Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​ဖက် 3:3

Judson Bible

ကျေး​ဇူး​တော်​သာ​သ​နာ​ကို အပ်​ပေး​သည် အ​ကြောင်း​ဟူ​မူ​ကား၊ ငါ​သည်​အ​ထက်​က အ​နည်း​ငယ် ရေး​ထား​ခဲ့​သည်​အ​တိုင်း၊ ဘု​ရား​သ​ခင်​သည် ဗျာ​ဒိတ်​တော်​အား​ဖြင့် နက်​နဲ​သော​အ​ရာ​ကို ငါ့​အား​ပြ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မှ အ​ကျွန်ုပ်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်၍၊ ဗိ​မာန်​တော်၌ ဆု​တောင်း​စဉ် ဘ​ဝင်​ကျ​၍

လျှောက်​ဆို​လျှင်၊ သ​ခင်​ဘု​ရား​က၊ သွား​လော့။ ငါ​သည်​တစ်​ပါး​အ​မျိုး​သား​တို့​ရှိ​ရာ​သို့ သင့်​ကို​ဝေး​လှ​စွာ စေ​လွှတ်​မည်​ဟု အ​ကျွန်ုပ်​အား မိန့်​တော်​မူ​သည်​ဟု ပေါ​လု မြွက်​ဆို၏။

အော်​ဟစ်​သံ​များ၍၊ ဖာ​ရိ​ရှဲ​တို့​ဘက်၌​နေ​သော ကျမ်း​ဆ​ရာ​တို့​သည် ထ​လျက် ပြင်း​စွာ​ငြင်း​ခုံ၍၊ ဤ​သူ၌ အ​ဘယ်​အ​ပြစ်​ကို​မျှ ငါ​တို့​မ​တွေ့။ နာမ်​ဝိ​ညာဉ်​သော်​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​သော်​လည်း​ကောင်း သူ့​ကို​ပြော​လျှင်၊ ဘု​ရား​သ​ခင်၏ အာ​ဏာ​တော်​ကို မ​ဆန်​ကြ​နှင့်​ဟု ဆို​ကြ၏။-

ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ဝါ​ကြွား​သော​စိတ် မ​ရှိ​စေ​မည်​အ​ကြောင်း၊ တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​သည် မ​ဝင်​မီ​တိုင်​အောင်၊ ဣ​သ​ရေ​လ​လူ​အ​ချို့​တို့​ကို မှောင်​မိုက်​ဖုံး​လွှမ်း​ခြင်း​အ​ကြောင်း​တည်း ဟူ​သော နက်​နဲ​သော​အ​ရာ​ကို မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ။-

ရှေး​ကပ်​ကာ​လ​ပတ်​လုံး ဝှက်​ထား​ပြီး​လျှင် ယ​ခု​မှာ ထင်​ရှား​သည်​ဖြစ်၍၊-

ငါ​သည် ဝါ​ကြွား​ခြင်း​ကို​မ​ပြု​သင့်​လျှင်၊ သ​ခင်​ဘု​ရား​ပြ​တော်​မူ​သော ထူး​ဆန်း​သော​ရူ​ပါ​ရုံ​နှင့် ဗျာ​ဒိတ်​တော်​များ​ကို တစ်​ဖန် ပြော​ဦး​မည်။-

လူ​ထံ​မှာ ငါ​ခံ​ရ​သည်​မ​ဟုတ်။ ယေ​ရှု​ခ​ရစ်၏ ဗျာ​ဒိတ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဥ​ပ​ဒေ​သ​ကို ငါ​မ​ခံ သည်​အ​ကြောင်း​ကို သင်​တို့​အား ငါ​ကြား​လိုက်၏။-

ဆု​တောင်း​သော​အ​ချက်​ဟူ​မူ​ကား၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော ဘုန်း​ကြီး​သော အ​ဘ​ခ​မည်း​တော်​သည် ကိုယ်​တော်​မြတ်​ကို သိ​ခြင်း​အ​လို​ငှာ ပ​ညာ​ကို​လည်း​ကောင်း၊ ထိုး​ထွင်း​သော​ဉာဏ်​ကို​လည်း​ကောင်း၊ သင်​တို့​အား ပေး​ပါ​မည်​အ​ကြောင်း၊-

ထို​စ​ကား​ကို​ဖတ်​ရွတ်​လျှင်၊ ခ​ရစ်​တော်၏ နက်​နဲ​သော​အ​ရာ၌ ငါ​လေ့​ကျက်​သည်​ကို သင်​တို့​သည် သိ​ရ​ကြ​မည်။-

ထို​နက်​နဲ​သော​အ​ရာ​ဟူ​မူကား၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် ယု​ဒ​လူ​မျိုး​တို့​နှင့်​အ​တူ အ​မွေ​ခံ၍၊ တစ်​လုံး​တစ်​ဝ တစ်​ကိုယ်​တည်း​ဖြစ်​လျက်၊ ခ​ရစ်​တော်​နှင့်​ဆိုင်​သော​က​တိ​တော်​ကို ဆက်​ဆံ​ရ​ကြ​သ​တည်း။-

ငါ​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့် သံ​ကြိုး​နှင့် ချည်​နှောင်​ခြင်း​ကို​ခံ​လျက်၊ သံ​တ​မန်​အ​မှု​ကို ပြု​ရ​သည်​ဖြစ်၍၊ ထို​တ​ရား၏ နက်​နဲ​သော​အ​ရာ​ကို ဖော်​ပြ​ခြင်း​ငှာ ငါ​သည်​နှုတ်​ကို ရဲ​ရင့်​စွာ ဖွင့်​လှစ်​ခြင်း​အ​ခွင့် ရှိ​မည်​အ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​တ​ရား​ကို ဟော​ပြော​အပ်​သည်​နှင့်​အ​ညီ၊ ရဲ​ရင့်​စွာ​ဟော ပြော​မည်​အ​ကြောင်း​ကို​လည်း​ကောင်း၊ ငါ့​အ​ဖို့​လည်း ဆု​တောင်း​ကြ​လော့။

မေ​တ္တာ​ချင်း​ထုံး​ဖွဲ့၍၊ ခ​မည်း​တော်​ဘု​ရား​နှင့် ခ​ရစ်​တော်၏ နက်​နဲ​သော​အ​ရာ​ကို​နား​လည်​နိုင်​သော ဝိ​စိ​ကိ​စ္ဆာ​နှင့် ကင်း​စင်​သော ဉာဏ်၏ စည်း​စိမ်​အ​ပေါင်း​နှင့် ပြည့်​စုံ၍၊ စိတ်​နှ​လုံး​သက်​သာ​စေ​မည်​အ​ကြောင်း အ​ဘယ်​မျှ​လောက်​ကြီး​သော တိုက်​လှန်​ခြင်း​ကို ငါ​ခံ​ရ​သည်​ဟု သင်​တို့​သိ​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။-

ငါ​သည် ခ​ရစ်​တော်၏ နက်​နဲ​သော​အ​ရာ​ကြောင့် အ​ချည်​အ​နှောင်​ခံ​ရ​သည်​ဖြစ်၍။-

ညီ​အစ်​ကို​တို့၊ ငါ​သည် အ​ကျဉ်း​အား​ဖြင့် ရေး​ထား၍ ကြား​လိုက်​သော ဤ​ဆုံး​မ​ခြင်း​ဩ​ဝါ​ဒ​စ​ကား​ကို သည်း​ခံ​မည်​အ​ကြောင်း၊ ငါ​သည် သင်​တို့​ကို နှိုး​ဆော်​တောင်း​ပန်၏။-

ငါ​သည် သင်​တို့​ကို တိုက်​တွန်း​သွေး​ဆောင်​လျက်၊ သင်​တို့​မှီ​ဝဲ​ဆည်း​ကပ်​သော ဤ​အ​ရာ​များ​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​အ​မှန် ဖြစ်​သည်​ဟု သက်​သေ​ခံ​လျက်၊ ဤ​စာ​ကို အ​ကျဉ်း​အား​ဖြင့်​ရေး​ပြီး​မှ၊ ငါ​စိတ်​ထင်​သည်​အ​တိုင်း သင်​တို့​အ​မှု၌ သ​စ္စာ​ရှိ​သော​ညီ​အစ်​ကို သိ​လွာ​နု​လက်​ဖြင့် ယ​ခု​ပေး​လိုက်၏။-

ငါ​တို့​ချစ်​သော ညီ​ပေါ​လု​သည်၊ မိ​မိ​ခံ​ရ​သော ဉာဏ်​ပ​ညာ​အ​တိုင်း သင်​တို့​အား ရေး၍​ပေး​လိုက်​သော စာ၌​လည်း​ကောင်း၊ သူ​သည် ဤ​အ​ရာ​များ​ကို ပြော၍ စီ​ရင်​သော ဩ​ဝါ​ဒ​စာ​ရှိ​သ​မျှ​တို့၌​လည်း​ကောင်း ပါ​သည်​နှင့်​အ​ညီ၊ ငါ​တို့ သ​ခင်​ဘု​ရား သည်း​ခံ​တော်​မူ​ခြင်း​သည် ကယ်​တင်​မည်​အ​ကြောင်း ဖြစ်​သည်​ဟု မှတ်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ