ ဟာ​မန်​သား​တစ်​ကျိပ်​ကို ဆွဲ​ထား​ကြ၏။

နိုင်​ငံ​တော်​အ​တိုင်း​တိုင်း အ​ပြည်​ပြည်၌​ရှိ​သော ယု​ဒ​လူ​အ​ခြား​တို့​သည် အာ​ဒါ​လ တစ်​ဆယ်​သုံး​ရက်​နေ့​တွင်၊ မိ​မိ​တို့​အ​သက်​ကို စောင့်​လျက်၊ ရန်​သူ​လက်​သို့​မ​ရောက်​ဘဲ ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ စု​ဝေး၍ ရန်​သူ ခု​နစ်​သောင်း​ငါး​ထောင်​တို့​ကို သတ်​ကြ၏။ သို့​ရာ​တွင် သူ​တို့​ဥ​စ္စာ​ကို မ​သိမ်း​မ​ယူ​ဘဲ နေ​ကြ၏။

ရှင်​ဘု​ရင်​အာ​ရွှေ​ရု၏ နိုင်​ငံ​တော် အ​ပြည်​ပြည် အ​မြို့​မြို့၌​နေ​သော ယု​ဒ​လူ​တို့​သည်၊ ညှဉ်း​ဆဲ​လို​သော သူ​တို့​ကို ဆီး​တား​ခြင်း​ငှာ စု​ဝေး​ကြ၏။ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​သော​ကြောင့်၊ အ​ဘယ်​သူ​မျှ ရန်​မ​ပြု​ဝံ့​ဘဲ နေ​ကြ၏။

မ​ကောင်း​သော​အ​မှု အ​မျိုး​မျိုး​ရှိ​သ​မျှ​ကို ရှောင်​ကြ​လော့။-

သင်​တို့၏​ကျင့်​ကြံ​ပြု​မူ​ခြင်း​သည် ငွေ​ကို​တပ်​မက်​ခြင်း​နှင့် ကင်း​လွတ်၍၊ ကိုယ်၌​ရှိ​သော​ဥ​စ္စာ​နှင့် ရောင့်​ရဲ​ခြင်း​ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ငါ​သည် သင့်​ကို​မ​စွန့်၊ သင့်​ကို​အ​လျှင်း​ပစ်၍​မ​ထား​ဟု က​တိ​တော်​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ