Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​ဇ​ရ 7:9

Judson Bible

ပ​ထ​မ​လ တစ်​ရက်​နေ့​တွင်၊ ဗာ​ဗု​လုန်​မြို့​မှ​ထွက်၍၊ ပ​ဥ္စ​မ​လ တစ်​ရက်​နေ့​တွင်၊ မိ​မိ​ဘု​ရား​သ​ခင် တန်​ခိုး​ကျေး​ဇူး​တော်​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား တန်ခိုးတော်​ကြောင့်၊ ငါ​သည် ခွန်​အား​ရှိ၍ ငါ​နှင့်​အ​တူ လိုက်​သွား​ရ​သော ဣ​သ​ရေ​လ​အ​မျိုး အ​ကြီး​အ​ကဲ​တို့​ကို စု​ဝေး​စေ၏။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​စာ​ကို လေ့​ကျက်​သော​ဆ​ရာ ဖြစ်​သော​သူ​ဧ​ဇ​ရ​သည် ဗာ​ဗု​လုန်​မြို့​မှ ထွက်​သွား၏။ ထို​သူ​တောင်း​သ​မျှ​ကို သူ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား တန်​ခိုး​တော်​ကြောင့် ရှင်​ဘု​ရင် ပေး​သ​နား​တော်​မူ၏။

ရှင်​ဘု​ရင်​နန်း​စံ ခု​နစ်​နှစ်၊ ပ​ဥ္စ​မ​လ​တွင် ဧ​ဇ​ရ​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လေ၏။

ထို​သူ​တို့​သည် ငါ​တို့၏​ဘု​ရား​သ​ခင့် တန်​ခိုး​ကျေး​ဇူး​တော်​ကြောင့်၊ ဣ​သ​ရေ​လ​သား​လေ​ဝိ၏​သား မ​ဟာ​လိ​အ​မျိုး​သား၊ ပ​ညာ​ရှိ​တစ်​ယောက်၊ ရှေ​ရ​ဘိ​နှင့် သူ၏​ပေါက်​ဖော် တစ်​ကျိပ်​ရှစ်​ယောက်၊

အ​ကြောင်း​မူ​ကား၊ ကျွန်​တော်​တို့ ဘု​ရား​သ​ခင်​ကို ရှာ​သော​သူ​အ​ပေါင်း​တို့​သည်၊ တန်​ခိုး​ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​လိမ့်​မည်။ ကိုယ်​တော်​ကို စွန့်​သော​သူ​အ​ပေါင်း​တို့​ကို၊ တန်​ခိုး​တော်​ဆီး​တား၍ အ​မျက်​တော် သက်​ရောက်​လိမ့်​မည်​ဟု ငါ​တို့​သည်​ရှင်​ဘု​ရင်​အား လျှောက်​ထား​သော​ကြောင့်၊ လမ်း​တွင် ရန်​သူ​လက်​နှင့် လွတ်​စေ​ခြင်း​ငှာ၊ လိုက်၍​ပို့​ရ​သော စစ်​သူ​ရဲ၊ မြင်း​စီး​သူ​ရဲ၊ တစ်​တပ်​ကို ရှင်​ဘု​ရင်၌​မ​တောင်း​ဝံ့၊ ရှက်​ကြ၏။

ပ​ထ​မ​လ တစ်​ဆယ်​နှစ်​ရက်​နေ့​တွင်၊ ငါ​တို့​သည် အ​ဟာ​ဝ​မြစ်​မှ​ထွက်၍၊ ယေ​ရု​ရှ​လင်​မြို့​သို့ ခ​ရီး​သွား​ကြ၏။ လမ်း​နား၌ ချောင်း၍​နေ​သော ရန်​သူ​လက်​မှ၊ ငါ​တို့၏ ဘု​ရား​သ​ခင့် တန်​ခိုး​တော်​ကြောင့် လွတ်​လျက်၊

ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်၍ သုံး​ရက်​နေ​ကြ၏။

ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​အား​ပြု​တော်​မူ​သော ကျေး​ဇူး​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​မိန့်​တော်​မူ​သော စ​ကား​ကို​လည်း​ကောင်း ကြား​ပြော​လေ​သော်၊ သူ​တို့​က၊ ငါ​တို့​သည် ထ၍​တည်​ကြ​ကုန်​အံ့​ဟု ဆို​လျက်၊ ထို​ကောင်း​မှု​ကို ပြီး​စေ​ခြင်း​ငှာ၊ တစ်​ယောက်​ကို​တစ်​ယောက် နှိုး​ဆော်​ကြ၏။

ဥ​ယျာဉ်​တော်​မှူး အာ​သပ်​သည် ဗိ​မာန်​တော်​ရဲ​တိုက်​တံ​ခါး​တိုင်​နှင့် တံ​ခါး​ထုပ်​ဖို့​လည်း​ကောင်း၊ မြို့​ရိုး​နှင့် ကျွန်​တော်​နေ​ရာ အိမ်​ဖို့​လည်း​ကောင်း၊ သစ်​ကို​ပေး​ရ​မည်​အ​ကြောင်း၊ အ​မိန့်​တော်​စာ​ကို​လည်း သ​နား​တော်​မူ​ပါ​ဟု တောင်း​လျှောက်​သည်​အ​တိုင်း၊ ငါ၏​ဘု​ရား​သ​ခင့် တန်​ခိုး​ကျေး​ဇူး​တော်​ကြောင့် ရှင်​ဘု​ရင်​သည် ပေး​သ​နား​တော်​မူ၏။

သို့​ပြု​လျှင် အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ထံ​မှ မ​ဆုတ်​ရ​ကြ​ပါ။ အ​ကျွန်ုပ်​တို့​ကို အ​သက်​ရှင်​စေ​တော်​မူ​ပါ။ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​ကြ​ပါ​မည်။

ထို​သို့ တွေ့​မြင်​သ​ဖြင့်၊ သင်​တို့၏​နှ​လုံး​သည် ရွှင်​မြူး၍၊ အ​ရိုး​တို့​သည် စိမ်း​လန်း​သော​အ​ပင်​ကဲ့​သို့ သန်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည်​လည်း ကျွန်​တော်​တို့​အား​လည်း​ကောင်း၊ အ​မျက်​တော်​သည် ရန်​သူ​တို့​အား​လည်း​ကောင်း ထင်​ရှား​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ