ဧသတာ 1:1Judson Bibleအိန္ဒိယပြည်မှစ၍ ကုရှပြည်တိုင်အောင် တိုင်းပြည် တစ်ရာနှစ်ဆယ်ခုနစ်ပြည်တို့ကို အစိုးရသော ရှင်ဘုရင်အာရွှေရုသည်၊ အခန်းကိုကြည့်ပါ။ |
အဆင်းလှသော သမီးကညာအပေါင်းတို့ကို ရှုရှန်နန်းတော်တွင် အပျိုတော်နေရာသို့ စုဝေးစေ၍၊ နန်းတော်မိန်းမစိုး၊ အပျိုတော်အုပ်ဟေဂဲ၌ အပ်စေခြင်းငှာ၊ နိုင်ငံတော် အတိုင်းတိုင်းအပြည်ပြည် မင်းအရာရှိတို့ကို ခန့်ထားတော်မူပါ။ စင်ကြယ်စေခြင်းငှာ ဆေးမျိုးကို အပ်ပေးတော်မူပါ။
ထိုအခါ သိဝန်အမည်ရှိသော တတိယလ နှစ်ဆယ်သုံးရက်နေ့တွင်၊ စာရေးတော်ကြီးတို့ကို ခေါ်၍၊ အိန္ဒိယပြည်မှ ကုရှပြည်တိုင်အောင် တိုင်းပြည်တစ်ရာနှစ်ဆယ် ခုနစ်ပြည်တို့၌ရှိသော ယုဒလူ၊ ကိုယ်စားတော်မင်း၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ မြို့သူကြီးတို့ကို မော်ဒကဲ မှာထားသမျှအတိုင်း၊ ယုဒဘာသာစကားမှစ၍ လူအမျိုးမျိုး ပြောသောစကား အသီးအသီးအားဖြင့်၊
ယုဒအမျိုးသား မော်ဒကဲနှင့် မိဖုရားဧသတာမှာထား၍၊ ယုဒလူတို့သည် ကိုယ်အဖို့နှင့် သားစဉ်မြေးဆက်အဖို့ စီရင်သည်အတိုင်း၊ ချိန်းချက်သော အချိန်၌ အစာရှောင်ခြင်း၊ ဆုတောင်းခြင်းနှင့်တကွ ပုရနေ့တို့ကို အမြဲစောင့်စေခြင်းငှာ၊ အာရွှေရုနိုင်ငံတော်တွင် တိုင်းပြည် တစ်ရာနှစ်ဆယ်ခုနစ်ပြည်၌ရှိသော ယုဒလူအပေါင်းတို့ နေရာသို့ ငြိမ်သက်စေသော သစ္စာစကားနှင့် ထိုမှာစာကို မော်ဒကဲပေးလိုက်လေ၏။
ယခုမူကား၊ မှန်သောအရာကို ငါပြမည်။ ပေရသိနိုင်ငံကို အစိုးရသော ရှင်ဘုရင်သုံးပါး ပေါ်လေဦးမည်။ စတုတ္ထရှင်ဘုရင်မူကား၊ ထိုသူရှိသမျှတို့ထက် ငွေရတတ်လိမ့်မည်။ ထိုသို့ရတတ်၍ အားကြီးသောကြောင့်၊ ဟေလသနိုင်ငံကို ရန်ဘက်ပြုစေခြင်းငှာ၊ ခပ်သိမ်းသော သူတို့ကို နှိုးဆော်လိမ့်မည်။