ရှင်ဘုရင်စည်းစိမ်နှင့် လျော်စွာ ထူးခြားသောရွှေဖလားတို့နှင့် များစွာသော စပျစ်ရည်ကို သောက်ကြ၏။
ရှောလမုန်မင်းကြီးသောက်သော ဖလားတော်ရှိသမျှနှင့် လေဗနုန်နန်းတော်၌ သုံးသော ဖလားတော်ရှိသမျှတို့သည် ငွေဖလားမဟုတ် ရွှေဖလားသက်သက်ဖြစ်၏။ ရှောလမုန်လက်ထက်၌ ငွေကို အလျှင်းပမာဏ မပြုတတ်ကြ။
ရှေလမုန်မင်းကြီးသောက်သော ဖလားတော်ရှိသမျှနှင့် လေဗနုန်နန်းတော်၌သုံးသော ဖလားတော်ရှိသမျှတို့သည် ငွေဖလားမဟုတ်၊ ရွှေဖလားသက်သက် ဖြစ်၏။ ရှောလမုန်လက်ထက်၌ ငွေကို အလျှင်းပမာဏမပြုတတ်ကြ။
စပျစ်ရည် သောက်ခြင်းအမှုသည် တရားအတိုင်း ဖြစ်၏။ အဘယ်သူကိုမျှ အနိုင်မသောက်စေ၊ လူအပေါင်းတို့သည် ကိုယ်အလိုအလျောက် ပြုကြမည်အကြောင်း၊ နန်းတော်အရာရှိအပေါင်းတို့ကို ရှင်ဘုရင် မိန့်တော်မူ၏။
ထိုအခါ ရှင်ဘုရင်သည် ဧသတာပွဲဟူ၍ ကြီးသောပွဲကို မှူးတော်မတ်တော် ကျွန်တော်တို့အဖို့ လုပ်သဖြင့်၊ နိုင်ငံတော်တိုင်းပြည်တို့ကို မင်းမှုလွှတ်၍၊ စည်းစိမ်တော်နှင့်လျော်စွာ ဆုချတော်မူ၏။
သတင်းတော်သည်လည်း ရှုရိပြည်၌ အနှံ့အပြား ကျော်စောသည်ဖြစ်၍ နတ်ဝင်သောသူ၊ ဝက်ရူးစွဲသောသူ၊ လက်ခြေသေသောသူမှစသော အထူးထူးအပြားပြားသော အနာရောဂါစွဲ၍ မကျန်းမမာသောသူ ရှိသမျှတို့ကို အထံတော်သို့ဆောင်ခဲ့ကြ၍၊ သူတို့၏အနာရောဂါကို ငြိမ်းစေတော်မူ၏။