ဧသတာ 2:7Judson Bibleထိုသူသည် ဘထွေးသမီး ဟဒဿတည်းဟူသော ဧသတာကို မွေးမြူ၏။ ထိုသတို့သမီးသည် မိဘမရှိ၊ ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်း လှ၏။ မိဘသေသောအခါ၊ မော်ဒကဲသည် ယူ၍ ကိုယ်သမီးကဲ့သို့ မှတ်သတည်း။ အခန်းကိုကြည့်ပါ။ |
ခုနစ်ရက်မြောက်သောနေ့၌ ရှင်ဘုရင်သည် စပျစ်ရည်သောက်၍ ရွှင်လန်းသောစိတ်ရှိသောအခါ၊ မိဖုရား အဆင်းလှခြင်း အသရေကို မင်းများနှင့်လူများတို့အား ပြလိုသောငှာ၊ မိဖုရားဝါရှတိကို ရာဇသရဖူဆောင်းစေ၍၊ အထံတော်သို့ ဆောင်ခဲ့ရမည်အကြောင်း၊ မဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာ၊ ကာကတ်တည်းဟူသော အမှုတော်ထမ်း မိန်းမစိုးခုနစ်ယောက်တို့ကို မိန့်တော်မူ၏။