ဧဇရ 8:16Judson Bibleလူကြီး ဧလျေဇာ၊ အရေလ၊ ရှေမာယ၊ နာသန်၊ ဇာခရိ၊ မေရှုလံ၊ ပညာရှိယာရိပ်၊ ဧလနာသန်တို့ကို ခေါ်၍၊ အခန်းကိုကြည့်ပါ။ |
ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် ဗိမာန်တော်ကိုလည်းကောင်း၊ နန်းတော်ကိုလည်းကောင်း၊ တည်ဆောက်ခြင်းငှာ တတ်စွမ်းနိုင်အောင် ဉာဏ်ကောင်း၍ ပညာသတိနှင့် ပြည့်စုံသောသားကို ဒါဝိဒ်မင်းကြီးအားပေးတော်မူသည်ဖြစ်၍၊ ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။
ဘုရားသခင်၏သားတော်သည် ကြွလာ၍၊ မှန်သောဘုရားသခင်ကို သိသောဉာဏ်ကို ငါတို့အား ပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ မှန်သောဘုရားသခင်၌လည်းကောင်း၊ သားတော်ယေရှုခရစ်၌လည်းကောင်း ငါတို့သည် တည်လျက်ရှိကြ၏။ ထိုသူသည်မှန်သော ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရအသက်လည်း ဖြစ်တော်မူ၏။