ဧသတာ 5:4Judson Bibleဧသတာက၊ အရှင်မင်းကြီး အလိုတော်ရှိလျှင်၊ အရှင်မင်းကြီးအဖို့ ကျွန်တော်မပြင်ဆင်သောပွဲသို့ ဟာမန်နှင့်တကွ ယနေ့ ကြွတော်မူပါဟု လျှောက်သော်၊ အခန်းကိုကြည့်ပါ။ |
ကျွန်တော်မကို အရှင်မင်းကြီး၏စိတ်နှင့် တွေ့တော်မူလျှင်လည်းကောင်း၊ ကျွန်တော်မအလိုရှိ၍ ကျွန်တော်မတောင်းချင်သောဆုကို ပေးသနားခြင်းငှာ အရှင်မင်းကြီး အလိုတော်ရှိလျှင်လည်းကောင်း၊ ကျွန်တော်မပြင်ဆင်သောပွဲသို့ အရှင်မင်းကြီးသည် ဟာမန်နှင့်တကွ တစ်ဖန်ကြွတော်မူပါ။ အမိန့်တော်ရှိသည်အတိုင်း နက်ဖြန်နေ့၌ ကျွန်တော်မပြုပါမည်ဟု ပြန်လျှောက်လေ၏။