Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​ဖက် 6:8

Judson Bible

ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ မည်​သည်​ကား၊ ကျွန်​ဖြစ်​စေ၊ လူ​လွတ်​ဖြစ်​စေ၊ သ​ခင်​ဘု​ရား၏ လက်​တော်​မှ အ​ကျိုး​ကို​ခံ​ရ​လိမ့်​မည်​ဟု သိ​မှတ်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

မ​တ​ရား​သော​သူ​ပြု​သော​အ​မှု​သည် အ​မြဲ​မ​တည်​တတ်။ ဖြောင့်​မတ်​ခြင်း​တ​ရား​မျိုး​စေ့​ကို ကြဲ​သော​သူ​မူ​ကား၊ မြဲ​မြံ​သော အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။

အ​ကယ်​စင်​စစ် အ​မှု​ဆုံး​ဖြတ်​ချိန်​သည် ရောက်​လိမ့်​မည်။ သင့်​မျှော်​လင့်​ခြင်း​အ​ကြောင်း မ​ပျက်​ရာ။

မ​တ​ရား​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ မ​ကောင်း​သော​အ​မှု​နှင့် တွေ့​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​ကျင့်​သော အ​ကျင့်​တို့၏​အ​ပြစ်​ကို သူ၌​ဆပ်​ပေး​ရ​လိမ့်​မည်။

လူ​သား​သည် မိ​မိ​အ​ဘ​ခ​မည်း​တော်၏ ဘုန်း​အာ​နု​ဘော်​ကို ဆောင်​လျက်၊ ကောင်း​ကင်​တ​မန် အ​ခြံ​အ​ရံ​တို့​နှင့် ကြွ​လာ​တော်​မူ​လ​တ္တံ့။ ထို​အ​ခါ သူ​အ​သီး​အ​သီး ကျင့်​သော​အ​ကျင့်​နှင့် အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​လ​တ္တံ့။-

ထို​သူ​တို့​က၊ ကျွန်​တော်​တို့​ကို အ​ဘယ်​သူ​မျှ မ​ငှား​ပါ​ဟု ပြော​ဆို​ကြ​လျှင်၊ သင်​တို့​လည်း ငါ့​စ​ပျစ်​ဥ​ယျာဉ်​သို့ သွား​ကြ။ တော်​လျော်​စွာ ရ​ကြ​လိမ့်​မည်​ဟု ဆို​လေ၏။

ဝမ်း​မြောက်​ရွှင်​မြူး​ခြင်း ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဘုံ၌ သင်​တို့၏​အ​ကျိုး​သည် ကြီး​လှ​ပေ၏။ သင်​တို့​ရှေ့​က ပေါ်​ထွန်း​သော ပ​ရော​ဖက်​တို့​ကို ထို​နည်း​တူ ညှဉ်း​ဆဲ​ကြ​ပြီ။-

လူ​များ​တို့ မြင်​စေ​ခြင်း​ငှာ ကိုယ်​သီ​လ​အ​ကျင့်​ကို သူ့​ရှေ့​မှောက်၌ မ​ကျင့်​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ သို့​မ​ဟုတ် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​ထံ​မှ အ​ကျိုး​ကို​မ​ခံ​မ​ရ​ကြ။-

မ​ထင်​ရှား​သော​အ​ရာ​ကို မြင်​တော်​မူ​သော သင်၏​အ​ဘ​သည် အ​ကျိုး​ကို​ထင်​ရှား​စွာ ပေး​တော်​မူ​လ​တ္တံ့။-

ထို​သို့​ခေါ်​ဖိတ်​လျှင် မင်္ဂ​လာ​ရှိ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ကျေး​ဇူး​မ​ဆပ်​နိုင်​သည် ဖြစ်၍၊ ဖြောင့်​မတ်​သော​သူ​တို့​သည် ထ​မြောက်​သည်​ကာ​လ၌ သင်​သည် ကျေး​ဇူး​ဆပ်​ခြင်း​အ​ကျိုး​ကို ခံ​ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

သင်​တို့​မူ​ကား ရန်​သူ​တို့​ကို​ချစ်​ကြ​လော့။ ကျေး​ဇူး​ပြု​ကြ​လော့။ တစ်​စုံ​တစ်​ခု​ကို​ရ​မည်​ဟု မျှော်​လင့်​ခြင်း​မ​ရှိ​ဘဲ ချေး​ငှား​ကြ​လော့။ ထို​သို့​ပြု​လျှင် သင်​တို့​အ​ကျိုး​ကြီး​လိမ့်​မည်။ အ​မြင့်​ဆုံ​သော​ဘု​ရား၏​သား ဖြစ်​ကြ​လိမ့်​မည်။-

အ​ကြောင်း​မူ​ကား၊ ယု​ဒ​လူ​ဖြစ်​စေ၊ ဟေ​လ​သ​လူ​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လူ​လွတ်​ဖြစ်​စေ၊ ငါ​တို့​ရှိ​သ​မျှ​သည် ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​အား​ဖြင့် တစ်​ကိုယ်​တည်း​ထဲ​သို့ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ၏။ ငါ​တို့​ရှိ​သ​မျှ​သည် တစ်​စိတ်​တစ်​ဝိ​ညာဉ်​တည်း ထဲ​သို့​လည်း သောက်​ကြ၏။-

အ​ကြောင်း​မူ​ကား၊ ငါ​တို့​ရှိ​သ​မျှ​သည် ကိုယ်​ခ​န္ဓာ၌​ကျင့်​သော​အ​ကျင့်၊ ကောင်း​မ​ကောင်း​ရှိ​သည်​အ​တိုင်း အ​ကျိုး​အ​ပြစ်​ကို အ​သီး​အ​သီး​ခံ​ခြင်း​ငှာ၊ ခ​ရစ်​တော်၏ တ​ရား​ပ​လ္လင်​ရှေ့၌ ပေါ်​လာ​ရ​ကြ​မည်။

ယေ​ရှု​ခ​ရစ်၌ ယု​ဒ​လူ​မ​ရှိ၊ ဟေ​လ​သ​လူ​မ​ရှိ၊ ကျွန်​မ​ရှိ။ လူ​လွတ်​မ​ရှိ၊ ယောက်ျား​မ​ရှိ၊ မိန်း​မ​မ​ရှိ၊ ထို​သ​ခင်၌ သင်​တို့​အ​ပေါင်း​သည် တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ၏။-

ထို​ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​ရာ၌ ဟေ​လ​သ​လူ​မ​ရှိ၊ ယု​ဒ​လူ​မ​ရှိ၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ခြင်း​မ​ရှိ၊ မ​ခံ​ခြင်း​မ​ရှိ၊ လူ​ရိုင်း​မ​ရှိ၊ သ​ကု​သိ​လူ​မ​ရှိ၊ ကျွန်​မ​ရှိ၊ လူ​လွတ်​မ​ရှိ၊ ခ​ရစ်​တော်​သည် အ​လုံး​စုံ​တို့၌ အ​လုံး​စုံ​ဖြစ်​တော်​မူ၏။

သင်​တို့​သည် သ​ခင်​ခ​ရစ်​တော်၏ အ​စေ​ကို ခံ​ကြ​သည်​ဖြစ်၍၊ အ​မွေ​တော်​တည်း​ဟူ​သော အ​ကျိုး​ကို၊ ထို​သ​ခင်​ဘု​ရား၏ လက်​တော်​မှ ခံ​ရ​လိမ့်​မည်​ဟု သိ​မှတ်​ကြ​လော့။-

မ​တ​ရား​သော​အ​မှု​ကို ပြု​သော​သူ​မည်​သည်​ကား၊ မိ​မိ​ပြု​သော​အ​မှု၏ အ​ကျိုး​အ​ပြစ်​ကို ခံ​ရ​လိမ့်​မည်။ အ​ဘယ်​သူ၏ မျက်​နှာ​ကို မှတ်​တော်​မ​မူ။

ထို​ကြောင့်၊ ကြီး​စွာ​သော​အ​ကျိုး​နှင့်​ယှဉ်​သော သင်​တို့၏ ရဲ​ရင့်​ခြင်း​စိတ်​ကို မ​စွန့်​ကြ​နှင့်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ