Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​ဖက် 2:17

Judson Bible

ထို​ခ​ရစ်​တော်​သည်​လည်း ကြွ​လာ၍၊ ဝေး​လျက်​ရှိ​သော သင်​တို့​အား​လည်း​ကောင်း၊ နီး​လျက်​ရှိ​သော ငါ​တို့​အား​လည်း​ကောင်း၊ ရန်​ငြိမ်း​ခြင်း​တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​လူ​စု​တို့၏​ဦး​ချို​ကို ချီး​မြှင့်​တော်​မူ​သ​ဖြင့်၊ အ​နီး​တော်၌​ရှိ​သော​လူ​စု၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တည်း​ဟူ​သော မိ​မိ​သန့်​ရှင်း​သူ​အ​ပေါင်း​တို့၏ ချီး​မွမ်း​ရာ​ဖြစ်​တော်​မူ၏။ ဟာ​လေ​လု​ယ။

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ၏။ နာ​မ​တော်​နီး​ကြောင်း​ကို အံ့​ဖွယ်​သော အ​မှု​တော်​တို့​သည် သက်​သေ​ခံ​ကြ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ကြ​ပါ၏။

က​ရု​ဏာ​နှင့်​သ​စ္စာ ဆုံ​မိ​ပြီ။ တ​ရား​နှင့် ချမ်း​သာ​သည် တစ်​ပါး​ကို​တစ်​ပါး နမ်း​ကြ​ပြီ။

သို့​မ​ဟုတ် ငါ၏​အ​စွမ်း​သ​တ္တိ​ကို ကိုး​စား၍၊ ငါ​နှင့် မိတ်​သ​ဟာ​ယ ဖွဲ့​ကြ​စေ။ ငါ​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ​စေ​သော။

ငြိမ်​သက်​ခြင်း၏​ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို ကြား​ပြော​သော​သူ၊ ကယ်​တင်​ခြင်း ကောင်း​ကျိုး​ချမ်း​သာ၏ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​သော​သူ၊ သင်၏​ဘု​ရား​သ​ခင်​စိုး​စံ​တော်​မူ၏​ဟု ဇိ​အုန်​မြို့​အား ပြော​သော​သူ၏​ခြေ​တို့​သည် တောင်​ပေါ်​မှာ အ​လွန်​တင့်​တယ်​လှ​စွ​တ​ကား။

ငါ​သည် ဧ​ဖ​ရိမ်​ပြည်၌ ရ​ထား​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့၌ မြင်း​ကို​လည်း​ကောင်း ပယ်​ဖြတ်​မည်။ စစ်​လေး​ကို​လည်း ပယ်​ဖြတ်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့​သည် စစ်​ငြိမ်း​မည် အ​ကြောင်း​ကို ထို​အ​ရှင်​သည် မိန့်​တော်​မူ​မည်။ အာ​ဏာ​တော်​လည်း ပင်​လယ်​တစ်​ပါး​မှ​သည် ပင်​လယ်​တစ်​ပါး တိုင်​အောင်​လည်း​ကောင်း၊ မြစ်​မှ​သည် မြေ​ကြီး​စွန်း​တိုင်​အောင်​လည်း​ကောင်း တည်​လိမ့်​မည်။

ထို​အိမ်​သည် ထိုက်​တန်​လျှင် သင်​တို့​မြွက်​သော မင်္ဂ​လာ ရောက်​စေ​သ​တည်း။ မ​ထိုက်​တန်​လျှင် သင်​တို့​ထံ​သို့ ပြန်​လာ​စေ​သ​တည်း။-

တစ်​နည်း​ကား၊ တစ်​စုံ​တစ်​ယောက်​သော​မိန်း​မ၌ ငွေ​ဆယ်​ပြား​ရှိ၍ တစ်​ပြား​ပျောက်​လျှင်၊ ဆီ​မီး​ကို​ထွန်း၍ မ​တွေ့​မီ​တိုင်​အောင် တစ်​အိမ်​လုံး​ကို​လှည်း၍ စေ့​စေ့​မ​ရှာ​ဘဲ နေ​မည်​လော။-

ကောင်း​ကင်​ဘ​ဝဂ်​ဝယ် ဘု​ရား​သ​ခင်​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ မြေ​ကြီး​ပေါ်​၌​လည်း ငြိမ်​သက်​ခြင်း ရှိ​စေ​သ​တည်း။ လူ​တို့​အား မေ​တ္တာ​က​ရု​ဏာ ရှိ​စေ​သ​တည်း​ဟု ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍​မြွက်​ဆို​ကြ၏။

အ​လုံး​စုံ​တို့​ကို အ​စိုး​ရ​တော်​မူ​သော သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ရန်​ငြိမ်း​ခြင်း​တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ​လျက်၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ပေး​လိုက်​တော်​မူ​သော တ​ရား​တော်​နှင့်​အ​ညီ၊-

အ​ကြောင်း​မူ​ကား၊ က​တိ​တော်​သည် သင်​တို့​နှင့်​လည်း​ကောင်း၊ သင်​တို့၏ သား​သ​မီး​တို့​နှင့်​လည်း​ကောင်း၊ ဝေး​သော​သူ​တို့​တွင် ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ခေါ်​တော်​မူ​သ​မျှ​သော သူ​တို့​နှင့်​လည်း​ကောင်း ဆိုင်​သည်​ဟု ဟော၏။-

သို့​ရာ​တွင်၊ မ​ယုံ​ကြည်​လျှင် အ​ဘယ်​သို့ ပ​တ္ထ​နာ​ပြု​နိုင်​မည်​နည်း။ သ​တင်း​မ​ကြား​လျှင် အ​ဘယ်​သို့ ယုံ​ကြည်​နိုင်​မည်​နည်း။ ဟော​ပြော​သော​သူ​မ​ရှိ​လျှင် အ​ဘယ်​သို့ ကြား​နိုင်​မည်​နည်း။-

ထို​ကြောင့်၊ ငါ​တို့​သည် ယုံ​ကြည်​ခြင်း​ရှိ၍ ဖြောင့်​မတ်​ရာ​သို့​ရောက်​လျှင်၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ငြိမ်​သက်​ခြင်း​ကို ခံ​စား​ကြ၏။-

ထို​ကြောင့် ငါ​တို့​သည်​ခ​ရစ်​တော်၏ သံ​တ​မန်​ဖြစ်​ကြ၏။ သင်​တို့​သည်​ရန်​ငြိမ်း၍ ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ​လော့​ဟု ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​ဖြင့် နှိုး​ဆော် သွေး​ဆောင်​တော်​မူ​သ​ကဲ့​သို့၊ ငါ​တို့​သည် ခ​ရစ်​တော်၏ ကိုယ်​စား​ဖြစ်၍ သင်​တို့​ကို တောင်း​ပန် သွေး​ဆောင်​ကြ၏။-

အ​ထက်​က ကျင်​လည်​ကြ​သည်​အ​ရာ​မှာ လှည့်​ဖြား​တတ်​သော လော​ဘ​စိတ်​တို့​ဖြင့် ပုပ်​ပျက်​သော​လူ​ဟောင်း​ကို ချွတ်​ပယ်၍၊ စိတ်​နှ​လုံး​သ​ဘော​သစ်​ကို ရ​ပြီး​လျှင်၊ မှန်​သော​ဖြောင့်​မတ်​ခြင်း၊ သန့်​ရှင်း​ခြင်း ပါ​ရ​မီ​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​အ​တူ​အ​မျှ ဖန်​ဆင်း​သော လူ​သစ်​ကို ယူ​တင်​ဝတ်​ဆောင်​မည်​အ​ကြောင်း၊ ခ​ရစ်​တော်၏​စ​ကား​ကို ကြား​နာ​ရ​သည်​ဖြစ်၍၊ ယေ​ရှု၌ သ​မ္မာ​တ​ရား​ရှိ​သည်​နှင့်​အ​ညီ၊ ထို​သ​ခင်​ထံ၌ နည်း​ခံ​ကြ​ပြီ​သ​တည်း။

ငါ​တို့​သည် ဆု​တောင်း​လေ​ရာ​ရာ၌၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ကြည့်​ရှု​ပြု​စု​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​သည်​နည်း​တူ၊ အ​ခြား​သော​ဘု​ရား​ကြည့်​ရှု​ပြု​စု​သော​ကျေး​ဇူး​ကို အ​ဘယ်​မည်​သော​လူ​မျိုး​ကြီး ခံ​ရ​သ​နည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ