Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​သ​တာ 4:11

Judson Bible

ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ ရှင်​ဘု​ရင်​ခေါ်​တော်​မ​မူ​ဘဲ အ​တွင်း​တံ​တိုင်း၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ဝင်​မိ​သော​သူ​သည် အ​သက်​ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ ရွှေ​ရာ​ဇ​လှံ​တံ​ကို ကမ်း​တော်​မ​မူ​လျှင်၊ အ​မှန်​သေ​ရ​မည်​အ​ကြောင်း အ​မိန့်​တော်​ရှိ​သည်​ကို၊ ရှင်​ဘု​ရင်၏ ကျွန်​တော်​မျိုး​များ​နှင့် နိုင်​ငံ​တော် ပြည်​သူ​ပြည်​သား​များ​အ​ပေါင်း​တို့​သည် သိ​ကြ၏။ အ​ကျွန်ုပ်​ကို​ကား အ​ရက်​သုံး​ဆယ်​ပတ်​လုံး၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ခေါ်​တော်​မ​မူ​ဟု၊

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ဝါ​ရှ​တိ​သည် အ​ရှင်​မင်း​ကြီး အာ​ရွှေ​ရု​ထံ​တော်​သို့ နောက်​တစ်​ဖန် မ​ဝင်​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ​လျှင် မ​ဝင်​စေ​နှင့်​ဟု မိန့်​တော်​မူ​ပါ။ မ​ပြောင်း​လဲ​နိုင်​သော အ​မိန့်​တော်​ရှိ​စေ​ခြင်း​ငှာ ပေ​ရ​သိ၊ မေ​ဒိ​ဓ​မ္မ​သတ်၌​သွင်း၍ ရေး​စေ​တော်​မူ​ပါ။ ဝါ​ရှ​တိ​ထက် ကောင်း​သော မိန်း​မ​ကို​လည်း မိ​ဖု​ရား​အ​ရာ၌ ချီး​မြှောက်​တော်​မူ​ပါ။

ညဉ့်​ဦး​အ​ချိန်၌​ဝင်၍ နံ​နက်​အ​ချိန်၌ နန်း​တော်​မိန်း​မ​စိုး၊ မောင်း​မ​မိဿံ​အုပ်၊ ရှာ​ရ​ဂါ​ဇ​စောင့် ဒု​တိ​ယ​မိန်း​မ​နန်း​သို့ ပြန်​ရ၏။ ရှင်​ဘု​ရင်​ချစ်၍ နာ​မည်​အား​ဖြင့် ခေါ်​တော်​မ​မူ​လျှင် နောက်​တစ်​ဖန် အ​ထံ​တော်​သို့​မ​ဝင်​ရ။

တစ်​ဖန် ဧ​သ​တာ​သည် ဟာ​တက်​အား​ဖြင့်၊ မော်​ဒ​ကဲ​ကို မှာ​လိုက်​သည်​ကား၊

ဧ​သ​တာ​စ​ကား​ကို မော်​ဒ​ကဲ​အား ပြန်​ပြော​သော​အ​ခါ၊ မော်​ဒ​ကဲ​က၊ အ​ခြား​သော ယု​ဒ​လူ အ​သက်​မ​လွတ်​လျှင်၊

ရှင်​ဘု​ရင်​က​လည်း၊ တံ​တိုင်း​တွင်း၌ အ​ဘယ်​သူ​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ဟာ​မန်​သည် မိ​မိ​လုပ်​နှင့်​သော လည်​ဆွဲ​ချ​တိုင်၌ မော်​ဒ​ကဲ​ကို လည်​ဆွဲ​ချ​ရ​မည်​အ​ကြောင်း၊ နန်း​တော်​ပြင် တံ​တိုင်း​တွင်း​သို့ ဝင်​မိ​သည်​ဖြစ်၍၊

ရှင်​ဘု​ရင်​သည် ရွှေ​ရာ​ဇ​လှံ​တံ​ကို ဧ​သ​တာ​သို့ ကမ်း​တော်​မူ​သ​ဖြင့်၊ ဧ​သ​တာ​သည်​ထ၍ ရှင်​ဘု​ရင်​ရှေ့​တော်၌ ရပ်​လျက်၊

အိပ်​မက်​ကို ငါ့​အား​မ​ဖော်​မ​ပြ​လျှင်၊ သင်​တို့​သည် အ​ကြံ​တစ်​ခု​တည်း​သာ​ရှိ​သည်​ဖြစ်၍၊ ကာ​လ​ပြောင်း​လဲ​သည်​တိုင်​အောင်၊ ငါ့​ရှေ့၌ လျှောက်​စ​ရာ​ဖို့ ကောက်​ကျစ်​လိမ်​လစ်​သော​စ​ကား​ကို ပြင်​ဆင်​နှင့်​ကြ​ပြီ။ အိပ်​မက်​ကို ပြန်​ပြော​ကြ။ ထို​သို့​ပြော​လျှင်၊ အိပ်​မက်​အ​နက်​ကို ဖော်​ပြ​နိုင်​သည်​ကို ငါ​သိ​မည်​ဟု ပြန်၍​မိန့်​တော်​မူ၏။

ထို​နည်း​တူ၊ ယောက်ျား​တို့၊ ဆု​တောင်း​ခြင်း​အ​မှု၌ အ​ဆီး​အ​တား​မ​ရှိ​စေ​ခြင်း​ငှာ အ​သက်​ရှင်​ခြင်း​ကျေး​ဇူး​တော်​ကို ဆက်​ဆံ၍ အ​မွေ​ခံ​ရ​သော​သူ​ချင်း​ကဲ့​သို့၊ သ​တိ​ပ​ညာ​နှင့် လျော်​စွာ ကိုယ်​ခင်​ပွန်း​နှင့်​အ​တူ​နေ၍၊ အား​နည်း​သော​သူ​ကို ပြု​သင့်​သည်​အ​တိုင်း သူ့​ကို စောင့်​မ​ပြု​စု​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ