Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​သ​တာ 3:9

Judson Bible

ကိုယ်​တော်​သ​ဘော​တူ​လျှင် ထို​အ​မျိုး​ကို ဖျက်​ဆီး​စေ​ဟု အ​မိန့်​ရှိ​တော်​မူ​ပါ။ ထို​အ​မှု​ကို ဆောင်​ရွက်​သော သူ​တို့​သည် ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​သို့ ငွေ​အ​ခွက်​တစ်​သိန်း​ကို သွင်း​စေ​ခြင်း​ငှာ၊ ကျွန်​တော်​အပ်​ပေး​ပါ​မည်​ဟု လျှောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​သည်​လည်း၊ ဧ​ဖ​ရုန်​စ​ကား​ကို နား​ထောင်​သည်​ဖြစ်၍၊ ကုန်​သည်​သုံး​တတ်​သော​ငွေ​မျိုး၊ ဟေ​သ​အ​မျိုး​သား​ပ​ရိ​သတ်​ရှေ့၊ ဧ​ဖ​ရုန်​အ​ဖိုး​ဖြတ်​သည်​အ​တိုင်း၊ ငွေ​လေး​ပိဿာ​ကို​ချိန်၍၊ သူ့​အား​ပေး​လေ၏။

ရှင်​ဘု​ရင်​က​လည်း၊ ထို​ငွေ​ကို သင့်​အား​ငါ​ပေး၏။

တစ်​ဖန် ဟာ​မန်​သည် ရှင်​ဘု​ရင်​အာ​ရွှေ​ရု​ထံ​တော်​သို့ ဝင်၍၊ အ​ခြား​တစ်​ပါး​သော လူ​မျိုး​အ​ပေါင်း​တို့​နှင့် ကျင့်​ရာ​ထုံး​တမ်း​မ​တူ၊ အ​ရှင်​မင်း​ကြီး စီ​ရင်​တော်​မူ​ချက်​တို့​ကို နား​မ​ထောင်၊ နိုင်​ငံ​တော်​အ​တွင်း၊ တိုင်း​သူ​ပြည်​သား အ​မျိုး​မျိုး​တို့​တွင် အ​ရပ်​ရပ်​ကွဲ​ပြား​လျက်​နေ​သော လူ​မျိုး​တစ်​မျိုး​ရှိ​ပါ၏။ ထို​အ​မျိုး​ကို အ​ခွင့်​ပေး​တော်​မူ​ရာ၌ ကျေး​ဇူး​တော်​မ​ရှိ​ပါ။

မော်​ဒ​ကဲ​သည် မိ​မိ၌​ရောက်​သော​အ​မှု ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ဟာ​မန်​သည် ယု​ဒ​လူ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ ငွေ​မည်​မျှ​ကို ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​သို့ သွင်း​ပါ​မည်​ဟု က​တိ​ထား​ကြောင်း​ကို​လည်း​ကောင်း ကြား​ပြော​လျက်၊

ကျွန်​တော်​မ​နှင့် ကျွန်​တော်​မ​အ​မျိုး​သား​ချင်း​တို့​ကို သတ်​ဖြတ် သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ ရောင်း​ပါ​ပြီ။ ကျွန်​ယောက်ျား ကျွန်​မိန်း​မ​ဖြစ်​စေ​ခြင်း​ငှာ ရောင်း​လျှင်၊ ရန်​သူ​သည် ရှင်​ဘု​ရင် အ​ကျိုး​နည်း​ခြင်း​အ​တွက် အ​ဖိုး​ကို​ပေး​နိုင်​သော်​လည်း၊ ကျွန်​တော်​မ တိတ်​ဆိတ်​စွာ နေ​ပါ​မည်​ဟု လျှောက်​လေ၏။

ထို​အ​ခါ၊ ခါ​လ​ဒဲ​လူ​အ​ချို့​တို့​သည် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​ထံ​တော်​သို့ ချဉ်း​ကပ်​လျက်၊

စာ​ရင်း​ယူ​စဉ်​တွင်၊ ငွေ​အ​ခွက်​တစ်​သိန်း​ကြွေး​တင်​သော​သူ​တစ်​ယောက်​ကို ရှေ့​တော်​သို့​ဆောင်​ခဲ့​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ