Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​ဇ​ရ 7:1

Judson Bible

ထို​နောက်၊ ပေ​ရ​သိ​ရှင်​ဘု​ရင် အာ​တ​ဇေ​ရဇ်​လက်​ထက်၌၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး အာ​ရုန်၊ ဧ​လာ​ဇာ၊ ဖိ​န​ဟတ်၊ အ​ဘိ​ရွှ၊ ဗု​က္ကိ၊ ဩ​ဇိ၊ ဇေ​ရ​ဟိ၊ မေ​ရာ​ယုတ်၊ အာ​ဇ​ရိ၊ အာ​မ​ရိ၊ အ​ဟိ​တုတ်၊ ဇာ​ဒုတ်၊ ရှ​လ္လုံ၊ ဟိ​လ​ခိ၊ အာ​ဇ​ရိ၊ စ​ရာ​ယ​တို့​မှ ဆင်း​သက်​သော​သူ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ဗိ​မာန်​တော်​သို့​ဆောင်​ခဲ့၍ လူ​များ​လက်​မှ တံ​ခါး​စောင့်​ခံ​ယူ​သော ငွေ​ကို ယဇ်​ပု​ရော​ဟိတ်​မင်း​ရေ​တွက်​သ​ဖြင့်၊

ယဇ်​ပု​ရော​ဟိတ်​မင်း ဟိ​လ​ခိ​က​လည်း၊ ပ​ည​တ္တိ​ကျမ်း​စာ​စောင်​ကို ဗိ​မာန်​တော်၌ ငါ​တွေ့​ပြီ​ဟု စာ​ရေး​တော်​ရှာ​ဖန်​အား ဆို​လျက်၊ ကျမ်း​စာ​ကို​အပ်၍ စာ​ရေး​တော်​ဖတ်၏။

ကိုယ်​ရံ​တော်​မှူး​သည် ယဇ်​ပု​ရော​ဟိတ်​မင်း စ​ရာ​ယ၊ ဒု​တိ​ယ​ယဇ်​ပု​ရော​ဟိတ် ဇေ​ဖ​နိ၊ ဗိ​မာန်​တော်​တံ​ခါး​မှူး သုံး​ယောက်​တို့​ကို ဖမ်း​ဆီး​လေ၏။

အ​ဟိ​တုပ်၊ မ​ရာ​ယုတ်၊ ဇာ​ဒုတ်၊ မေ​ရှု​လံ၊ ဟိ​လ​ခိ​တို့​မှ ဆင်း​သက်​သော ဘု​ရား​သ​ခင်၏​အိမ်​တော်​အုပ် အာ​ဇ​ရိ​တစ်​ပါး၊

တွေ့​ကြောင်း​ကို စာ​ရေး​တော်​ရှာ​ဖန်​အား​ပြော​လျက် ထို​ကျမ်း​စာ​ကို​အပ်​ပေး၏။

ထို​သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​မင်း ဟိ​လ​ခိ​ထံ​သို့​သွား၍၊ ဗိ​မာန်​တော်​သို့ လူ​များ​ဆောင်​ခဲ့​သော​ငွေ၊ မ​နာ​ရှေ​အ​မျိုး​သား၊ ဧ​ဖ​ရိမ်​အ​မျိုး​သား၊ ကျန်​ကြွင်း​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​ရှိ​သ​မျှ၊ ယု​ဒ​အ​မျိုး​သား၊ ဗင်္ယာ​မိန်​အ​မျိုး​သား၊ ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား အ​ပေါင်း​တို့​လက်​မှ တံ​ခါး​စောင့် လေ​ဝိ​သား​တို့​ခံ​သော ငွေ​ကို​ယူ၍၊

အာ​တ​ဇေ​ရဇ်​လက်​ထက်၌ ဗိ​ရှ​လံ၊ မိ​သ​ရေ​ဒတ်၊ တ​ဗေ​လ​နှင့် အ​ခြား​သော​အ​ပေါင်း​အ​ဖော်​တို့​သည်၊ ရှု​ရိ​ဘာ​သာ​စ​ကား​နှင့် ရေး​သော​လွှာ​စာ​ကို၊ ပေ​ရ​သိ​ရှင်​ဘု​ရင် အာ​တ​ဇေ​ရဇ်​ထံ​သို့ ပေး​လိုက်​ကြ၏။

ယု​ဒ​အ​မျိုး အ​သက်​ကြီး​သူ​တို့​သည် တည်​ဆောက်၍၊ ပ​ရော​ဖက်​ဟ​ဂ္ဂဲ​နှင့် ဣ​ဒေါ​သား​ဇာ​ခ​ရိ ဟော​သော​အား​ဖြင့်၊ အ​ကြံ​ထ​မြောက်​ကြ၏။ ဣ​သ​ရေ​အ​မျိုး၏ ဘု​ရား​သ​ခင်​အ​မိန့်​တော်​နှင့် ပေ​ရ​သိ​ရှင်​ဘု​ရင်​ကု​ရု​မင်း၊ ဒါ​ရိ​မင်း အ​မိန့်​တော်​အ​တိုင်း တည်​ဆောက်၍ လက်​စ​သတ်​ကြ၏။

အ​ကြောင်း​မူ​ကား၊ ဧ​ဇ​ရ​သည် ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​တော်​ကို စစ်​ဆေး စောင့်​ရှောက်​ခြင်း​ငှာ​လည်း​ကောင်း၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး၌ သွန်​သင်​ခြင်း​ငှာ​လည်း​ကောင်း သ​ဘော​ကျ​သော​သူ​ဖြစ်၏။

ဘု​ရင်​တို့၏​ဘု​ရင် အာ​တ​ဇေ​ရဇ်​သည် ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင့် တ​ရား​ကျမ်း​တတ်​ဆ​ရာ၊ ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ၌ ခပ်​သိမ်း​သော မင်္ဂ​လာ​ဖြစ်​စေ​သော​ဟူ၍ ဤ​မည်​သော​ကာ​လ​တွင် မှာ​လိုက်၏။

ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင့်​တ​ရား​ကို လေ့​ကျက်​သော​ဆ​ရာ၊ ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ တောင်း​သ​မျှ​အ​တိုင်း၊

အ​ဟိ​တုပ်၊ မ​ရာ​ယုတ်၊ ဇာ​ဒုတ်၊ မေ​ရှု​လံ၊ ဟိ​လ​ခိ​တို့​မှ ဆင်း​သက်​သော ဘု​ရား​သ​ခင်၏ အိမ်​တော်​အုပ်​စ​ရာ​ယ အ​စ​ရှိ​သော၊

အာ​တ​ဇေ​ရဇ်​မင်း​ကြီး နန်း​စံ​နှစ်​ဆယ်၊ နိ​သန်​လ​တွင် ရှေ့​တော်၌ တင်​သော​စ​ပျစ်​ရည်​ကို ငါ​ကိုင်၍ ဆက်​လေ၏။

သ​တ္တ​မ​လ​ရောက်​မှ၊ မြို့​ရွာ​အ​ရပ်​ရပ်၌​နေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား လူ​အ​ပေါင်း​တို့​သည် လာ၍ ရေ​တံ​ခါး​လမ်း​တွင် စည်း​ဝေး​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး၌ ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော မော​ရှေ​ပ​ည​တ္တိ​ကျမ်း​စာ​ကို ဆောင်​ခဲ့​ပါ​ဟု ကျမ်း​တတ်​ဆ​ရာ​ဧ​ဇ​ရ​ကို တောင်း​သည်​အ​တိုင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ