ဧသတာ 2:2Judson Bibleအထံတော်၌ ခစားသော ကျွန်တော်တို့ကလည်း၊ အဆင်းလှသော သမီးကညာတို့ကို အရှင်မင်းကြီးအဖို့ ရှာရပါမည်အကြောင်း အခွင့်ပေးတော်မူပါ။ အခန်းကိုကြည့်ပါ။ |
မေရက်၊ မာသေန၊ မမုကန်တည်းဟူသော ရှင်ဘုရင်၏ မျက်နှာတော်ကို အစဉ်ဖူးမြင်၍၊ နိုင်ငံတော်တွင် အမြတ်ဆုံးသော ပေရသိ၊ မေဒိအတွင်းဝန်မင်း ခုနစ်ပါးတို့သည် အနားတော်၌ ထိုင်လျက်ရှိ၍၊ တရားစီရင်ရာလမ်းကို လေ့ကျက်သောသူ အပေါင်းတို့နှင့် ရှင်ဘုရင်တိုင်ပင်သော ထုံးစံရှိသည်အတိုင်း၊ အကျိုးအကြောင်းကို နားလည်သော ထိုပညာရှိတို့ကိုခေါ်၍၊
အဆင်းလှသော သမီးကညာအပေါင်းတို့ကို ရှုရှန်နန်းတော်တွင် အပျိုတော်နေရာသို့ စုဝေးစေ၍၊ နန်းတော်မိန်းမစိုး၊ အပျိုတော်အုပ်ဟေဂဲ၌ အပ်စေခြင်းငှာ၊ နိုင်ငံတော် အတိုင်းတိုင်းအပြည်ပြည် မင်းအရာရှိတို့ကို ခန့်ထားတော်မူပါ။ စင်ကြယ်စေခြင်းငှာ ဆေးမျိုးကို အပ်ပေးတော်မူပါ။