Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​သ​တာ 8:1

Judson Bible

ထို​နေ့​ချင်း​တွင်၊ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည် ယု​ဒ​အ​မျိုး၏ ရန်​သူ​ဟာ​မန်​အိမ်​ကို မိ​ဖု​ရား​ဧ​သ​တာ​အား ပေး​တော်​မူ၏။ ဧ​သ​တာ​သည် မော်​ဒ​ကဲ​နှင့် အ​ဘယ်​သို့ ပေါက်​ဖော်​တော်​သည်​ကို ဧ​သ​တာ​လျှောက်​သ​ဖြင့်၊ မော်​ဒ​ကဲ​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့ ဝင်​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

မေ​ရက်၊ မာ​သေ​န၊ မ​မု​ကန်​တည်း​ဟူ​သော ရှင်​ဘု​ရင်၏ မျက်​နှာ​တော်​ကို အ​စဉ်​ဖူး​မြင်၍၊ နိုင်​ငံ​တော်​တွင် အ​မြတ်​ဆုံး​သော ပေ​ရ​သိ၊ မေ​ဒိ​အ​တွင်း​ဝန်​မင်း ခု​နစ်​ပါး​တို့​သည် အ​နား​တော်၌ ထိုင်​လျက်​ရှိ၍၊ တ​ရား​စီ​ရင်​ရာ​လမ်း​ကို လေ့​ကျက်​သော​သူ အ​ပေါင်း​တို့​နှင့် ရှင်​ဘု​ရင်​တိုင်​ပင်​သော ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ အ​ကျိုး​အ​ကြောင်း​ကို နား​လည်​သော ထို​ပ​ညာ​ရှိ​တို့​ကို​ခေါ်၍၊

မိ​မိ​သ​မီး​ကဲ့​သို့ မော်​ဒ​ကဲ​မွေး​မြူ​သော ဘ​ထွေး အ​ဘိ​ဟဲ​လ​သ​မီး ဧ​သ​တာ​သည် အ​လှည့်​သင့်၍၊ ရှင်​ဘု​ရင်​ထံ​သို့ ဝင်​ရ​သော​အ​ခါ၊ နန်း​တော်​မိန်း​မ​စိုး၊ အ​ပျို​တော်​အုပ် ဟေ​ဂဲ​စီ​ရင်​သော အ​ရာ​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ မ​တောင်း၊ ဧ​သ​တာ​ကို တွေ့​မြင်​သ​မျှ​သော​သူ​တို့​သည် ချစ်​တတ်​ကြ၏။

ထို​သူ​သည် ဘ​ထွေး​သ​မီး ဟ​ဒဿ​တည်း​ဟူ​သော ဧ​သ​တာ​ကို မွေး​မြူ၏။ ထို​သ​တို့​သ​မီး​သည် မိ​ဘ​မ​ရှိ၊ ပုံ​ပြင်​ယဉ်​ကျေး၍ အ​သွေး​အ​ဆင်း​လည်း လှ၏။ မိ​ဘ​သေ​သော​အ​ခါ၊ မော်​ဒ​ကဲ​သည် ယူ၍ ကိုယ်​သ​မီး​ကဲ့​သို့ မှတ်​သ​တည်း။

ဧ​သ​တာ​က၊ ရန်​ဘက်​ပြု​သော ရန်​သူ​သည် ဤ​ဆိုး​ညစ်​သော​ဟာ​မန် ဖြစ်​ပါ၏​ဟု​လျှောက်​သော်၊ ဟာ​မန်​သည် ရှင်​ဘု​ရင်​နှင့်​မိ​ဖု​ရား​ရှေ့​မှာ ကြောက်​ရွံ့​ခြင်း​သို့ ရောက်​လေ၏။

ရှင်​ဘု​ရင် အာ​ရွှေ​ရု​က​လည်း၊ ဟာ​မန်​သည် ယု​ဒ​လူ​တို့​ကို ထိ​ခိုက်​သော​ကြောင့်၊ သူ၏​အိမ်​ကို မိ​ဖု​ရား​ဧ​သ​တာ​အား ငါ​ပေး​ပြီ။ ထို​သူ​ကို​လည်း လည်​ဆွဲ​ချ​တိုင်၌ ကွပ်​မျက်​စေ​ပြီ။

အ​ကယ်​စင်​စစ်​လူ​သည် အ​ရိပ်၌​သာ ကျင်​လည်​ပါ၏။ အ​ကယ်​စင်​စစ် လူ​တို့​သည် အ​ကျိုး​မဲ့ ပင်​ပန်း​ကြ​ပါ၏။ ဥ​စ္စာ​ကို​ဆည်း​ပူး​သော်​လည်း အ​ဘယ်​သူ​ရ​အံ့​သည်​ကို မ​သိ​ရ​ပါ။

သူ​တော်​ကောင်း​သည် သား​မြေး​တို့​အ​ဖို့ အ​မွေ​ဥ​စ္စာ​ကို​ချန်​ထား​တတ်၏။ အ​ပြစ်​ရှိ​သော​သူ၏ စည်း​စိမ်​မူ​ကား၊ ဖြောင့်​မတ်​သော​သူ​တို့​အ​ဖို့ သို​ထား​လျက်​ရှိ၏။

အ​တိုး​စား၍ မ​တ​ရား​သော​အ​မြတ်​အား​ဖြင့် ဥ​စ္စာ​ကို​ဆည်း​ပူး​သော​သူ​သည် ဆင်း​ရဲ​သား​တို့​ကို သ​နား​သော​သူ​အ​ဖို့​သာ ဆည်း​ပူး​တတ်၏။

ထို​သို့ အ​ကြံ​ရှိ​စဉ်​တွင် ဘု​ရား​သ​ခင်​က၊ အ​ချင်း​လူ​မိုက်၊ ယ​နေ့​ည​ပင် သင်၏​ဝိ​ညာဉ်​ကို ရုပ်​သိမ်း​ရာ​အ​ချိန် ရောက်​လိမ့်​မည်။ သို့​ဖြစ်၍ သင်​သည် ပြင်​ဆင်​သို​ထား​သော ဥ​စ္စာ​ကို အ​ဘယ်​သူ​ပိုင်​မည်​နည်း​ဟု သူ​ဌေး​အား မိန့်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ