ဧဇရ 7:28Judson Bibleထိုသို့ ငါ၏ဘုရားသခင် ထာဝရဘုရား တန်ခိုးတော်ကြောင့်၊ ငါသည် ခွန်အားရှိ၍ ငါနှင့်အတူ လိုက်သွားရသော ဣသရေလအမျိုး အကြီးအကဲတို့ကို စုဝေးစေ၏။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်တို့သည် ကျွန်ခံလျက်နေရပါ၏။ ထိုသို့ ကျွန်ခံလျက် နေရသော်လည်း၊ အကျွန်ုပ်တို့၏ ဘုရားသခင်သည် စွန့်ပစ်တော်မမူ။ အကျွန်ုပ်တို့ အသက်လွတ်ခြင်းငှာလည်းကောင်း၊ အကျွန်ုပ်တို့ ဘုရားသခင်၏ အိမ်တော်ကို ထူထောင်၍၊ ပြိုပျက်ရာတို့ကို ပြုပြင်ခြင်းငှာလည်းကောင်း၊ ယုဒပြည် ယေရုရှလင်မြို့၌ ခိုလှုံရာအရပ်ကို အကျွန်ုပ်အား ပေးခြင်းငှာလည်းကောင်း၊ ပေရသိရှင်ဘုရင်တို့သည် အကျွန်ုပ်တို့၌ ကျေးဇူးပြုချင်သော စေတနာစိတ်ကို ပေးသနားတော်မူပြီ။
အို ဘုရားရှင်၊ ကိုယ်တော်ကျွန်ပြုသော ပတ္ထနာစကားနှင့် နာမတော်ကို ရိုသေချင်သော ကျွန်တော်များပြုသော ပတ္ထနာစကားကို နားထောင်တော်မူပါ။ ကိုယ်တော်ကျွန်ကို ယနေ့ ကောင်ချီးပေးတော်မူပါ။ ဤလူရှေ့မှာ မျက်နှာရပါမည်အကြောင်း ကယ်မသနားတော်မူပါဟု ဆုတောင်းလေ၏။ ထိုအခါ ငါသည် ရှင်ဘုရင်၏ ဖလားတော်ကိုင် ဖြစ်သတည်း။
ဥယျာဉ်တော်မှူး အာသပ်သည် ဗိမာန်တော်ရဲတိုက်တံခါးတိုင်နှင့် တံခါးထုပ်ဖို့လည်းကောင်း၊ မြို့ရိုးနှင့် ကျွန်တော်နေရာ အိမ်ဖို့လည်းကောင်း၊ သစ်ကိုပေးရမည်အကြောင်း၊ အမိန့်တော်စာကိုလည်း သနားတော်မူပါဟု တောင်းလျှောက်သည်အတိုင်း၊ ငါ၏ဘုရားသခင့် တန်ခိုးကျေးဇူးတော်ကြောင့် ရှင်ဘုရင်သည် ပေးသနားတော်မူ၏။