Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​သ​တာ 5:2

Judson Bible

မိ​ဖု​ရား​ဧ​သ​တာ​သည် တံ​တိုင်း​တော်​ထဲ​မှာ ရပ်​နေ​သည်​ကို ရှင်​ဘု​ရင်​သည်​မြင်​လျှင်၊ နူး​ညွတ်​သော​စိတ်​ရှိ၍ လက်​တော်၌​ပါ​သော ရွှေ​ရာ​ဇ​လှံ​တံ​ကို၊ ဧ​သ​တာ​သို့ ကမ်း​တော်​မူ​သ​ဖြင့်၊ ဧ​သ​တာ​သည် ချဉ်း​ကပ်၍ ရာ​ဇ​လှံ​တံ​တော်​အထွတ်​ကို တို့​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

နောင်၌ သင်၏​အ​မည်​ကို​ယာ​ကုပ်​ဟူ၍ မ​ခေါ်​ရ။ ဣ​သ​ရေ​လ​ဟူ၍​ခေါ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည်​ဘု​ရား​သ​ခင်​နှင့်​လည်း​ကောင်း၊ လူ​နှင့်​လည်း​ကောင်း၊ မင်း​ကဲ့​သို့​ပြိုင်၍ နိုင်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။

အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ကျွန်​ပြု​သော ပ​တ္ထ​နာ​စ​ကား​နှင့် နာ​မ​တော်​ကို ရို​သေ​ချင်​သော ကျွန်​တော်​များ​ပြု​သော ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်​ကို ယ​နေ့ ကောင်​ချီး​ပေး​တော်​မူ​ပါ။ ဤ​လူ​ရှေ့​မှာ မျက်​နှာ​ရ​ပါ​မည်​အ​ကြောင်း ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။ ထို​အ​ခါ ငါ​သည် ရှင်​ဘု​ရင်၏ ဖ​လား​တော်​ကိုင် ဖြစ်​သ​တည်း။

ဧ​သ​တာ​သည် ဟေ​ဂဲ​စိတ်​နှင့်​တွေ့၍ မျက်​နှာ​ရ​သ​ဖြင့်၊ ဟေ​ဂဲ​သည် စင်​ကြယ်​စေ​သော​ဆေး​မျိုး​နှင့် ပေး​ရ​သော အ​ဝတ်​အ​စား​ကို အ​လျင်​အ​မြန်​ပေး၏။ နန်း​တော်၌ ရွေး​ကောက်​သော ကျွန်​မ​ခု​နစ်​ယောက်​တို့​ကို​လည်း ပေး၍၊ ဧ​သ​တာ​နှင့် သူ၏​ကျွန်​မ​တို့​ကို အ​ပျို​တော်​နန်း​တွင် အ​မြတ်​ဆုံး​သော​နေ​ရာ၌ ချီး​မြှောက်​လေ၏။

ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ ရှင်​ဘု​ရင်​ခေါ်​တော်​မ​မူ​ဘဲ အ​တွင်း​တံ​တိုင်း၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ဝင်​မိ​သော​သူ​သည် အ​သက်​ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ ရွှေ​ရာ​ဇ​လှံ​တံ​ကို ကမ်း​တော်​မ​မူ​လျှင်၊ အ​မှန်​သေ​ရ​မည်​အ​ကြောင်း အ​မိန့်​တော်​ရှိ​သည်​ကို၊ ရှင်​ဘု​ရင်၏ ကျွန်​တော်​မျိုး​များ​နှင့် နိုင်​ငံ​တော် ပြည်​သူ​ပြည်​သား​များ​အ​ပေါင်း​တို့​သည် သိ​ကြ၏။ အ​ကျွန်ုပ်​ကို​ကား အ​ရက်​သုံး​ဆယ်​ပတ်​လုံး၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ခေါ်​တော်​မ​မူ​ဟု၊

ရှင်​ဘု​ရင်​သည် ရွှေ​ရာ​ဇ​လှံ​တံ​ကို ဧ​သ​တာ​သို့ ကမ်း​တော်​မူ​သ​ဖြင့်၊ ဧ​သ​တာ​သည်​ထ၍ ရှင်​ဘု​ရင်​ရှေ့​တော်၌ ရပ်​လျက်၊

ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တောင်း​ပန်​ခြင်း​အ​သံ​ကို ကြား၍၊

ရှင်​ဘု​ရင်၏​စိတ်​နှ​လုံး​သည် ရေ​ချောင်း​ကဲ့​သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်၌​ရှိ​သ​ဖြင့်၊ အ​လို​တော်​ရှိ​သည်​အ​တိုင်း လှည့်​စေ​တော်​မူ၏။

ကောင်း​ကင်​တ​မန်​ကို စေ့​စေ့​ကြည့်​လျှင် ထိတ်​လန့်​ခြင်း​ရှိ​သည် ဖြစ်၍၊ သ​ခင်၊ အ​ဘယ်​အ​ခင်း​ရှိ​ပါ​သ​နည်း​ဟု မေး​သော်၊ ကောင်း​ကင်​တ​မန်​က၊ သင်​ပြု​သော​ဆု​တောင်း​ပ​တ္ထ​နာ​နှင့် စွန့်​ကြဲ​ပေး​ကမ်း​ခြင်း​တို့​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အောက်​မေ့​စ​ရာ​ဖို့ တက်​ကြ​ပြီ။-

အ​လုံး​စုံ​သော ဒု​က္ခ​ဆင်း​ရဲ​ထဲ​မှ ကယ်​နုတ်၍၊ အဲ​ဂု​တ္တု​ပြည်​ကို အ​စိုး​ရ​သော ဖာ​ရော​ဘု​ရင်​ထံ၌ မျက်​နှာ​ပွင့်​လန်း​ခြင်း​နှင့် ပ​ညာ​အ​တတ်​ကို​ပေး​တော်​မူ​သ​ဖြင့်၊ ထို​မင်း​ကြီး​သည် အဲ​ဂု​တ္တု​နိုင်​ငံ​အုပ်​အ​ရာ၊ နန်း​တော်​အုပ်​အ​ရာ၌ ယော​သပ်​ကို​ခန့်​ထား​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ