Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​သ​တာ 8:8

Judson Bible

သို့​ရာ​တွင် ရှင်​ဘု​ရင်​လက်​စွပ်​နှင့် တံ​ဆိပ်​ခတ်​သော ရှင်​ဘု​ရင် အ​မိန့်​တော်​စာ​ကို အ​ဘယ်​သူ​မျှ မ​ပယ်​ရ​သည်​ဖြစ်၍၊ စိတ်​ရှိ​သည်​အ​တိုင်း ယု​ဒ​လူ​တို့​အ​ဖို့ အ​မိန့်​တော်​စာ​ကို တစ်​ဖန်​ရေး၍၊ လက်​စွပ်​တော်​နှင့် တံ​ဆိပ်​ခတ်​ရ​မည်​ဟု မိ​ဖု​ရား​ဧ​သ​တာ​နှင့် ယု​ဒ​လူ​မော်​ဒ​ကဲ​တို့​အား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အာ​ဟပ်​မင်း၏ အ​ခွင့်​နှင့်​စာ​ရေး၍ တံ​ဆိပ်​တော်​နှင့်​ခတ်​ပြီး​မှ၊ နာ​ဗုတ်​နေ​ရာ​မြို့၌ သူ​နှင့်​အ​တူ​နေ​သော အ​သက်​ကြီး​သူ​နှ​င့် မှူး​မတ်​များ​ထံ​သို့ ပေး​လိုက်​လေ၏။

ဝါ​ရှ​တိ​သည် အ​ရှင်​မင်း​ကြီး အာ​ရွှေ​ရု​ထံ​တော်​သို့ နောက်​တစ်​ဖန် မ​ဝင်​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ​လျှင် မ​ဝင်​စေ​နှင့်​ဟု မိန့်​တော်​မူ​ပါ။ မ​ပြောင်း​လဲ​နိုင်​သော အ​မိန့်​တော်​ရှိ​စေ​ခြင်း​ငှာ ပေ​ရ​သိ၊ မေ​ဒိ​ဓ​မ္မ​သတ်၌​သွင်း၍ ရေး​စေ​တော်​မူ​ပါ။ ဝါ​ရှ​တိ​ထက် ကောင်း​သော မိန်း​မ​ကို​လည်း မိ​ဖု​ရား​အ​ရာ၌ ချီး​မြှောက်​တော်​မူ​ပါ။

ထို​အ​ခါ ပ​ထ​မ​လ တစ်​ဆယ်​သုံး​ရက်​နေ့​တွင်၊ စာ​ရေး​တော်​ကြီး​တို့​ကို​ခေါ်၍ ကိုယ်​စား​တော်​မင်း၊ အ​ပြည်​ပြည်​အုပ်​သော မြို့​ဝန်၊ အ​ရပ်​ရပ်​စီ​ရင်​သော သူ​ကြီး​တို့​ကို ဟာ​မန်​မှာ​ထား​သ​မျှ​အ​တိုင်း၊ လူ​အ​မျိုး​မျိုး​ပြော​သော စ​ကား​အ​သီး​အ​သီး​အား​ဖြင့် ရှင်​ဘု​ရင် အာ​ရွှေ​ရု၏​အ​မိန့်​တော်​ကို စာ​ရေး၍၊ ရှင်​ဘု​ရင်၏ လက်​စွပ်​တော်​နှင့် တံ​ဆိပ်​ခတ်​လေ၏။

ရှင်​ဘု​ရင် အာ​ရွှေ​ရု၏ အ​မိန့်​တော်​စာ​ကို​ရေး၍ ရှင်​ဘု​ရင်​လက်​စွပ်​တော်​နှင့် တံ​ဆိပ်​ခတ်​ပြီး​မှ၊ မြင်း၊ လား၊ ကု​လား​အုတ်၊ မြည်း​စီး​သော စာ​ပို့​လု​လင်​တို့​ဖြင့် ပေး​လိုက်​လေ၏။

အ​ရှင်​မင်း​ကြီး အ​လို​တော်​ရှိ၍၊ ကျွန်​တော်​မ​ကို စိတ်​နှင့် တွေ့​တော်​မူ​လျှင်​လည်း​ကောင်း၊ ကျွန်​တော်​မ​အ​မှု​သည် ရှေ့​တော်၌ လျောက်​ပတ်၍ ကိုယ်​တော်​သည် ကျွန်​တော်​မ​ကို​လည်း ချစ်​တော်​မူ​လျှင်​လည်း​ကောင်း၊ နိုင်​ငံ​တော်​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၌​ရှိ​သော ယု​ဒ​လူ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ အာ​ဂတ်​အ​မျိုး ဟ​မ္မေ​ဒါ​သ​သား ဟာ​မန်​စီ​ရင်​သော​စာ​ကို ပယ်​မည်​အ​ကြောင်း၊ ထပ်၍ စာ​ရေး​စေ​တော်​မူ​ပါ။

သို့​ဖြစ်၍၊ အ​ရှင်​မင်း​ကြီး၊ အ​မိန့်​ရှိ​တော်​မူ​ပါ။ မ​ပြောင်း​လဲ​တတ်​သော မေ​ဒိ၊ ပေ​ရ​သိ​ဓ​မ္မ​သတ်​အ​တိုင်း အ​မိန့်​တော်​တည်​စေ​ခြင်း​ငှာ၊ တံ​ဆိပ်​ခတ်​တော်​မူ​ပါ​ဟု လျှောက်​ထား​ကြ​လျှင်၊

သို့​သော်​လည်း၊ သ​ခင်​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို သိ​ကျွမ်း​တော်​မူ၏ ဟူ၍​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို ၀န်​ခံ​သော​သူ​မည်​သည်​ကား၊ မ​တ​ရား​သော​အ​မှု​ကို ရှောင်​ရ​မည်​ဟူ၍​လည်း​ကောင်း၊ တံ​ဆိပ်​ခတ်​လျက်​ရှိ​သော ဘု​ရား​သ​ခင်၏ တိုက်​မြစ်​သည် ခိုင်​ခံ့၍​တည်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ