Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​သ​တာ 1:11

Judson Bible

ခု​နစ်​ရက်​မြောက်​သော​နေ့၌ ရှင်​ဘု​ရင်​သည် စ​ပျစ်​ရည်​သောက်၍ ရွှင်​လန်း​သော​စိတ်​ရှိ​သော​အ​ခါ၊ မိ​ဖု​ရား အ​ဆင်း​လှ​ခြင်း အ​သ​ရေ​ကို မင်း​များ​နှင့်​လူ​များ​တို့​အား ပြ​လို​သော​ငှာ၊ မိ​ဖု​ရား​ဝါ​ရှ​တိ​ကို ရာ​ဇ​သ​ရ​ဖူ​ဆောင်း​စေ၍၊ အ​ထံ​တော်​သို့ ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း၊ မ​ဟု​မန်၊ ဗိ​ဇ​သ၊ ဟာ​ဗော​န၊ ဗိ​ဂ​သ၊ အ​ဗာ​ဂ​သ၊ ဇေ​သာ၊ ကာ​ကတ်​တည်း​ဟူ​သော အ​မှု​တော်​ထမ်း မိန်း​မ​စိုး​ခု​နစ်​ယောက်​တို့​ကို မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး တစ်​မျိုး​လုံး​တွင် အ​ဗ​ရှ​လုံ​ကဲ့​သို့ အ​ဆင်း​လှ၍ ချီး​မွမ်း​ရ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ခြေ​ဖ​ဝါး​မှ​သည် ဦး​ထိပ်​တိုင်​အောင် အ​ပြစ်​တစ်​ခု​မျှ​မ​ရှိ။

သို့​ရာ​တွင် မိန်း​မ​စိုး​ဆင့်​ဆို​သော အ​မိန့်​တော်​ကို၊ မိ​ဖု​ရား​သည် ငြင်း​ဆန်၍ မ​လာ​ဘဲ​နေ၏။ ထို​ကြောင့် ရှင်​ဘု​ရင်​သည် အ​မျက်​ထွက်၍၊ ဒေါ​သ​မီး​လောင်​လျက် နေ​တော်​မူ၏။

အ​ခြား​သော သ​မီး​က​ညာ​အ​ပေါင်း​တို့​ထက် ဧ​သ​တာ​သည် စိတ်​တော်​ကို​နူး​ညွတ်​စေ၍၊ အ​ထံ​တော်၌ မျက်​နှာ​ရ​သ​ဖြင့်၊ ရှင်​ဘု​ရင်​သည် အ​ခြား​သော မိန်း​မ​တ​ကာ​တို့​ကို ချစ်​သည်​ထက် ဧ​သ​တာ​ကို​သာ၍ ချစ်​သော​ကြောင့်၊ သူ့​ခေါင်း​ပေါ်​မှာ ရာ​ဇ​သ​ရ​ဖူ​ကို​တင်၍ မိ​ဖု​ရား​ဝါ​ရှ​တိ​အ​ရာ၌ ချီး​မြှောက်​တော်​မူ၏။

ရှင်​ဘု​ရင် ဝတ်​ဆင်​တော်​မူ​သော မင်း​မြောက်​တန်​ဆာ၊ ရှင်​ဘု​ရင်​စီး​တော်​မူ​သော မြင်း​တော်၊ ဆောင်း​တော်​မူ​သော ရာ​ဇ​သ​ရ​ဖူ​ကို​ယူ​ခဲ့၍၊

လူ​သည် မိ​မိ​သွား​ရာ​လမ်း​ကို စိတ်​ထဲ​မှာ ကြံ​စည်၏။ သို့​သော်​လည်း သူ၏​ခြေ​ရာ​တို့​ကို ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ၏။

ယဉ်​ကျေး​သော​အ​ရာ​သည် လှည့်​စား​ခြင်း​နှင့် ယှဉ်​တတ်၏။ လှ​သော​အ​ဆင်း​သည်​လည်း အ​ချည်း​နှီး​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​မိန်း​မ​မူ​ကား၊ ချီး​မွမ်း​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

ထို​သူ၏​အ​မည်​ကား နာ​ဗ​လ၊ သူ၏​မ​ယား​အ​မည်​ကား အ​ဘိ​ဂဲ​လ​တည်း။ ထို​မိန်း​မ​သည် ဉာဏ်​ကောင်း၍ အ​ဆင်း​လည်း​လှ၏။ ယောက်ျား​မူ​ကား ခက်​ထန်​သော သ​ဘော​ရှိ၏။ ဆိုး​သော​အ​မှု​ကို​လည်း ပြု​တတ်၏။ ကာ​လက်​အ​ဆွေ​အ​မျိုး ဖြစ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ