Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​သ​တာ 4:6

Judson Bible

ဟာ​တက်​သည် မော်​ဒ​ကဲ​ရှိ​ရာ နန်း​တော်​တံ​ခါး​ရှေ့၊ မြို့​တော်​လမ်း​သို့​သွား၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​အ​မိန့်​တော်​စာ ရောက်​လေ​သော အ​ပြည်​ပြည်​တို့၌ ယု​ဒ​လူ​တို့​သည် အ​လွန်​ညည်း​တွား​ခြင်း၊ အ​စာ​ရှောင်​ခြင်း၊ ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု၍၊ လူ​များ​တို့​သည် ပြာ​နှင့်​လျှော်​တေ​အ​ဝတ်၌ အိပ်​ကြ၏။

တစ်​ဖန် ဧ​သ​တာ​သည် ရှင်​ဘု​ရင်​အ​မိန့်​တော်​နှင့် ခ​စား​သော မိန်း​မ​စိုး​ဟာ​တက်​ကို ခေါ်၍၊ အ​ဘယ်​အ​မှု ရှိ​သ​နည်း။ အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း​ဟု မော်​ဒ​ကဲ​ကို မေး​စေ​ခြင်း​ငှာ စေ​လွှတ်​သည်​အ​တိုင်း၊

မော်​ဒ​ကဲ​သည် မိ​မိ၌​ရောက်​သော​အ​မှု ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ဟာ​မန်​သည် ယု​ဒ​လူ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ ငွေ​မည်​မျှ​ကို ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​သို့ သွင်း​ပါ​မည်​ဟု က​တိ​ထား​ကြောင်း​ကို​လည်း​ကောင်း ကြား​ပြော​လျက်၊

ဒု​တိ​ယ​နေ့​ရက်၌ စ​ပျစ်​ရည်​သောက်​ပွဲ​ခံ​စဉ်၊ ရှင်​ဘု​ရင်​က မိ​ဖု​ရား​ဧ​သ​တာ၊ သင်​သည် အ​ဘယ်​အ​လို​ရှိ​သ​နည်း။ အ​လို​ရှိ​သည်​အ​တိုင်း ငါ​ပေး​မည်။ အ​ဘယ်​ဆု​ကို တောင်း​ချင်​သ​နည်း။ တောင်း​သ​မျှ​ကို နိုင်​ငံ​တော် တစ်​ဝက်​တိုင်​အောင် ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​လျှင်၊

ရှင်​ဘု​ရင်​သည် မိ​ဖု​ရား​ဧ​သ​တာ​ကို ခေါ်၍၊ ယု​ဒ​လူ​တို့​သည် ရှု​ရှန်​မြို့​တော်၌ ဟာ​မန်​သား​တစ်​ကျိပ်​နှင့်​တ​ကွ လူ​ငါး​ရာ​တို့​ကို လုပ်​ကြံ​သတ်​ဖြတ် ကြ​ပြီ။ နိုင်​ငံ​တော်​တွင် အ​ခြား​သော အ​ပြည်​ပြည်​တို့၌ အ​ဘယ်​သို့ ပြု​ကြ​ပြီ​နည်း။ သင်​သည် အ​ဘယ်​အ​လို ရှိ​သေး​သ​နည်း။ အ​လို​ရှိ​သည်​အ​တိုင်း ငါ​ပြု​မည်။ အ​ဘယ်​ဆု​ကို တောင်း​ချင်​သေး​သ​နည်း။ တောင်း​သ​မျှ​ကို ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ