Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​သ​တာ 6:4

Judson Bible

ရှင်​ဘု​ရင်​က​လည်း၊ တံ​တိုင်း​တွင်း၌ အ​ဘယ်​သူ​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ဟာ​မန်​သည် မိ​မိ​လုပ်​နှင့်​သော လည်​ဆွဲ​ချ​တိုင်၌ မော်​ဒ​ကဲ​ကို လည်​ဆွဲ​ချ​ရ​မည်​အ​ကြောင်း၊ နန်း​တော်​ပြင် တံ​တိုင်း​တွင်း​သို့ ဝင်​မိ​သည်​ဖြစ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ ရှင်​ဘု​ရင်​ခေါ်​တော်​မ​မူ​ဘဲ အ​တွင်း​တံ​တိုင်း၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ဝင်​မိ​သော​သူ​သည် အ​သက်​ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ ရွှေ​ရာ​ဇ​လှံ​တံ​ကို ကမ်း​တော်​မ​မူ​လျှင်၊ အ​မှန်​သေ​ရ​မည်​အ​ကြောင်း အ​မိန့်​တော်​ရှိ​သည်​ကို၊ ရှင်​ဘု​ရင်၏ ကျွန်​တော်​မျိုး​များ​နှင့် နိုင်​ငံ​တော် ပြည်​သူ​ပြည်​သား​များ​အ​ပေါင်း​တို့​သည် သိ​ကြ၏။ အ​ကျွန်ုပ်​ကို​ကား အ​ရက်​သုံး​ဆယ်​ပတ်​လုံး၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ခေါ်​တော်​မ​မူ​ဟု၊

သုံး​ရက်​မြောက်​သော​နေ့၌၊ ဧ​သ​တာ​သည် မိ​ဖု​ရား​အ​ဝတ်​တန်​ဆာ​ကို ဝတ်​ဆင်၍၊ နန်း​တော် အ​ဆောင်​မ တစ်​ဖက်​တစ်​ချက်၊ နန်း​တော်​အ​တွင်း တံ​တိုင်း​ထဲ​မှာ ရပ်​နေ၏။ ရှင်​ဘု​ရင်​သည် နန်း​တော်​တံ​ခါး တစ်​ဖက်​တစ်​ချက်၊ နန်း​တော်​ထဲ၊ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​တော်​မူ၏။

ထို​အ​ခါ မ​ယား​ဇေ​ရက်​နှင့် အ​ဆွေ​ခင်​ပွန်း​ရှိ​သ​မျှ​တို့​က၊ အ​တောင်​ငါး​ဆယ်​မြင့်​သော လည်​ဆွဲ​ချ​တိုင်ကိုစိုက်ပါစေ။ ထိုတိုင်၌ မော်ဒကဲကိုလည်ဆွဲချစေ​မည်​အ​ကြောင်း နက်​ဖြန်​သံ​တော်​ဦး​တင်​လော့။ ထို​နောက်​မှ စိတ်​ရွှင်​လန်း​လျက် ရှင်​ဘု​ရင်​နှင့်​အ​တူ ပွဲ​သို့​ဝင်​လော့​ဟု ပြော​ဆို​သော​စ​ကား​ကို ဟာ​မန်​သည် နှစ်​သက်၍၊ လည်​ဆွဲ​ချ​တိုင်​ကို လုပ်​စေ၏။

ရှင်​ဘု​ရင်​က၊ ထို​အ​ကြံ​ကို ဖော်​ပြ​သော​ကြောင့်၊ မော်​ဒ​ကဲ​အား အ​ဘယ်​ဆု အ​ဘယ်​အ​ရာ​ကို ပေး​ပြီ​နည်း​ဟု မေး​တော်​မူ​သော်၊ အ​ထံ​တော်၌ ခ​စား​သော ကျွန်​တော်​တို့​က၊ အ​ဘယ်​ဆု​ကို​မျှ ပေး​တော်​မ​မူ​ပါ​သေး​ဟု ပြန်​လျှောက်​ကြ၏။

ရှင်​ဘု​ရင်၏ ကျွန်​တို့​က၊ ဟာ​မန်​သည် တံ​တိုင်း​တော်​တွင်း၌​ရှိ​ပါ၏​ဟု လျှောက်​ကြ​သော်၊ အ​ထဲ​သို့​ဝင်​စေ​ဟု မိန့်​တော်​မူ၏။

မိန်း​မ​စိုး ဟာ​ဗော​န​က​လည်း၊ အ​ရှင်​မင်း​ကြီး၏ အ​ကျိုး​တော်​ကို​စောင့်၍ လျှောက်​ထား​သော မော်​ဒ​ကဲ​အ​ဖို့ ဟာ​မန်​လုပ်၍ အ​တောင်​ငါး​ဆယ်​မြင့်​သော လည်​ဆွဲ​ချ​တိုင်​သည်၊ ဟာ​မန်​အိမ်၌ စိုက်​ထား​လျက် ရှိ​ပါ၏​ဟု နား​တော်​လျှောက်​သော်၊ ထို​တိုင်၌ လည်​ဆွဲ​ချ​စေ​ဟု ရှင်​ဘု​ရင်​မိန့်​တော်​မူ၏။

ပ​ညာ​ရှိ​တို့​ကို သူ​တို့၏​ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး​တော်​မူ၏။ လှည့်​စား​တတ်​သော​သူ​တို့၏ တိုင်​ပင်​ခြင်း​ကို အ​ချည်း​နှီး ဖြစ်​စေ​တော်​မူ၏။

ကောင်း​ကင်​ဘုံ၌ ထိုင်​တော်​မူ​သော​သူ​သည် ပြုံး​ရယ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​ကဲ့​ရဲ့​တော်​မူ၏။

သေ​ဘေး​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ အ​စာ​ခေါင်း​ပါး​သည်​ကာ​လ၌ အ​သက်​ရှင်​မည်​အ​ကြောင်း၊ သူ​တို့​ကို​ကြည့်​ရှု​လျက် ရှိ​တော်​မူ၏။

ဆောင်​ရွက်​စ​ရာ​အ​မှု​ရှိ​သ​မျှ​ကို ကြိုး​စား​အား​ထုတ်၍ ဆောင်​ရွက်​လော့။ အ​ကြောင်း​မူ​ကား၊ သင်​ယ​ခု​သွား၍ ရောက်​ရ​လ​တ္တံ့​သော​အ​ရပ်​တည်း​ဟူ​သော မ​ရ​ဏ​နိုင်​ငံ၌ လုပ်​ဆောင်​ခြင်း​မ​ရှိ။ ကြံ​စည်​ခြင်း​မ​ရှိ။ သိ​ပ္ပံ​အ​တတ်​မ​ရှိ။ ပ​ညာ​မ​ရှိ​ပါ​တ​ကား။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ