Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​ဇ​ရ 7:13

Judson Bible

ငါ့​နိုင်​ငံ၌​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​တွင် ယေ​ရု​ရှ​လင်​မြို့​သို့ ကိုယ်​အ​လို​အ​လျောက် သွား​ချင်​သော​သူ ရှိ​သ​မျှ​တို့​သည် သင်​နှင့်​အ​တူ လိုက်​သွား​ရ​မည်​အ​ကြောင်း ငါ​အ​မိန့်​တော်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အ​ရပ်​ရပ်​တို့​က​လာ၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား၊ ယေ​ရု​ရှ​လင်​မြို့၌ ပ​သ​ခါ​ပွဲ​ကို​ခံ​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး၊ ဗေ​ရ​ရှေ​ဘ​မြို့​မှ​စ၍ ဒန်​မြို့​တိုင်​အောင်၊ ကြော်​ငြာ​စေ​မည်​အ​ကြောင်း အ​မိန့်​တော်​နှင့်​စီ​ရင်​ကြ၏။

သင်​တို့​တွင် အ​ဘယ်​သူ​သည် ဘု​ရား​သ​ခင်၏​လူ ဖြစ်​သ​နည်း။ ထို​သူ​နှင့်​အ​တူ ဘု​ရား​သ​ခင် ရှိ​တော်​မူ​ပါ​စေ​သော။ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ကို တည်​ဆောက်​စေ။ ယေ​ရု​ရှ​လင်​မြို့၌ ရှိ​တော်​မူ​သော​ဘု​ရား​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။

ဗာ​ဗု​လုန်​ရှင်​ဘု​ရင် ကု​ရု​သည်၊ နန်း​စံ​ပ​ထ​မ​နှစ်​တွင် ဤ​ဗိ​မာန်​တော်​ကို ပြု​ပြင်​ရ​မည်​အ​ကြောင်း မိန့်​တော်​မူ၏။

ထို​အ​ခါ ဒါ​ရိ​မင်း​ကြီး​အ​မိန့်​တော်​နှင့် ဗာ​ဗု​လုန်​မြို့ ဘ​ဏ္ဍာ​တော်​ထား​ရာ စာ​တိုက်၌ ရှာ​ဖွေ​ကြ၏။

ရှု​ရှန်​နန်း​တော်၌ ထို​အ​မိန့်​တော်​စာ​ကို ကြော်​ငြာ​ပြီး​မှ၊ ရှင်​ဘု​ရင် စီ​ရင်​သည်​အ​တိုင်း၊ စာ​ပို့​လု​လင်​တို့​သည် အ​လျင်​အ​မြန် ပြေး​သွား​ကြ၏။ ရှင်​ဘု​ရင်​နှင့် ဟာ​မန်​သည် စ​ပျစ်​ရည်​သောက်​ပွဲ၌ ထိုင်၍၊ ရှု​ရှန်​မြို့​တော်​သည် ဆင်း​ရဲ​ခြင်း​သို့ ရောက်​သ​တည်း။

ရှင်​ဘု​ရင်​မိန့်​တော်​မူ၍ ရှု​ရှန်​နန်း​တော်၌ အ​မိန့်​တော်​ကို ထုတ်​ပြီး​မှ၊ ဟာ​မန်​သား​တစ်​ကျိပ်​ကို ဆွဲ​ထား​ကြ၏။

တန်​ခိုး​တော်​ပြ​သော နေ့​ရက်​ကာ​လ၌၊ ကိုယ်​တော်၏​လူ​တို့​သည် သန့်​ရှင်း​သော တန်​ဆာ​ကို​ဆင်​လျက်၊ ကြည်​ညို​သော​စေ​တ​နာ​စိတ်​ရှိ၍၊ လူ​ပျို​တော်​တို့​သည် နံ​နက်​ဝမ်း​ထဲ​က​ထွက်​သော ဆီး​နှင်း​ကဲ့​သို့ ဖြစ်​ကြ​ပါ​လိမ့်​မည်။

ထို​အ​ရာ​တို့​ကို ကာ​လ​အ​စဉ်​အ​ဆက် အ​မြဲ​တည်​စေ​တော်​မူ၍၊ မ​ပျက်​ရ​သော​ဓ​မ္မ​တာ​ကို စီ​ရင်​တော်​မူ၏။

ငါ​အ​စိုး​ရ​သော တစ်​နိုင်​ငံ​လုံး​တွင် ရှိ​နေ​သော သင်​တို့​သည် ဒံ​ယေ​လ၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရို​သေ​ကြ​ကုန်​ဟု ငါ​အ​မိန့်​တော်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို ဘု​ရား​သ​ခင်​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား၊ နိ​စ္စ​ထာ​ဝ​ရ​တည်​တော်​မူ​သော ဘု​ရား ဖြစ်​တော်​မူ၏။ နိုင်​ငံ​တော်​သည် ပျက်​စီး​ခြင်း​သို့ မ​ရောက်​နိုင်။ အာ​ဏာ​စက်​တော်​လည်း အ​စဉ်​အ​ဆက် တည်​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အ​လို​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျင့်​ကျင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​အ​ထဲ၌ စေ​တ​နာ​တော်​အား​ဖြင့် ပြု​ပြင်​တော်​မူ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။-

ဝိ​ညာဉ်​တော်​နှင့် မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​က လာ​ခဲ့​ပါ​ဟု ဆို​ကြ၏။ ကြား​သော​သူ​က​လည်း၊ လာ​ခဲ့​ပါ​ဟု​ဆို​ပါ​စေ၊ ရေ​ငတ်​သော​သူ​သည် လာ​ပါ​စေ။ အ​လို​ရှိ​သော​သူ​သည် အ​ဖိုး​ကို​မ​ပေး​ဘဲ အ​သက်​ရေ​ကို ယူ​ပါ​စေ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ