Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​သ​တာ 5:6

Judson Bible

တစ်​ဖန် စ​ပျစ်​ရည်​သောက်​ပွဲ​ခံ​စဉ်၊ ရှင်​ဘု​ရင်​က၊ သင်​သည် အ​ဘယ်​သို့ အ​လို​ရှိ​သ​နည်း။ အ​လို​ရှိ​သည်​အ​တိုင်း ငါ​ပေး​မည်။ အ​ဘယ်​ဆု​ကို တောင်း​ချင်​သ​နည်း။ တောင်း​သ​မျှ​ကို နိုင်​ငံ​တော်​တစ်​ဝက်​တိုင်​အောင် ငါ​ပေး​မည်​ဟု ဧ​သ​တာ​အား​မိန့်​တော်​မူ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​က၊ အ​ဘယ်​သို့ တောင်း​လျှောက်​ချင်​သ​နည်း​ဟု မေး​တော်​မူ၏။ ငါ​က​လည်း အ​ရှင်​မင်း​ကြီး အ​လို​တော်​ရှိ၍ ကျွန်​တော်​ကို စိတ်​နှင့်​တွေ့​တော်​မူ​လျှင်၊ ကျွန်​တော်​ဘိုး​ဘေး သင်္ချိုင်း​ရှိ​ရာ​မြို့​ကို ကျွန်​တော်​ပြု​စု​ရ​မည်​အ​ကြောင်း၊ ယု​ဒ​ပြည်​သို့ စေ​လွှတ်​တော်​မူ​ပါ​ဟု ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်​အား ဆု​တောင်း​ပြီး​မှ လျှောက်​လေ၏။

ရှင်​ဘု​ရင်​က​လည်း၊ မိ​ဖု​ရား​ဧ​သ​တာ၊ သင်​သည် အ​ဘယ်​အ​လို​ရှိ​သ​နည်း။ အ​ဘယ်​ဆု​ကို တောင်း​ချင်​သ​နည်း။ တောင်း​သ​မျှ​ကို နိုင်​ငံ​တော် တစ်​ဝက်​တိုင်​အောင် ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​လျှင်၊

ဧ​သ​တာ​က၊ ကျွန်​တော်​မ​အ​လို​ရှိ၍ ကျွန်​တော်​မ​တောင်း​ချင်​သော​ဆု ဟူ​မူ​ကား၊

ဒု​တိ​ယ​နေ့​ရက်၌ စ​ပျစ်​ရည်​သောက်​ပွဲ​ခံ​စဉ်၊ ရှင်​ဘု​ရင်​က မိ​ဖု​ရား​ဧ​သ​တာ၊ သင်​သည် အ​ဘယ်​အ​လို​ရှိ​သ​နည်း။ အ​လို​ရှိ​သည်​အ​တိုင်း ငါ​ပေး​မည်။ အ​ဘယ်​ဆု​ကို တောင်း​ချင်​သ​နည်း။ တောင်း​သ​မျှ​ကို နိုင်​ငံ​တော် တစ်​ဝက်​တိုင်​အောင် ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​လျှင်၊

ရှင်​ဘု​ရင်​သည် မိ​ဖု​ရား​ဧ​သ​တာ​ကို ခေါ်၍၊ ယု​ဒ​လူ​တို့​သည် ရှု​ရှန်​မြို့​တော်၌ ဟာ​မန်​သား​တစ်​ကျိပ်​နှင့်​တ​ကွ လူ​ငါး​ရာ​တို့​ကို လုပ်​ကြံ​သတ်​ဖြတ် ကြ​ပြီ။ နိုင်​ငံ​တော်​တွင် အ​ခြား​သော အ​ပြည်​ပြည်​တို့၌ အ​ဘယ်​သို့ ပြု​ကြ​ပြီ​နည်း။ သင်​သည် အ​ဘယ်​အ​လို ရှိ​သေး​သ​နည်း။ အ​လို​ရှိ​သည်​အ​တိုင်း ငါ​ပြု​မည်။ အ​ဘယ်​ဆု​ကို တောင်း​ချင်​သေး​သ​နည်း။ တောင်း​သ​မျှ​ကို ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​လျှင်၊

တစ်​ဖန်​လည်း၊ သင်​တောင်း​သ​မျှ​ကို ငါ့​နိုင်​ငံ တစ်​ဝက်​တိုင်​အောင် ငါ​ပေး​မည်​ဟု ကျိန်​ဆို​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ