Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​သ​တာ 8:7

Judson Bible

ရှင်​ဘု​ရင် အာ​ရွှေ​ရု​က​လည်း၊ ဟာ​မန်​သည် ယု​ဒ​လူ​တို့​ကို ထိ​ခိုက်​သော​ကြောင့်၊ သူ၏​အိမ်​ကို မိ​ဖု​ရား​ဧ​သ​တာ​အား ငါ​ပေး​ပြီ။ ထို​သူ​ကို​လည်း လည်​ဆွဲ​ချ​တိုင်၌ ကွပ်​မျက်​စေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

အာ​ရွှေ​ရု​နန်း​ထိုင်​စ​က ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၌ အ​ပြစ်​တင်​သော​လွှာ​စာ​ကို ပေး​လိုက်​ကြ၏။

ထို​သို့ မော်​ဒ​ကဲ​အ​ဖို့​လုပ်​သော လည်​ဆွဲ​ချ​တိုင်၌ ဟာ​မန်​ကို ဆွဲ​ချ​ကြ၏။ ရှင်​ဘု​ရင်​လည်း စိတ်​ပြေ​တော်​မူ၏။

မိန်း​မ​စိုး ဟာ​ဗော​န​က​လည်း၊ အ​ရှင်​မင်း​ကြီး၏ အ​ကျိုး​တော်​ကို​စောင့်၍ လျှောက်​ထား​သော မော်​ဒ​ကဲ​အ​ဖို့ ဟာ​မန်​လုပ်၍ အ​တောင်​ငါး​ဆယ်​မြင့်​သော လည်​ဆွဲ​ချ​တိုင်​သည်၊ ဟာ​မန်​အိမ်၌ စိုက်​ထား​လျက် ရှိ​ပါ၏​ဟု နား​တော်​လျှောက်​သော်၊ ထို​တိုင်၌ လည်​ဆွဲ​ချ​စေ​ဟု ရှင်​ဘု​ရင်​မိန့်​တော်​မူ၏။

ထို​နေ့​ချင်း​တွင်၊ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည် ယု​ဒ​အ​မျိုး၏ ရန်​သူ​ဟာ​မန်​အိမ်​ကို မိ​ဖု​ရား​ဧ​သ​တာ​အား ပေး​တော်​မူ၏။ ဧ​သ​တာ​သည် မော်​ဒ​ကဲ​နှင့် အ​ဘယ်​သို့ ပေါက်​ဖော်​တော်​သည်​ကို ဧ​သ​တာ​လျှောက်​သ​ဖြင့်၊ မော်​ဒ​ကဲ​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့ ဝင်​ရ၏။

သူ​တော်​ကောင်း​သည် သား​မြေး​တို့​အ​ဖို့ အ​မွေ​ဥ​စ္စာ​ကို​ချန်​ထား​တတ်၏။ အ​ပြစ်​ရှိ​သော​သူ၏ စည်း​စိမ်​မူ​ကား၊ ဖြောင့်​မတ်​သော​သူ​တို့​အ​ဖို့ သို​ထား​လျက်​ရှိ၏။

ထို​ကြောင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ပ​ညတ်​တ​ရား​အား​ဖြင့် အ​ဘယ်​သူ​မျှ ဖြောင့်​မတ်​ရာ​သို့ မ​ရောက်​နိုင်​ဟု ထင်​ရှား​လျက်​ရှိ၏။ သစ်​တိုင်၌ ဆွဲ​ထား​ခြင်း ခံ​ရ​သော​သူ​တိုင်း ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်​သည်​ဟု ကျမ်း​စာ​လာ​သည်​နှင့် အ​ညီ၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကြောင့် ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်၍၊ ငါ​တို့​ကို ပ​ညတ်​တ​ရား၏​ကျိန်​ခြင်း​မှ ရွေး​နုတ်​တော်​မူ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ