Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​သ​တာ 6:11

Judson Bible

ထို​အ​ခါ ဟာ​မန်​သည် အ​ဝတ်​တန်​ဆာ​တော်​နှင့် မြင်း​တော်​ကို​ယူ၍၊ မော်​ဒ​ကဲ​ကို ဝတ်​ဆင်​စေ​ပြီး​လျှင်၊ မြင်း​တော်​ကို​စီး​စေ​သ​ဖြင့်၊ မြို့​တော်​လမ်း​မ၌ ဆောင်​သွား​လျက် ရှင်​ဘု​ရင်​ချီး​မြှောက်​ခြင်း​ငှာ အ​လို​တော်​ရှိ​သော​သူ၌ ဤ​သို့​ပြု​ရ​သည်​ဟု သူ့​ရှေ့​မှာ ကြွေး​ကြော်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ဒါ​ရိ​မင်း​ကြီး​ပေး​လိုက်​သော အ​မိန့်​တော်​အ​တိုင်း၊ မြစ်​အ​နောက်​ဘက် မြို့​ဝန်​တာ​တ​နဲ၊ ရှေ​သာ​ဗော​ဇ​နဲ​နှင့် သူ​တို့​အ​ပေါင်း​အ​ဖော်​တို့​သည် အ​လျင်​အ​မြန်​ပြု​ကြ၏။

ထို​အ​ခါ ရှင်​ဘု​ရင်​က၊ သင်​ပြော​သည်​အ​တိုင်း အ​လျင်​အ​မြန်​သွား၍၊ အ​ဝတ်​တန်​ဆာ​နှင့် မြင်း​တော်​ကို​ယူ​ပြီး​လျှင်၊ ယု​ဒ​အ​မျိုး​သား၊ နန်း​တော်​တံ​ခါး​မှူး မော်​ဒ​ကဲ၌ ပြု​လော့။ သင်​ပြော​သ​မျှ​တွင်၊ တစ်​စုံ​တစ်​ခု​မျှ မ​လပ်​စေ​နှင့်​ဟု ဟာ​မန်​အား မိန့်​တော်​မူ၏။

သို့​ပြီး​မှ၊ မော်​ဒ​ကဲ​သည် နန်း​တော်​တံ​ခါး​သို့ ပြန်​လာ၏။ ဟာ​မန်​မူ​ကား ညည်း​တွား​လျက် ခေါင်း​ကို​ခြုံ​လျက်၊ မိ​မိ​အိမ်​သို့ အ​လျင်​အ​မြန်​သွား​ပြီး​လျှင်၊

မော်​ဒ​ကဲ​သည်​လည်း၊ မင်း​မြောက်​တန်​ဆာ တည်း​ဟူ​သော အ​ဝတ်​အ​ဖြူ​အ​ပြာ​ကို ဝတ်​ဆင်​လျက်၊ ကြီး​စွာ​သော ရွှေ​သ​ရ​ဖူ​ကို ဆောင်း​လျက်၊ ပိတ်​ချော​နှင့် မောင်း​သော​အ​ထည်​ဖြင့်​ပြီး​သော ဝတ်​လုံ​ကို​ခြုံ​လျက်၊ ရှင်​ဘု​ရင်​ထံ​တော်​မှ ထွက်​သွား၍၊

အ​ပြည်​ပြည်​ကို အုပ်​စိုး​သော​မင်း၊ ကိုယ်​စား​တော်​မင်း၊ မြို့​ဝန်​မင်း၊ အ​မှု​တော်​စောင့် အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် မော်​ဒ​ကဲ​ကို ကြောက်​ရွံ့​သော​ကြောင့်၊ ယု​ဒ​လူ​တို့​ကို မ​စ​ကြ၏။

သင်္ဘော​သ​ဖန်း​ပင်​ကို စောင့်​သော​သူ​သည် သင်္ဘော​သ​ဖန်း​သီး​ကို စား​ရ၏။ ထို​နည်း​တူ၊ သ​ခင်​အ​မှု​ကို ဆောင်​ရွက်​သော​သူ​သည် ဂုဏ်​အ​သ​ရေ​ကို​ရ​တတ်၏။

သင့်​ကို ညှဉ်း​ဆဲ​သော​သူ​တို့၏​သား​တို့​သည် သင့်​ထံ​သို့​လာ၍ ဦး​ချ​ကြ​လိမ့်​မည်။ သင့်​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ အ​ပေါင်း​တို့​သည် သင်၏​ခြေ​ရင်း၌ ဝပ်​နေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​မြို့၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား၏ ဇိ​အုန်​မြို့​ဟူ၍၊ သင့်​ကို သ​မုတ်​ကြ​လိမ့်​မည်။

ဘု​ရင်​တို့​ကို ရာ​ဇ​ပ​လ္လင်​ပေါ်​မှ​ချ၍ နှိမ့်​ချ​သော​သူ​တို့​ကို ချီး​မြှောက်​တော်​မူ​ပြီ။-

ငါ၏​နာ​မ​ကို​လည်း မ​စွန့်​မ​ပယ်။ ယု​ဒ​လူ ဖြစ်​ယောင်​ဆောင်၍ အ​မှန်​မ​ဟုတ်​ဘဲ၊ မု​သား​စ​ကား​ကို ပြော​သော​သူ​တည်း​ဟူ​သော၊ စာ​တန်၏ အ​ပေါင်း​အ​သင်း​ဝင်​သူ အ​ချို့​တို့​ကို သင်၌​ငါ​အပ်​ပေး​မည်။ သူ​တို့​သည်​လာ၍ သင်၏​ခြေ​ရင်း၌ ပျပ်​ဝပ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို​ချစ်​သည်​ဟု သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​ပြု​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ