Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​သ​တာ 2:10

Judson Bible

ဧ​သ​တာ​သည် မိ​မိ​အ​မျိုး​နှင့် မိ​မိ​ဆွေ​ညာ​တ​ကာ​ကို မ​ဖော်​မ​ပြ​မည်​အ​ကြောင်း၊ မော်​ဒ​ကဲ သ​တိ​ပေး​သည်​အ​တိုင်း မ​ဖော်​မ​ပြ​ဘဲ နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ဧ​သ​တာ​သည် အ​ဘယ်​သို့​ရှိ​သည်​ကို​လည်း​ကောင်း၊ သူ၌ အ​ဘယ်​သို့ ပြု​ကြ​လိမ့်​မည်​ကို​လည်း​ကောင်း၊ မော်​ဒ​ကဲ​သည် သိ​ခြင်း​ငှာ အ​ပျို​တော်​နန်း​ဝင်း​ရှေ့​မှာ နေ့​တိုင်း​သွား​လာ၏။

ဧ​သ​တာ​သည် မော်​ဒ​ကဲ​ထံ မွေး​မြူ​ခြင်း​ကို​ခံ၍ နေ​စဉ်​အ​ခါ၊ သူ၏​စ​ကား​ကို နား​ထောင်​သည်​နည်း​တူ နား​ထောင်​သေး​သည်​ဖြစ်၍၊ မော်​ဒ​ကဲ​သ​တိ​ပေး​သည်​အ​တိုင်း၊ မိ​မိ​အ​မျိုး၊ မိ​မိ​ဆွေ​ညာ​တ​ကာ​တို့​ကို မ​ဖော်​မ​ပြ​ဘဲ နေ​သ​တည်း။

ထို​သူ​သည် ဘ​ထွေး​သ​မီး ဟ​ဒဿ​တည်း​ဟူ​သော ဧ​သ​တာ​ကို မွေး​မြူ၏။ ထို​သ​တို့​သ​မီး​သည် မိ​ဘ​မ​ရှိ၊ ပုံ​ပြင်​ယဉ်​ကျေး၍ အ​သွေး​အ​ဆင်း​လည်း လှ၏။ မိ​ဘ​သေ​သော​အ​ခါ၊ မော်​ဒ​ကဲ​သည် ယူ၍ ကိုယ်​သ​မီး​ကဲ့​သို့ မှတ်​သ​တည်း။

တစ်​ဖန် ဟာ​မန်​သည် ရှင်​ဘု​ရင်​အာ​ရွှေ​ရု​ထံ​တော်​သို့ ဝင်၍၊ အ​ခြား​တစ်​ပါး​သော လူ​မျိုး​အ​ပေါင်း​တို့​နှင့် ကျင့်​ရာ​ထုံး​တမ်း​မ​တူ၊ အ​ရှင်​မင်း​ကြီး စီ​ရင်​တော်​မူ​ချက်​တို့​ကို နား​မ​ထောင်၊ နိုင်​ငံ​တော်​အ​တွင်း၊ တိုင်း​သူ​ပြည်​သား အ​မျိုး​မျိုး​တို့​တွင် အ​ရပ်​ရပ်​ကွဲ​ပြား​လျက်​နေ​သော လူ​မျိုး​တစ်​မျိုး​ရှိ​ပါ၏။ ထို​အ​မျိုး​ကို အ​ခွင့်​ပေး​တော်​မူ​ရာ၌ ကျေး​ဇူး​တော်​မ​ရှိ​ပါ။

ကျွန်​တော်​မ​နှင့် ကျွန်​တော်​မ​အ​မျိုး​သား​ချင်း​တို့​ကို သတ်​ဖြတ် သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ ရောင်း​ပါ​ပြီ။ ကျွန်​ယောက်ျား ကျွန်​မိန်း​မ​ဖြစ်​စေ​ခြင်း​ငှာ ရောင်း​လျှင်၊ ရန်​သူ​သည် ရှင်​ဘု​ရင် အ​ကျိုး​နည်း​ခြင်း​အ​တွက် အ​ဖိုး​ကို​ပေး​နိုင်​သော်​လည်း၊ ကျွန်​တော်​မ တိတ်​ဆိတ်​စွာ နေ​ပါ​မည်​ဟု လျှောက်​လေ၏။

တော​ခွေး​စု​ထဲ​သို့ သိုး​တို့​ကို စေ​လွှတ်​သ​ကဲ့​သို့ သင်​တို့​ကို ငါ​စေ​လွှတ်၏။ ထို​ကြောင့် သင်​တို့​သည် မြွေ​ကဲ့​သို့ လိ​မ္မာ​လျက်၊ ချိုး​ငှက်​ကဲ့​သို့ အ​ဆိပ်​ကင်း​လျက် ရှိ​ကြ​လော့။-

သား​သ​မီး​တို့၊ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​အ​ညီ မိ​ဘ​စ​ကား​ကို နား​ထောင်​ကြ​လော့။ မိ​ဘ​စ​ကား ကို​နား​ထောင်​ခြင်း​အ​မှု​သည် တ​ရား​သော​အ​မှု ဖြစ်၏။-

ကောက်​နယ်​တ​လင်း​သို့ သွား၍ ယော​က္ခ​မ​မှာ​ထား​သ​မျှ​အ​တိုင်း ပြု​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ