Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​ဇ​ရ 7:7

Judson Bible

အာ​တ​ဇေ​ရဇ်​မင်း​ကြီး နန်း​စံ​ခု​နစ်​နှစ်​တွင်၊ အ​ချို့​သော ဣ​သ​ရေ​လ​အ​မျိုး​သား ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ သီ​ချင်း​သည်၊ တံ​ခါး​စောင့်၊ ဘု​ရား​ကျွန်​တို့​သည်​လည်း၊ ယေ​ရု​ရှ​လင်​မြို့​သို့ လိုက်​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​အ​မျိုး အ​သက်​ကြီး​သူ​တို့​သည် တည်​ဆောက်၍၊ ပ​ရော​ဖက်​ဟ​ဂ္ဂဲ​နှင့် ဣ​ဒေါ​သား​ဇာ​ခ​ရိ ဟော​သော​အား​ဖြင့်၊ အ​ကြံ​ထ​မြောက်​ကြ၏။ ဣ​သ​ရေ​အ​မျိုး၏ ဘု​ရား​သ​ခင်​အ​မိန့်​တော်​နှင့် ပေ​ရ​သိ​ရှင်​ဘု​ရင်​ကု​ရု​မင်း၊ ဒါ​ရိ​မင်း အ​မိန့်​တော်​အ​တိုင်း တည်​ဆောက်၍ လက်​စ​သတ်​ကြ၏။

ထို​မှ​တစ်​ပါး၊ ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား၊ သီ​ချင်း​သည်၊ တံ​ခါး​စောင့်၊ ဘု​ရား​ကျွန်၊ ဘု​ရား​သ​ခင်၏ အိမ်​တော်​အ​မှု​စောင့် တစ်​စုံ​တစ်​ယောက်၌​မျှ ငွေ​တော်​ကို မ​ခွဲ​စေ​နှင့်။ အ​ခွန်​တော်​အ​ကောက်​တော်​ကို မ​ခံ​မ​ယူ​စေ​နှင့်​ဟု ငါ​မှာ​လိုက်၏။

ရှင်​ဘု​ရင်​နန်း​စံ ခု​နစ်​နှစ်၊ ပ​ဥ္စ​မ​လ​တွင် ဧ​ဇ​ရ​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လေ၏။

ဟာ​ခ​လိ​သား နေ​ဟ​မိ​စ​ကား​ဟူ​မူ​ကား၊ အာ​တ​ဇေ​ရဇ်​မင်း​ကြီး နန်း​စံ​နှစ်​ဆယ်၊ ခိ​သ​လု​လ​တွင်၊ ငါ​သည် ရှု​ရှန်​နန်း​တော်၌ ရှိ​နေ​စဉ်၊

ကြွင်း​သော​သူ၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ တံ​ခါး​စောင့်၊ သီ​ချင်း​သည်၊ ဘု​ရား​ကျွန်​အ​စ​ရှိ​သော ဘု​ရား​သ​ခင်၏ တ​ရား​ကို​စောင့်​အံ့​သော​ငှာ၊ ထို​ပြည်​သား​တို့​နှင့်​ကွာ​သော သူ​အ​ပေါင်း​တို့​သည် မ​ယား​သား​သ​မီး​တို့​နှင့်​တ​ကွ အ​ကျိုး​အ​ကြောင်း​ကို နား​လည်​သော​သူ​ဖြစ်၍၊

ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယော​ရှု​နောက်​သို့ လိုက်​လာ​သော ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​ဟူ​မူ​ကား၊ စ​ရာ​ယ၊ ယေ​ရ​မိ၊ ဧ​ဇ​ရ၊

အာ​တ​ဇေ​ရဇ်​မင်း​ကြီး နန်း​စံ​နှစ်​ဆယ်၊ နိ​သန်​လ​တွင် ရှေ့​တော်၌ တင်​သော​စ​ပျစ်​ရည်​ကို ငါ​ကိုင်၍ ဆက်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ