ထိုအခါ မယားဇေရက်နှင့် အဆွေခင်ပွန်းရှိသမျှတို့က၊ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချတိုင်ကိုစိုက်ပါစေ။ ထိုတိုင်၌ မော်ဒကဲကိုလည်ဆွဲချစေမည်အကြောင်း နက်ဖြန်သံတော်ဦးတင်လော့။ ထိုနောက်မှ စိတ်ရွှင်လန်းလျက် ရှင်ဘုရင်နှင့်အတူ ပွဲသို့ဝင်လော့ဟု ပြောဆိုသောစကားကို ဟာမန်သည် နှစ်သက်၍၊ လည်ဆွဲချတိုင်ကို လုပ်စေ၏။