Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​သ​တာ 7:9

Judson Bible

မိန်း​မ​စိုး ဟာ​ဗော​န​က​လည်း၊ အ​ရှင်​မင်း​ကြီး၏ အ​ကျိုး​တော်​ကို​စောင့်၍ လျှောက်​ထား​သော မော်​ဒ​ကဲ​အ​ဖို့ ဟာ​မန်​လုပ်၍ အ​တောင်​ငါး​ဆယ်​မြင့်​သော လည်​ဆွဲ​ချ​တိုင်​သည်၊ ဟာ​မန်​အိမ်၌ စိုက်​ထား​လျက် ရှိ​ပါ၏​ဟု နား​တော်​လျှောက်​သော်၊ ထို​တိုင်၌ လည်​ဆွဲ​ချ​စေ​ဟု ရှင်​ဘု​ရင်​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ယေ​ဟု​သည် မျှော်​ကြည့်၍၊ ငါ့​ဘက်​မှာ​အ​ဘယ်​သူ​နေ​သ​နည်း။ အ​ဘယ်​သူ​ဟု မေး​လေ​သော်၊ မိန်း​မ​စိုး နှစ်​ယောက်​သုံး​ယောက်​တို့​သည် ပြတင်း​ပေါက်​ထဲ​က ကြည့်​ရှု​ကြ၏။

မိ​ဖု​ရား​ဝါ​ရှ​တိ​သည် အ​ဆင်း​လှ​သော​ကြောင့်၊

ထို​အ​ခါ မ​ယား​ဇေ​ရက်​နှင့် အ​ဆွေ​ခင်​ပွန်း​ရှိ​သ​မျှ​တို့​က၊ အ​တောင်​ငါး​ဆယ်​မြင့်​သော လည်​ဆွဲ​ချ​တိုင်ကိုစိုက်ပါစေ။ ထိုတိုင်၌ မော်ဒကဲကိုလည်ဆွဲချစေ​မည်​အ​ကြောင်း နက်​ဖြန်​သံ​တော်​ဦး​တင်​လော့။ ထို​နောက်​မှ စိတ်​ရွှင်​လန်း​လျက် ရှင်​ဘု​ရင်​နှင့်​အ​တူ ပွဲ​သို့​ဝင်​လော့​ဟု ပြော​ဆို​သော​စ​ကား​ကို ဟာ​မန်​သည် နှစ်​သက်၍၊ လည်​ဆွဲ​ချ​တိုင်​ကို လုပ်​စေ၏။

ထို​သို့​ပြော​ဆို​စဉ်​တွင်၊ နန်း​တော်​မိန်း​မ​စိုး​တို့​သည် လာ၍ ဧ​သ​တာ​ပြင်​ဆင်​သော​ပွဲ​သို့ ဟာ​မန်​ကို အ​လျင်​အ​မြန် ခေါ်​သွား​ကြ၏။

ရှင်​ဘု​ရင် အာ​ရွှေ​ရု​ကို လုပ်​ကြံ​မည်​ဟု ရှာ​ကြံ​သော နန်း​တော်​မိန်း​မ​စိုး၊ တံ​ခါး​စောင့်​နှစ်​ယောက်၊ ဗိ​ဂ​သန်​နှင့် တေ​ရက်​အ​ကြံ​ကို မော်​ဒ​ကဲ​ဖော်​ပြ​ကြောင်း​ကို တွေ့​လျှင်၊

ရှင်​ဘု​ရင် အာ​ရွှေ​ရု​က​လည်း၊ ဟာ​မန်​သည် ယု​ဒ​လူ​တို့​ကို ထိ​ခိုက်​သော​ကြောင့်၊ သူ၏​အိမ်​ကို မိ​ဖု​ရား​ဧ​သ​တာ​အား ငါ​ပေး​ပြီ။ ထို​သူ​ကို​လည်း လည်​ဆွဲ​ချ​တိုင်၌ ကွပ်​မျက်​စေ​ပြီ။

ရှင်​ဘု​ရင်​မိန့်​တော်​မူ၍ ရှု​ရှန်​နန်း​တော်၌ အ​မိန့်​တော်​ကို ထုတ်​ပြီး​မှ၊ ဟာ​မန်​သား​တစ်​ကျိပ်​ကို ဆွဲ​ထား​ကြ၏။

ဧ​သ​တာ​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့​ဝင်၍ ယု​ဒ​လူ​တို့​တစ်​ဖက်၌ ဟာ​မန်​ကြံ​စည်​သော အ​ဓ​မ္မ​အ​ကြံ​ကို သူ၏​ခေါင်း​ပေါ်​သို့ ပြန်​ရောက်​စေ​မည်​အ​ကြောင်း၊ သူ​နှင့်​သူ၏​သား​တို့​ကို​လည်း လည်​ဆွဲ​ချ​တိုင်၌ ဆွဲ​ထား​စေ​မည် အ​ကြောင်း၊ အ​မိန့်​တော်​စာ​ကို ပေး​တော်​မူ​သည်​ဖြစ်၍​လည်း​ကောင်း၊

ထို​သို့ အ​ကျွန်ုပ်​သည်​လွန်​သွား​သော​အ​ခါ၊ မ​တ​ရား​သော​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ကျော့​ကွင်း​ထဲ​သို့ ကျ​ကြ​ပါ​စေ​သော။

ထို​သို့​သော​သူ​သည် အ​မှတ်​တ​မဲ့​ပျက်​စီး​ခြင်း​သို့ ရောက်​ပါ​စေ​သော။ မိ​မိ​ဝှက်​ထား​သော ကျော့​ကွင်း​သည် မိ​မိ​ကို ကျော့​မိ​ပါ​စေ​သော။ မိ​မိ​တွင်း​ထဲ​သို့ မိ​မိ​ကျ​ပါ​စေ​သော။

တစ်​ခ​ဏ​ချင်း​တွင် အ​ကျိုး​နည်း​ကြ​ပါ​ပြီ​တ​ကား။ ဘေး​ဥ​ပဒ်​များ​အား​ဖြင့် ရှင်း​ရှင်း​ပယ်​ပျောက်​လျက် ရှိ​ကြ​ပါ​ပြီ​တ​ကား။

ထို​နောက်၊ ဒံ​ယေ​လ၌ အ​ပြစ်​တင်​သော သူ​တို့​ကို ရှင်​ဘု​ရင်၏​အ​မိန့်​တော်​နှင့် ခေါ်၍၊ သား​မ​ယား​နှင့်​တ​ကွ ခြင်္သေ့​တွင်း​ထဲ​သို့ ချ​ပစ်​ကြ​လျှင်၊ မြေ​သို့​မ​ရောက်​မီ ခြင်္သေ့​တို့​သည်​နိုင်၍ သူ​တို့ အ​ရိုး​ရှိ​သ​မျှ​တို့​ကို ချိုး​ဖဲ့​ကြ၏။

ကိုယ်​တော်​မြတ်​မှ​တစ်​ပါး အ​ခြား​သော လူ​ကို​ဖြစ်​စေ၊ ဘု​ရား​ကို ဖြစ်​စေ၊ အ​ရက်​သုံး​ဆယ်​အ​တွင်း​တွင် ဆု​တောင်း​သော​သူ​မည်​သည်​ကို ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ချ​ပစ်​ရ​မည်​ဟု မ​ဖောက်​ပြန်​နိုင်​သော အ​မိန့်​တော်​မြတ်​ကို ထုတ်​စေ​ခြင်း​ငှာ နိုင်​ငံ​တော်​ဝန်​ကြီး၊ မြို့​ဝန်၊ စော်​ဘွား၊ တိုင်​ပင်​မှူး​မတ်၊ စစ်​ကဲ​အ​ပေါင်း​တို့​သည် အ​ညီ​အ​ညွတ် တိုင်​ပင်​ကြ​ပါ​ပြီ။

ထို​အ​ခါ ဒါ​ဝိဒ်​သည် ဓား​မ​ပါ​သော​ကြောင့် ပြေး၍ ဖိ​လိ​တ္တိ​လူ​ကို နင်း​လျက်၊ သူ၏​ဓား​ကို ဓား​အိမ်​မှ​နုတ်​ဆွဲ​ပြီး​လျှင် လည်​ပင်း​ကို​ဖြတ်၍ အ​ပြီး​သတ်​လေ၏။ ဖိ​လိ​တ္တိ​လူ​တို့​သည် သူ​တို့၏ သူ​ရဲ​သေ​ကြောင်း​ကို​မြင်​သော​အ​ခါ ပြေး​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ