Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​သ​တာ 8:6

Judson Bible

ကျွန်​တော်​မ​အ​မျိုး​အ​ပေါ်​သို့ ရောက်​ရ​သော ဘေး​ကို​လည်း​ကောင်း၊ ကျွန်​တော်​မ​အ​မျိုး​သား​ချင်း ပျက်​စီး​သော အ​မှု​ကို​လည်း​ကောင်း၊ ကျွန်​တော်​မ​သည် ကြည့်​ရှု​ခြင်း​ငှာ၊ အ​ဘယ်​သို့ တတ်​နိုင်​ပါ​အံ့​နည်း​ဟု လျှောက်​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သူ​ငယ်​သည် ကျွန်​တော်၌​မ​ပါ​လျှင်၊ ကျွန်​တော်​အ​ဘ​ထံ​သို့ အ​ဘယ်​သို့​ကျွန်​တော်​သွား​နိုင်​ပါ​မည်​နည်း။ သို့​ပြု​လျှင် ကျွန်​တော်​အ​ဘ၌​ရောက်​လ​တ္တံ့​သော ဘေး​ဥ​ပဒ်​ကို ကျွန်​တော်​မြင်​ရ​ပါ​လိမ့်​မည်​တ​ကား​ဟု လျှောက်​လေ၏။

ငါ​သည် အ​လွန်​ကြောက်၍၊ ရှင်​ဘု​ရင် အ​သက်​တော် အ​စဉ်​အ​မြဲ​ရှင်​ပါ​စေ။ ကျွန်​တော်​ဘိုး​ဘေး သင်္ချိုင်း​ရှိ​ရာ​မြို့​သည် ပျက်​စီး​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍ ကုန်​ပြီ​ဖြစ်​သော​ကြောင့်၊ ကျွန်​တော်​သည် မျက်​နှာ​မ​ညှိုး​ငယ်​ဘဲ အ​ဘယ်​သို့ နေ​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​သော်၊

ကျွန်​တော်​မ​နှင့် ကျွန်​တော်​မ​အ​မျိုး​သား​ချင်း​တို့​ကို သတ်​ဖြတ် သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ ရောင်း​ပါ​ပြီ။ ကျွန်​ယောက်ျား ကျွန်​မိန်း​မ​ဖြစ်​စေ​ခြင်း​ငှာ ရောင်း​လျှင်၊ ရန်​သူ​သည် ရှင်​ဘု​ရင် အ​ကျိုး​နည်း​ခြင်း​အ​တွက် အ​ဖိုး​ကို​ပေး​နိုင်​သော်​လည်း၊ ကျွန်​တော်​မ တိတ်​ဆိတ်​စွာ နေ​ပါ​မည်​ဟု လျှောက်​လေ၏။

ရှင်​ဘု​ရင်​အ​မိန့်​တော်​အ​တိုင်း စီ​ရင်​ရ​သော​အ​ချိန်​နီး၍၊ ယု​ဒ​အ​မျိုး၏ ရန်​သူ​တို့​က၊ ငါ​တို့​နိုင်​မည်​ဟု မျှော်​လင့်​သော​နေ့၊ အ​မှု​ပြောင်း​လဲ၍ ယု​ဒ​လူ​တို့​သည် မ​နာ​လို​သော​သူ​တို့​ကို နိုင်​သော နေ့​ရက်​တည်း​ဟူ​သော အာ​ဒါ​မည်​သော ဒွါ​ဒ​သ​မ​လ တစ်​ဆယ်​သုံး​ရက်​နေ့​တွင်၊

ငါ့​အ​သည်း​သည်​နာ၏။ ငါ့​အ​သည်း​သည် နာ၏။ ငါ့​နှ​လုံး​အ​ရေ​ဖျား​လည်း နာ၏။ ငါ့​အ​ထဲ၌ ငါ့​နှ​လုံး​ပူ​ဆွေး၏။ ငါ​သည် တိတ်​ဆိတ်​စွာ မ​နေ​နိုင်။ အ​ကြောင်း​မူ​ကား၊ အို ငါ့​ဝိ​ညာဉ်၊ သင်​သည် တံ​ပိုး​မှုတ်​သံ​နှင့် စစ်​တိုက်​သံ​ကို ကြား​ရ၏။

ငါ၏​လူ​မျိုး​သ​တို့​သ​မီး​နှင့်​ဆိုင်​သော အ​သေ​ကောင်​များ​အ​တွက်၊ ငါ​သည်​နေ့​ည​မ​ပြတ် ငို​ရ​မည်​အ​ကြောင်း၊ ငါ့​ဦး​ခေါင်း​သည် ရေ​သက်​သက်၊ ငါ့​မျက်​စိ​တို့​သည် မျက်​ရည်​ထွက်​သော​စမ်း​ဖြစ်​ပါ​စေ​သော။

ညီ​အစ်​ကို​တို့၊ ဣ​သ​ရေ​လ​လူ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​စေ​ခြင်း​ငှာ၊ ငါ၏​စေ​တ​နာ​အ​လို​ရှိ၍ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​လေ့​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ