ဧသတာ 6:6Judson Bibleဟာမန်သည် ဝင်လျှင် ရှင်ဘုရင်က၊ ရှင်ဘုရင် ချီးမြှောက်လိုသောသူ၌ အဘယ်သို့ပြုသင့်သနည်းဟု မေးတော်မူလျှင်၊ ဟာမန်က ငါမှတစ်ပါး၊ ရှင်ဘုရင်သာ၍ ချီးမြှောက်လိုသောသူ တစ်စုံတစ်ယောက် ရှိနိုင်သလောဟု စိတ်ထဲမှာအောက်မေ့လျက်၊ အခန်းကိုကြည့်ပါ။ |
ထိုတန်ဆာတော်နှင့် မြင်းတော်ကို ဘုန်းကြီးသော မှူးတော်မတ်တော်တစ်ပါး၌ အပ်ပြီးမှ၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှာ၊ အလိုတော်ရှိသောသူကို ထိုအဝတ် တန်ဆာတော်နှင့် ဝတ်ဆင်စေ၍၊ မြင်းတော်ကို စီးစေပြီးလျှင်၊ မြို့တော်လမ်းမ၌ ဆောင်သွားလျက်၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှာ အလိုတော်ရှိသောသူ၌ ဤသို့ပြုရသည်ဟု သူ့ရှေ့မှာ ကြွေးကြော်ပါစေဟု ရှင်ဘုရင်အား ပြန်လျှောက်လေ၏။