Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​သ​တာ 8:10

Judson Bible

ရှင်​ဘု​ရင် အာ​ရွှေ​ရု၏ အ​မိန့်​တော်​စာ​ကို​ရေး၍ ရှင်​ဘု​ရင်​လက်​စွပ်​တော်​နှင့် တံ​ဆိပ်​ခတ်​ပြီး​မှ၊ မြင်း၊ လား၊ ကု​လား​အုတ်၊ မြည်း​စီး​သော စာ​ပို့​လု​လင်​တို့​ဖြင့် ပေး​လိုက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အာ​ဟပ်​မင်း၏ အ​ခွင့်​နှင့်​စာ​ရေး၍ တံ​ဆိပ်​တော်​နှင့်​ခတ်​ပြီး​မှ၊ နာ​ဗုတ်​နေ​ရာ​မြို့၌ သူ​နှင့်​အ​တူ​နေ​သော အ​သက်​ကြီး​သူ​နှ​င့် မှူး​မတ်​များ​ထံ​သို့ ပေး​လိုက်​လေ၏။

မု​ယော​စ​ပါး​ကို​လည်း​ကောင်း၊ မြင်း​တော်​များ၊ လား​တော်​များ​ဖို့ မြက်​ခြောက်​ကို​လည်း​ကောင်း၊ အ​လှည့်​သင့်​သည်​အ​တိုင်း နေ​ရာ​အ​ရပ်​သို့ ဆောင်​ခဲ့​ရ​ကြ၏။

ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့​ပေး​လိုက်​သော​စာ​ကို စာ​ပို့​လု​လင်​တို့​သည်​ယူ၍၊ အ​မိန့်​တော်​အ​တိုင်း ဣ​သ​ရေ​လ​ပြည်​နှင့် ယု​ဒ​ပြည်​တစ်​လျှောက်​လုံး​သို့ ပြေး​ကြ၏။ စာ၌​ပါ​သော​စ​ကား​ဟူ​မူ​ကား၊ အို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့ ပြန်​လာ​ကြ​လော့။ အာ​ရှု​ရိ​ရှင်​ဘု​ရင်​တို့​လက်​မှ​လွတ်၍၊ ကျန်​ကြွင်း​သေး​သော​သူ​တို့​ရှိ​ရာ​သို့ ပြန်​လာ​တော်​မူ​မည်။

သို့​ရာ​တွင် ရှင်​ဘု​ရင်​လက်​စွပ်​နှင့် တံ​ဆိပ်​ခတ်​သော ရှင်​ဘု​ရင် အ​မိန့်​တော်​စာ​ကို အ​ဘယ်​သူ​မျှ မ​ပယ်​ရ​သည်​ဖြစ်၍၊ စိတ်​ရှိ​သည်​အ​တိုင်း ယု​ဒ​လူ​တို့​အ​ဖို့ အ​မိန့်​တော်​စာ​ကို တစ်​ဖန်​ရေး၍၊ လက်​စွပ်​တော်​နှင့် တံ​ဆိပ်​ခတ်​ရ​မည်​ဟု မိ​ဖု​ရား​ဧ​သ​တာ​နှင့် ယု​ဒ​လူ​မော်​ဒ​ကဲ​တို့​အား မိန့်​တော်​မူ၏။

တစ်​မြို့​မှ​တစ်​မြို့​သို့ စာ​ပို့​သော​လု​လင်​ထက်၊ ငါ့​နေ့​ရက်​တို့​သည် လျင်​မြန်၍၊ ကောင်း​ကျိုး​ကို​မ​ခံ​ရ​ဘဲ ပြေး​တတ်​ကြ၏။

ရှင်​ဘု​ရင်​အ​မိန့်​တော်၌ တန်​ခိုး​ပါ၏။ ကိုယ်​တော်​သည် အ​ဘယ်​သို့​ပြု​သ​နည်း​ဟု အ​ဘယ်​သူ ဆို​ရာ​သ​နည်း။

ကု​လား​အုတ်​များ​နှင့် မိ​ဒျန်​ပြည်၊ ဧ​ဖာ​ပြည်​မှ​ဖြစ်​သော ကု​လား​အုတ်​မျိုး​တို့​သည် သင့်​ကို နှံ့​ပြား​ကြ​လိမ့်​မည်။ ရှေ​ဘ​ပြည်​သား အ​ပေါင်း​တို့​သည် လာ​ကြ​လိမ့်​မည်။ ရွှေ​နှင့် လော​ဗန်​ကို​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​တို့​ကို ဝမ်း​မြောက်​စွာ ချီး​မွမ်း​ကြ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် စင်​ကြယ်​သော​ဖ​လား စ​သည်​တို့​နှင့်၊ ပူ​ဇော်​သ​ကာ​ကို ဗိ​မာန်​တော်​သို့ ဆောင်​ခဲ့​သ​ကဲ့​သို့၊ ထို​သူ​တို့​သည် သင်​တို့၏ ညီ​အစ်​ကို​အ​ပေါင်း​ကို မြင်း၊ ရ​ထား၊ ထမ်း​စင်၊ မြည်း၊ ကု​လား​အုတ်​ပေါ်၌​တင်၍၊ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ဖို့​ရာ၊ ခပ်​သိမ်း​သော အ​ပြည်​ပြည်​တို့​မှ ငါ၏​သန့်​ရှင်း​သော​တောင်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​က​လည်း၊ ငါ​သည် ညစ်​ညူး​ခြင်း​မ​ရှိ၊ ဗာ​လ​ဘု​ရား​တို့​နောက်​သို့ မ​လိုက်​ဟု အ​ဘယ်​သို့ ဆို​နိုင်​သ​နည်း။ ချိုင့်၌ သင်​လိုက်​သော​လမ်း​ကို ကြည့်​ရှု​လော့။ သင်​ပြု​သော​အ​မှု​တို့​ကို ဝန်​ခံ​လော့။ လျင်​မြန်​စွာ​ပြေး၍ လှည့်​လည်​တတ်​သော ကု​လား​အုတ်​မ ပါ​တ​ကား။

သင့်​ကို​ကိုင်၍ မြင်း​နှင့် မြင်း​စီး​သူ​ရဲ​ကို​လည်း​ကောင်း၊ ရ​ထား​နှင့် ရ​ထား​စီး​သူ​ရဲ​ကို​လည်း​ကောင်း ငါ​ချိုး​ဖဲ့​ပြီ။

ငါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး ကြား​မှာ​လိုက်​သည်။ မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​ရပ်​ရပ်​နေ၍ အ​သီး​သီး အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို ပြော​သော​လူ​မျိုး​တ​ကာ​တို့၊ သင်​တို့၌ ငြိမ်​ဝပ်​ချမ်း​သာ​ခြင်း များ​ပြား​စေ​သော။

သို့​ဖြစ်၍၊ အ​ရှင်​မင်း​ကြီး၊ အ​မိန့်​ရှိ​တော်​မူ​ပါ။ မ​ပြောင်း​လဲ​တတ်​သော မေ​ဒိ၊ ပေ​ရ​သိ​ဓ​မ္မ​သတ်​အ​တိုင်း အ​မိန့်​တော်​တည်​စေ​ခြင်း​ငှာ၊ တံ​ဆိပ်​ခတ်​တော်​မူ​ပါ​ဟု လျှောက်​ထား​ကြ​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ