Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​ဇ​ရ 7:26

Judson Bible

သင်၏​ဘု​ရား​သ​ခင့်​တ​ရား​နှင့် ရှင်​ဘု​ရင်​အ​မိန့်​တော်​ကို ငြင်း​ဆန်​သော​သူ မည်​သည်​ကား၊ အ​သေ​သတ်​ခြင်း၊ နှင်​ထုတ်​ခြင်း၊ ဥ​စ္စာ​သိမ်း​ယူ​ခြင်း၊ ထောင်​ထဲ​မှာ လှောင်​ထား​ခြင်း​တည်း​ဟူ​သော ရာ​ဇ​ဝတ်​တစ်​စုံ​တစ်​ခု​ကို အ​လျင်​အ​မြန်​ခံ​စေ​ဟု အ​မိန့်​တော်​စာ၌​ပါ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​ပြည်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့ စီ​ရင်​သည်​အ​တိုင်း၊ တ​ညီ​တ​ညွတ်​တည်း ပြု​ချင်​သော စေ​တ​နာ​စိတ်​ကို၊ ဘု​ရား​သ​ခင်​တန်​ခိုး​တော်​ကြောင့်​ရ​ကြ၏။

ထ​တော်​မူ​ပါ။ ဤ​အ​မှု​ကို ကိုယ်​တော်​ဆိုင်​ပါ၏။ အ​ကျွန်ုပ်​တို့​သည်​လည်း ဝိုင်း၍ မ​စ​ကြ​ပါ​မည်။ ရဲ​ရင့်​သော စိတ်​ရှိ၍ ပြု​တော်​မူ​ပါ​ဟု ဧ​ဇ​ရ​အား ပြန်​ပြော​ကြ​လျှင်၊

မင်း​များ​နှင့် အ​သက်​ကြီး​သူ​များ စီ​ရင်​သည်​အ​တိုင်း၊ သုံး​ရက်​အ​တွင်း​တွင် မ​ရောက်​သော​သူ မည်​သည်​ကား၊ သိမ်း​သွား​ခြင်း၊ အ​မျိုး​သား​ပ​ရိသတ်​ထဲ​က နှင်​ထုတ်​ခြင်း​ကို​ခံ၍၊ သူ၏​ဥ​စ္စာ​ရှိ​သ​မျှ​သည် ကျိန်​ဆို​အပ်​သော​ဥ​စ္စာ ဖြစ်​စေ​မည်​အ​ကြောင်း၊ ယေ​ရု​ရှ​လင်​မြို့​မှ စ၍ ယု​ဒ​ပြည်​တစ်​လျှောက်​လုံး၌ ကြော်​ငြာ​ကြ၏။

၎င်း​နည်း အ​ကြင်​သူ​သည် ဤ​အ​မိန့်​တော်​ကို​ငြင်း​ဆန်​လျှင်၊ ထို​သူ၏​အိမ်​မှ သစ်​တိုင်​ကို​နုတ်​ယူ၍ စိုက်​ပြီး​မှ သူ့​ကို​လည်​ဆွဲ​ချ​စေ။ သူ့​အိမ်​ကို​လည်း နောက်​ချေး​ပုံ​ဖြစ်​စေ​ဟု ငါ​အ​မိန့်​တော်​ရှိ၏။

ယေ​ရု​ရှ​လင်​မြို့၏ ဘု​ရား​အိမ်​တော်​ကို ကျိုး​ပဲ့​ပျက်​စီး​စေ​ခြင်း​ငှာ ပြု​သော​ရှင်​ဘု​ရင်​နှင့် ဆင်း​ရဲ​သား​အ​ပေါင်း​တို့​ကို၊ ထို​အ​ရပ်၌ နာ​မ​တော်​တည်​စေ​သော ဘု​ရား​သ​ခင်​သည် ဖျက်​ဆီး​တော်​မူ​ပါ​စေ​သော။ ငါ​ဒါ​ရိ​သည် အ​မိန့်​တော်​ကို​ပေး၏။ အ​မိန့်​တော်​အ​တိုင်း အ​လျင်​အ​မြန်​ပြု​စေ​ဟု ပေး​လိုက်​သ​တည်း။

အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် သင့်​ကို အ​စဉ်​အ​မြဲ ချိုး​ဖျက်​ပယ်​ရှင်း​လျက်၊ သင်၏​နေ​ရာ​ထဲ​က​နှင်​ထုတ်၍၊ အ​သက်​ရှင်​သော​သူ​တို့၏​နေ​ရာ​ထဲ​က နုတ်​ပစ်​တော်​မူ​မည်။

ငါ​အ​စိုး​ရ​သော တစ်​နိုင်​ငံ​လုံး​တွင် ရှိ​နေ​သော သင်​တို့​သည် ဒံ​ယေ​လ၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရို​သေ​ကြ​ကုန်​ဟု ငါ​အ​မိန့်​တော်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို ဘု​ရား​သ​ခင်​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား၊ နိ​စ္စ​ထာ​ဝ​ရ​တည်​တော်​မူ​သော ဘု​ရား ဖြစ်​တော်​မူ၏။ နိုင်​ငံ​တော်​သည် ပျက်​စီး​ခြင်း​သို့ မ​ရောက်​နိုင်။ အာ​ဏာ​စက်​တော်​လည်း အ​စဉ်​အ​ဆက် တည်​လိမ့်​မည်။

ဤ​ပ​ညတ်​တ​ရား​စ​ကား​တို့​ကို အ​မြဲ​မ​ကျင့်​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ