Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​ဇ​ရ 6:8

Judson Bible

ထို​မှ​တစ်​ပါး၊ သင်​တို့​သည် ထို​ဘု​ရား၏ အိမ်​တော်​တည်​ခြင်း​အ​မှု​ကို ယု​ဒ​အ​မျိုး​အ​သက်​ကြီး​သူ​တို့​နှင့် ကူ​ညီ​ရ​မည်​အ​ကြောင်း၊ သူ​တို့​သည် အ​ဆီး​အ​တား မ​ရှိ​စေ​ခြင်း​ငှာ၊ မြစ်​အ​နောက်​ဘက်၌ ခံ​သော အ​ခွန်​တော်​တည်း​ဟူ​သော ဘ​ဏ္ဍာ​တော်​ထဲ​က အိမ်​တော်​တည်​စ​ရာ​စ​ရိတ်​ကို ချက်​ချင်း ထုတ်​ပေး​ရ​မည်​အ​ကြောင်း ငါ​အ​မိန့်​တော်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​မြို့​ကို​တည်​ပြန်၍ မြို့​ရိုး​ကို လက်​စ​သတ်​လျှင်၊ ကိုယ်​တော်​သည် မြစ်​အ​နောက်​ဘက်၌ အ​စိုး​ရ​တော်​မ​မူ​ကြောင်း​ကို ကျွန်​တော်​တို့ လျှောက်​ထား​ပါ​သည်​ဟု စာ၌​ပါ​သ​တည်း။

အာ​တ​ဇေ​ရဇ်​မင်း​ကြီး​စာ​ကို ရေ​ဟုံ​နှင့် မြို့​စာ​ရေး​ရှိ​မ​ရှဲ အ​စ​ရှိ​သော သူ​တို့​အ​ပေါင်း​အ​ဖော်​ရှေ့​မှာ ဖတ်​ပြီး​လျှင်၊ သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၊ ယု​ဒ​လူ​တို့​ရှိ​ရာ​သို့ အ​လျင်​အ​မြန်​သွား၍ ယု​ဒ​လူ​တို့၏ အ​လုပ်​အ​ကိုင်​ကို အ​နိုင်​အ​ထက် ဆီး​တား​ကြ​၏။

ဒါ​ရိ​မင်း အ​မိန့်​တော်​မ​ရောက်​မီ အ​လုပ်​အ​ကိုင် မ​ပြတ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် ယု​ဒ​အ​မျိုး​သား အ​သက်​ကြီး​သူ​တို့​ကို ထောက်​ရှု​တော်​မူ၏။ သို့​ဖြစ်၍ အ​ထံ​တော်​သို့​လျှောက်​စာ​ကို ပေး​လိုက်​ကြ၏။

ယု​ဒ​အ​မျိုး အ​သက်​ကြီး​သူ​တို့​သည် တည်​ဆောက်၍၊ ပ​ရော​ဖက်​ဟ​ဂ္ဂဲ​နှင့် ဣ​ဒေါ​သား​ဇာ​ခ​ရိ ဟော​သော​အား​ဖြင့်၊ အ​ကြံ​ထ​မြောက်​ကြ၏။ ဣ​သ​ရေ​အ​မျိုး၏ ဘု​ရား​သ​ခင်​အ​မိန့်​တော်​နှင့် ပေ​ရ​သိ​ရှင်​ဘု​ရင်​ကု​ရု​မင်း၊ ဒါ​ရိ​မင်း အ​မိန့်​တော်​အ​တိုင်း တည်​ဆောက်၍ လက်​စ​သတ်​ကြ၏။

ကြီး​သော​ကျောက်​တန်း သုံး​ဆင့်၊ အ​သစ်​သော​သစ်​သား​တန်း တစ်​ဆင့်​နှင့် အ​ထပ်​ထပ်​တည်​စေ။ စ​ရိတ်​များ​ကို​လည်း ဘ​ဏ္ဍာ​တော်​ထဲ​က ထုတ်၍​ပေး​စေ။

ထို​ဘု​ရား၏ အိမ်​တော်​တည်​ခြင်း​အ​မှု​ကို မ​ဆီး​မ​တား​ကြ​နှင့်။ ယု​ဒ​မြို့​ဝန်​နှင့် ယု​ဒ​အ​မျိုး​အ​သက်​ကြီး သူ​တို့​သည် ထို​အိမ်​တော်​ကို မိ​မိ​နေ​ရာ၌ တည်​ပါ​လေ​စေ၊

ထို​မှ​တစ်​ပါး၊ သူ​တို့​သည် မွှေး​ကြိုင်​သော​ယဇ်​တို့​ကို ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်​အား​ပူ​ဇော်၍၊

အ​ကြောင်း​မူ​ကား၊ သင်၏ ဘု​ရား​သ​ခင့်​တ​ရား​ကို သင်​လေ့​ကျက်​သည်​အ​တိုင်း၊ ယု​ဒ​ပြည်​ယေ​ရု​ရှ​လင်​မြို့၌ တ​ရား​အ​မှု​များ​ကို မေး​မြန်း​စစ်​ဆေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊

အ​ကြောင်း​မူ​ကား၊ သီ​ချင်း​သည်​တို့​သည် နေ့​ရက် အ​စဉ်​အ​တိုင်း စား​စ​ရာ​ရိ​က္ခာ​ကို ခံ​ရ​မည်​အ​ကြောင်း ရှင်​ဘု​ရင် အ​မိန့်​တော်​ရှိ၏။

ဥ​ယျာဉ်​တော်​မှူး အာ​သပ်​သည် ဗိ​မာန်​တော်​ရဲ​တိုက်​တံ​ခါး​တိုင်​နှင့် တံ​ခါး​ထုပ်​ဖို့​လည်း​ကောင်း၊ မြို့​ရိုး​နှင့် ကျွန်​တော်​နေ​ရာ အိမ်​ဖို့​လည်း​ကောင်း၊ သစ်​ကို​ပေး​ရ​မည်​အ​ကြောင်း၊ အ​မိန့်​တော်​စာ​ကို​လည်း သ​နား​တော်​မူ​ပါ​ဟု တောင်း​လျှောက်​သည်​အ​တိုင်း၊ ငါ၏​ဘု​ရား​သ​ခင့် တန်​ခိုး​ကျေး​ဇူး​တော်​ကြောင့် ရှင်​ဘု​ရင်​သည် ပေး​သ​နား​တော်​မူ၏။

ငါ​အ​စိုး​ရ​သော တစ်​နိုင်​ငံ​လုံး​တွင် ရှိ​နေ​သော သင်​တို့​သည် ဒံ​ယေ​လ၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရို​သေ​ကြ​ကုန်​ဟု ငါ​အ​မိန့်​တော်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို ဘု​ရား​သ​ခင်​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား၊ နိ​စ္စ​ထာ​ဝ​ရ​တည်​တော်​မူ​သော ဘု​ရား ဖြစ်​တော်​မူ၏။ နိုင်​ငံ​တော်​သည် ပျက်​စီး​ခြင်း​သို့ မ​ရောက်​နိုင်။ အာ​ဏာ​စက်​တော်​လည်း အ​စဉ်​အ​ဆက် တည်​လိမ့်​မည်။

ရွှေ​နှင့် ငွေ​ကို ငါ​ပိုင်​သည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ