Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​သ​တာ 2:16

Judson Bible

ထို​သို့ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည် နန်း​စံ​ခု​နစ်​နှစ်၊ တေ​ဗက်​အ​မည်​ရှိ​သော ဒ​သ​မ​လ​တွင်၊ ဧ​သ​တာ​ကို နန်း​တော်၌ သိမ်း​တော်​မူ​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

အာ​ရွှေ​ရု​နန်း​ထိုင်​စ​က ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၌ အ​ပြစ်​တင်​သော​လွှာ​စာ​ကို ပေး​လိုက်​ကြ၏။

ရှင်​ဘု​ရင်​နန်း​စံ ခု​နစ်​နှစ်၊ ပ​ဥ္စ​မ​လ​တွင် ဧ​ဇ​ရ​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လေ၏။

တစ်​ဖန် ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည် စိတ်​တော်​ပြေ​သော​အ​ခါ၊ ဝါ​ရှ​တိ​ကို​လည်း​ကောင်း၊ သူ​ပြု​သော​အ​မှု​နှင့် သူ့​တစ်​ဖက်၌​စီ​ရင်​သော အ​မှု​ကို​လည်း​ကောင်း အောက်​မေ့​တော်​မူ၏။

မိ​မိ​သ​မီး​ကဲ့​သို့ မော်​ဒ​ကဲ​မွေး​မြူ​သော ဘ​ထွေး အ​ဘိ​ဟဲ​လ​သ​မီး ဧ​သ​တာ​သည် အ​လှည့်​သင့်၍၊ ရှင်​ဘု​ရင်​ထံ​သို့ ဝင်​ရ​သော​အ​ခါ၊ နန်း​တော်​မိန်း​မ​စိုး၊ အ​ပျို​တော်​အုပ် ဟေ​ဂဲ​စီ​ရင်​သော အ​ရာ​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ မ​တောင်း၊ ဧ​သ​တာ​ကို တွေ့​မြင်​သ​မျှ​သော​သူ​တို့​သည် ချစ်​တတ်​ကြ၏။

အ​ခြား​သော သ​မီး​က​ညာ​အ​ပေါင်း​တို့​ထက် ဧ​သ​တာ​သည် စိတ်​တော်​ကို​နူး​ညွတ်​စေ၍၊ အ​ထံ​တော်၌ မျက်​နှာ​ရ​သ​ဖြင့်၊ ရှင်​ဘု​ရင်​သည် အ​ခြား​သော မိန်း​မ​တ​ကာ​တို့​ကို ချစ်​သည်​ထက် ဧ​သ​တာ​ကို​သာ၍ ချစ်​သော​ကြောင့်၊ သူ့​ခေါင်း​ပေါ်​မှာ ရာ​ဇ​သ​ရ​ဖူ​ကို​တင်၍ မိ​ဖု​ရား​ဝါ​ရှ​တိ​အ​ရာ၌ ချီး​မြှောက်​တော်​မူ၏။

အ​ဆင်း​လှ​သော သ​မီး​က​ညာ​အ​ပေါင်း​တို့​ကို ရှု​ရှန်​နန်း​တော်​တွင် အ​ပျို​တော်​နေ​ရာ​သို့ စု​ဝေး​စေ၍၊ နန်း​တော်​မိန်း​မ​စိုး၊ အ​ပျို​တော်​အုပ်​ဟေ​ဂဲ၌ အပ်​စေ​ခြင်း​ငှာ၊ နိုင်​ငံ​တော် အ​တိုင်း​တိုင်း​အ​ပြည်​ပြည် မင်း​အ​ရာ​ရှိ​တို့​ကို ခန့်​ထား​တော်​မူ​ပါ။ စင်​ကြယ်​စေ​ခြင်း​ငှာ ဆေး​မျိုး​ကို အပ်​ပေး​တော်​မူ​ပါ။

ထို​အ​ခါ သိ​ဝန်​အ​မည်​ရှိ​သော တ​တိ​ယ​လ နှစ်​ဆယ်​သုံး​ရက်​နေ့​တွင်၊ စာ​ရေး​တော်​ကြီး​တို့​ကို ခေါ်၍၊ အိ​န္ဒိ​ယ​ပြည်​မှ ကု​ရှ​ပြည်​တိုင်​အောင် တိုင်း​ပြည်​တစ်​ရာ​နှစ်​ဆယ် ခု​နစ်​ပြည်​တို့၌​ရှိ​သော ယု​ဒ​လူ၊ ကိုယ်​စား​တော်​မင်း၊ အ​ပြည်​ပြည်​အုပ်​သော မြို့​ဝန်၊ မြို့​သူ​ကြီး​တို့​ကို မော်​ဒ​ကဲ မှာ​ထား​သ​မျှ​အ​တိုင်း၊ ယု​ဒ​ဘာ​သာ​စ​ကား​မှ​စ၍ လူ​အ​မျိုး​မျိုး ပြော​သော​စ​ကား အ​သီး​အ​သီး​အား​ဖြင့်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ