Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​သ​တာ 1:6

Judson Bible

ငွေ​ကွင်း​တပ်​သော ကျောက်​ဖြူ​တိုင်​တို့၌ မောင်း​သော ပိတ်​ချော​ကြိုး​ဖြင့် ဆွဲ​ကာ​သော ပိတ်​ချော​ကု​လား​ကာ အ​ဖြူ​အ​စိမ်း​အ​ပြာ တို့​နှင့်​လည်း​ကောင်း၊ ခင်း​သော​ကျောက်​ပြား အ​နီ​အ​ပြာ​အ​ဖြူ​အ​နက်​တို့ အ​ပေါ်​မှာ​ထား​သော ရွှေ​ငွေ အ​နေ​အ​ထိုင်​တို့​နှင့်​လည်း​ကောင်း ဥ​ယျာဉ်​တော်​သည် ပြည့်​စုံ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​သည် ဥ​ယျာဉ်​တော်​မှ စ​ပျစ်​ရည်​သောက်​ပွဲ​ခံ​ရာ အ​ရပ်​သို့ ဝင်​ပြန်​သော​အ​ခါ၊ ဧ​သ​တာ​ထိုင်​သော သာ​လွန်​နား​မှာ ဟာ​မန်​သည် ပျပ်​ဝပ်​လျက်​နေ​သည်​ကို မြင်​လျှင်၊ ဤ​သူ​သည် နန်း​တော်၌ ငါ့​ရှေ့​မှာ မိ​ဖု​ရား​ကို အ​ဓ​မ္မ​ပြု​ရ​မည်​လော​ဟု မိန့်​တော်​မူ​စဉ်​တွင်၊ အ​ခြံ​အ​ရံ​တို့​သည် ဟာ​မန်၏​မျက်​နှာ​ကို ဖုံး​ကြ၏။

မော်​ဒ​ကဲ​သည်​လည်း၊ မင်း​မြောက်​တန်​ဆာ တည်း​ဟူ​သော အ​ဝတ်​အ​ဖြူ​အ​ပြာ​ကို ဝတ်​ဆင်​လျက်၊ ကြီး​စွာ​သော ရွှေ​သ​ရ​ဖူ​ကို ဆောင်း​လျက်၊ ပိတ်​ချော​နှင့် မောင်း​သော​အ​ထည်​ဖြင့်​ပြီး​သော ဝတ်​လုံ​ကို​ခြုံ​လျက်၊ ရှင်​ဘု​ရင်​ထံ​တော်​မှ ထွက်​သွား၍၊

တစ်​နည်း​ကား၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်​ဖြင့်​ပြီး​သော ခေ​ရု​ဗိမ်​အ​ရုပ်​နှင့် ချယ်​လှယ်​သော၊ ပိတ်​ချော​ကု​လား​ကာ​ဆယ်​ထည်​ဖြင့် တဲ​တော်​ကို​လုပ်​ရ​မည်။

အ​သ​ရေ​ရှိ​သော ခု​တင်​ပေါ်၌​ထိုင်၍၊ ငါ့​နံ့​သာ​ပေါင်း​နှင့် ငါ့​ဆီ​ကို တင်​သော​စား​ပွဲ​ကို ခု​တင်​ရှေ့​မှာ ခင်း​လေ၏။

ပေါင်​ထား​သော​အ​ဝတ်​ကို ခပ်​သိမ်း​သော ယဇ်​ပ​လ္လင်​တို့​အ​နား၌ ခင်း၍​အိပ်​သော​အ​ပြစ်၊ လျော်​ပြစ်​ငွေ​နှ​င့် ဝယ်​သော​စ​ပျစ်​ရည်​ကို သူ​တို့​ဘု​ရား၏​အိမ်၌ သောက်​သော​အ​ပြစ် သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သိုး​ထိန်း​သည် ခြင်္သေ့​နှုတ်​ထဲ​က ခြေ​နှစ်​ခု၊ သို့​မ​ဟုတ်၊ နား​ရွက်​တစ်​ပိုင်း​ကို နုတ်​ယူ​သ​ကဲ့​သို့ ရှ​မာ​ရိ​မြို့၌ ခု​တင်​ထောင့်၊ ဒ​မာ​သက်​မွေ့​ရာ ဖုံ​ပေါ်​မှာ​ထိုင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို နုတ်​ယူ​ရ​လိမ့်​မည်။

ဆင်​စွယ်​ခု​တင်​ပေါ်​မှာ​အိပ်၍ မွေ့​ရာ​ပေါ်​မှာ​လျောင်း​ခြင်း၊ သိုး​စု​ထဲ​က သိုး​သ​ငယ်​တို့​ကို​လည်း​ကောင်း၊ နွား​တင်း​ကုပ်​ထဲ​က နွား​သ​ငယ်​တို့​ကို​လည်း​ကောင်း ယူ၍​စား​ခြင်း၊

ရှော​လု​က ငါ​မ​စား​ဟု ငြင်း​ပယ်​လေ၏။ သို့​ရာ​တွင် ကျွန်​တို့​သည် မိန်း​မ​နှင့်​ဝိုင်း၍ အ​နိုင်​ပြု​ကြ​သ​ဖြင့်၊ ရှော​လု​သည် သူ​တို့​စ​ကား​ကို နား​ထောင်၍ မြေ​ပေါ်​က​ထ​ပြီး​လျှင် ခု​တင်​ပေါ်​မှာ ထိုင်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ