ဧသတာ 2:12Judson Bibleထိုအပျိုတော်တို့ ထုံးစံအတိုင်း၊ တစ်နှစ်စေ့သောအခါ တစ်ယောက်နောက်တစ်ယောက် အလှည့်သင့်သည်အတိုင်း၊ ရှင်ဘုရင်အာရွှေရုထံသို့ ဝင်ရ၏။ ခြောက်လပတ်လုံး မုရန်ဆီ၊ ခြောက်လပတ်လုံး နံ့သာမျိုး အစရှိသော စင်ကြယ်စေသော ဆေးမျိုးကိုသုံး၍၊ စင်ကြယ်ခြင်းအမှု ပြီးသည်တိုင်အောင် ထိုမျှကာလကို လွန်စေရ၏။ အခန်းကိုကြည့်ပါ။ |
အဆင်းလှသော သမီးကညာအပေါင်းတို့ကို ရှုရှန်နန်းတော်တွင် အပျိုတော်နေရာသို့ စုဝေးစေ၍၊ နန်းတော်မိန်းမစိုး၊ အပျိုတော်အုပ်ဟေဂဲ၌ အပ်စေခြင်းငှာ၊ နိုင်ငံတော် အတိုင်းတိုင်းအပြည်ပြည် မင်းအရာရှိတို့ကို ခန့်ထားတော်မူပါ။ စင်ကြယ်စေခြင်းငှာ ဆေးမျိုးကို အပ်ပေးတော်မူပါ။
ဧသတာသည် ဟေဂဲစိတ်နှင့်တွေ့၍ မျက်နှာရသဖြင့်၊ ဟေဂဲသည် စင်ကြယ်စေသောဆေးမျိုးနှင့် ပေးရသော အဝတ်အစားကို အလျင်အမြန်ပေး၏။ နန်းတော်၌ ရွေးကောက်သော ကျွန်မခုနစ်ယောက်တို့ကိုလည်း ပေး၍၊ ဧသတာနှင့် သူ၏ကျွန်မတို့ကို အပျိုတော်နန်းတွင် အမြတ်ဆုံးသောနေရာ၌ ချီးမြှောက်လေ၏။
မုရန်၊ လောဗန်အစရှိသော ကုန်သည်ရောင်းတတ်သော နံ့သာမှုန့်မျိုးကိုမီးရှို့၍၊ ထသော မီးခိုးတိုင်သဏ္ဌာန်ရှိလျက် တောထဲကလာသော ထိုသူကား၊ အဘယ်သူဖြစ်ပါလိမ့်မည်နည်း။ ရှောလမုန်မင်း၏ ယာဉ်ပျံတော်ကို ကြည့်ကြလော့။ သူရဲခြောက်ကျိပ်၊ ဣသရေလအမျိုးသားသူရဲ အခြွေအရံရှိကြ၏။