Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​သ​တာ 2:15

Judson Bible

မိ​မိ​သ​မီး​ကဲ့​သို့ မော်​ဒ​ကဲ​မွေး​မြူ​သော ဘ​ထွေး အ​ဘိ​ဟဲ​လ​သ​မီး ဧ​သ​တာ​သည် အ​လှည့်​သင့်၍၊ ရှင်​ဘု​ရင်​ထံ​သို့ ဝင်​ရ​သော​အ​ခါ၊ နန်း​တော်​မိန်း​မ​စိုး၊ အ​ပျို​တော်​အုပ် ဟေ​ဂဲ​စီ​ရင်​သော အ​ရာ​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ မ​တောင်း၊ ဧ​သ​တာ​ကို တွေ့​မြင်​သ​မျှ​သော​သူ​တို့​သည် ချစ်​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ညဉ့်​ဦး​အ​ချိန်၌​ဝင်၍ နံ​နက်​အ​ချိန်၌ နန်း​တော်​မိန်း​မ​စိုး၊ မောင်း​မ​မိဿံ​အုပ်၊ ရှာ​ရ​ဂါ​ဇ​စောင့် ဒု​တိ​ယ​မိန်း​မ​နန်း​သို့ ပြန်​ရ၏။ ရှင်​ဘု​ရင်​ချစ်၍ နာ​မည်​အား​ဖြင့် ခေါ်​တော်​မ​မူ​လျှင် နောက်​တစ်​ဖန် အ​ထံ​တော်​သို့​မ​ဝင်​ရ။

ထို​သို့ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည် နန်း​စံ​ခု​နစ်​နှစ်၊ တေ​ဗက်​အ​မည်​ရှိ​သော ဒ​သ​မ​လ​တွင်၊ ဧ​သ​တာ​ကို နန်း​တော်၌ သိမ်း​တော်​မူ​ပြီး​လျှင်၊

အ​ဆင်း​လှ​သော သ​မီး​က​ညာ​အ​ပေါင်း​တို့​ကို ရှု​ရှန်​နန်း​တော်​တွင် အ​ပျို​တော်​နေ​ရာ​သို့ စု​ဝေး​စေ၍၊ နန်း​တော်​မိန်း​မ​စိုး၊ အ​ပျို​တော်​အုပ်​ဟေ​ဂဲ၌ အပ်​စေ​ခြင်း​ငှာ၊ နိုင်​ငံ​တော် အ​တိုင်း​တိုင်း​အ​ပြည်​ပြည် မင်း​အ​ရာ​ရှိ​တို့​ကို ခန့်​ထား​တော်​မူ​ပါ။ စင်​ကြယ်​စေ​ခြင်း​ငှာ ဆေး​မျိုး​ကို အပ်​ပေး​တော်​မူ​ပါ။

ထို​နေ့​ချင်း​တွင်၊ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည် ယု​ဒ​အ​မျိုး၏ ရန်​သူ​ဟာ​မန်​အိမ်​ကို မိ​ဖု​ရား​ဧ​သ​တာ​အား ပေး​တော်​မူ၏။ ဧ​သ​တာ​သည် မော်​ဒ​ကဲ​နှင့် အ​ဘယ်​သို့ ပေါက်​ဖော်​တော်​သည်​ကို ဧ​သ​တာ​လျှောက်​သ​ဖြင့်၊ မော်​ဒ​ကဲ​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့ ဝင်​ရ၏။

ထို​အ​ခါ အ​ဘိ​ဟဲ​လ​သ​မီး မိ​ဖု​ရား​ဧ​သ​တာ​နှင့် ယု​ဒ​အ​မျိုး မော်​ဒ​ကဲ​တို့​သည်၊ ပု​ရ​နေ့​တို့​ကို မြဲ​မြံ​စွာ တည်​စေ​ခြင်း​ငှာ ကျပ်​တည်း​စွာ အာ​ဏာ​ထား၍ မှာ​စာ​ကို တစ်​ဖန်​ရေး​ထား​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ​ကို​သွန်​သင်​ခြင်း​ဖြစ်၏။ ဂုဏ်​အ​သ​ရေ​အ​ရင်၌ နှိမ့်​ချ​ခြင်း၏​နေ​ရာ​ရှိ၏။

ငါ့​ချိုး၊ ငါ၏​စုံ​လင်​သူ​သည် ငါ၌​တစ်​ပါး​တည်း​ရှိ၏။ ဖွား​မြင်​သော​မိ​ခင်၌ အ​ချစ်​ဆုံး​သော​သ​မီး​ဖြစ်၏။ လူ​မျိုး​သ​မီး​တို့​သည် သူ့​ကို​မြင်၍ ကောင်း​ချီး​ပေး​ကြ၏။ မိ​ဖု​ရား​များ​နှင့် မောင်း​မ​မိဿံ​များ​တို့​သည် ချီး​မွမ်း​ကြ၏။

ငါ​သည် မြို့​ရိုး​ဖြစ်၏။ ငါ့​သား​မြတ်​တို့​သည် ပြ​အိုး​ကဲ့​သို့​ဖြစ်​ကြ၏။ သို့​ဖြစ်၍၊ ရှေ့​တော်၌ မျက်​နှာ​ရ​သော​ကျေး​ဇူး​ရှိ၏။

အ​လုံး​စုံ​သော ဒု​က္ခ​ဆင်း​ရဲ​ထဲ​မှ ကယ်​နုတ်၍၊ အဲ​ဂု​တ္တု​ပြည်​ကို အ​စိုး​ရ​သော ဖာ​ရော​ဘု​ရင်​ထံ၌ မျက်​နှာ​ပွင့်​လန်း​ခြင်း​နှင့် ပ​ညာ​အ​တတ်​ကို​ပေး​တော်​မူ​သ​ဖြင့်၊ ထို​မင်း​ကြီး​သည် အဲ​ဂု​တ္တု​နိုင်​ငံ​အုပ်​အ​ရာ၊ နန်း​တော်​အုပ်​အ​ရာ၌ ယော​သပ်​ကို​ခန့်​ထား​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ