ဧဇရ 8:18Judson Bibleထိုသူတို့သည် ငါတို့၏ဘုရားသခင့် တန်ခိုးကျေးဇူးတော်ကြောင့်၊ ဣသရေလသားလေဝိ၏သား မဟာလိအမျိုးသား၊ ပညာရှိတစ်ယောက်၊ ရှေရဘိနှင့် သူ၏ပေါက်ဖော် တစ်ကျိပ်ရှစ်ယောက်၊ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏ တရားတော်မြတ်ကို သွန်သင်သော လေဝိသားအပေါင်းတို့ကို၊ ဟေဇကိသည် အားပေးသောစကားနှင့် နှုတ်ဆက်သဖြင့်၊ သူတို့သည် ခုနစ်ရက်ပတ်လုံးပွဲခံစဉ်အခါ၊ စားသောက်လျက် မိတ်သဟာယ ပူဇော်သကာကိုပြုလျက်၊ ဘိုးဘေးတို့၏ဘုရားသခင် ထာဝရဘုရားအား တောင်းပန်လျက် နေကြ၏။
အကြောင်းမူကား၊ ကျွန်တော်တို့ ဘုရားသခင်ကို ရှာသောသူအပေါင်းတို့သည်၊ တန်ခိုးကျေးဇူးတော်ကို ခံရကြလိမ့်မည်။ ကိုယ်တော်ကို စွန့်သောသူအပေါင်းတို့ကို၊ တန်ခိုးတော်ဆီးတား၍ အမျက်တော် သက်ရောက်လိမ့်မည်ဟု ငါတို့သည်ရှင်ဘုရင်အား လျှောက်ထားသောကြောင့်၊ လမ်းတွင် ရန်သူလက်နှင့် လွတ်စေခြင်းငှာ၊ လိုက်၍ပို့ရသော စစ်သူရဲ၊ မြင်းစီးသူရဲ၊ တစ်တပ်ကို ရှင်ဘုရင်၌မတောင်းဝံ့၊ ရှက်ကြ၏။
ဥယျာဉ်တော်မှူး အာသပ်သည် ဗိမာန်တော်ရဲတိုက်တံခါးတိုင်နှင့် တံခါးထုပ်ဖို့လည်းကောင်း၊ မြို့ရိုးနှင့် ကျွန်တော်နေရာ အိမ်ဖို့လည်းကောင်း၊ သစ်ကိုပေးရမည်အကြောင်း၊ အမိန့်တော်စာကိုလည်း သနားတော်မူပါဟု တောင်းလျှောက်သည်အတိုင်း၊ ငါ၏ဘုရားသခင့် တန်ခိုးကျေးဇူးတော်ကြောင့် ရှင်ဘုရင်သည် ပေးသနားတော်မူ၏။