Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​ဇ​ရ 6:5

Judson Bible

ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​ထဲ​က နေ​ဗု​ခဒ်​နေ​ဇာ​ထုတ်၍ ဘု​ရား​သ​ခင်၏​အိမ်​တော်​နှင့် ဆိုင်​သော်​လည်း၊ ဗာ​ဗု​လုန်​မြို့​သို့​ဆောင်​ခဲ့​သော ရွှေ​တန်​ဆာ ငွေ​တန်​ဆာ​တို့​ကို ပြန်​ပေး​စေ။ ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​သို့ ပို့၍ အ​လုံး​စုံ​တို့​ကို ဘု​ရား​အိမ်​တော်​ထဲ​တွင် မိ​မိ​တို့​နေ​ရာ၌ ထား​စေ​ဟု ကု​ရု​မင်း​ကြီး​သည် နန်း​စံ​ပ​ထ​မ​နှစ်​တွင်၊ ယေ​ရု​ရှ​လင်​မြို့၏ ဘု​ရား​အိမ်​တော်​အ​မှု​မှာ အ​မိန့်​တော်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ဖူး​သည်​အ​တိုင်း ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို သိမ်း​သွား၍၊ ဗိ​မာန်​တော်​အ​ဖို့ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​လုပ်​သော ရွှေ​တန်​ဆာ​အ​လုံး​စုံ​တို့​ကို အ​ပိုင်း​ပိုင်း​ဖြတ်​လေ၏။

နှစ်​လည်​သော​အ​ခါ၊ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် စစ်​ချီ​စေ၍၊ ထို​မင်း​နှင့်​တ​ကွ ကောင်း​မွန်​သော ဗိ​မာန်​တော်​တန်​ဆာ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား၍၊ ဘ​ထွေး​တော်​ဇေ​ဒ​ကိ​ကို၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့ နန်း​တော်​ပေါ်​မှာ တင်​လေ၏။

ဗိ​မာန်​တော်​တန်​ဆာ အ​ကြီး​အ​ငယ် ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ဗိ​မာန်​တော်​ဘ​ဏ္ဍာ၊ နန်း​တော်​ဘ​ဏ္ဍာ၊ မှူး​မတ်​ဘ​ဏ္ဍာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား၏။

နေ​ဗု​ခဒ်​နေ​ဇာ​သည် ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​ထဲ​က​ထုတ်၍၊ ဘု​ရား​သ​ခင်၏​အိမ်​တော်​နှင့် ဆိုင်​သော်​လည်း၊ ဗာ​ဗု​လုန်​မြို့၏ ဗိ​မာန်​သို့ ဆောင်​သွား​သော ရွှေ​တန်​ဆာ၊ ငွေ​တန်​ဆာ​တို့​ကို ကု​ရု​မင်း​ကြီး​သည် ဗာ​ဗု​လုန်​မြို့၏​ဗိ​မာန်​ထဲ​က တစ်​ဖန်​ထုတ်၍၊ ရှေ​ရှ​ဗာ​ဇာ​အ​မည်​နှင့် မြို့​ဝန်​အ​ရာ၌ ခန့်​ထား​သော​သူ​လက်​သို့ အပ်​တော်​မူ​လျက်၊

ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် လူ​အ​ပေါင်း​တို့​အား​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ငါ​ပြန်​ပြော​သည်​ကား၊ ကာ​လ​မ​ကြာ​မ​မြင့်​မီ၊ ဗိ​မာန်​တော်​တန်​ဆာ​တို့​ကို ဗာ​ဗု​လုန်​မြို့​မှ တစ်​ဖန်​ဆောင်​ခဲ့​လိမ့်​မည်​ဟု သင်​တို့​အား ဟော​ပြော​သော ပ​ရော​ဖက်​တို့၏​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့်။ သူ​တို့​သည် မု​သား​စ​ကား​ကို ဟော​ပြော​တတ်​ကြ၏။

ရွှေ​တန်​ဆာ၊ ငွေ​တန်​ဆာ​တည်း​ဟူ​သော အင်​တုံ၊ လင်​ပန်း၊ အိုး၊ အိုး​ကင်း၊ မီး​ခုံ၊ ဇွန်း၊ ဖ​လား​များ​ကို၊ ရွှေ​ဖြစ်​စေ၊ ငွေ​ဖြစ်​စေ၊ ကိုယ်​ရံ​တော်​မှူး​သည် ယူ​သွား​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​မှ​စ၍ ဗိ​မာန်​တော်​တန်​ဆာ​အ​ချို့​တို့​ကို နေ​ဗု​ခဒ်​နေ​ဇာ​လက်​သို့ အပ်​နှံ​တော်​မူ၍၊ ထို​တန်​ဆာ​များ​ကို နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ရှိ​နာ​ပြည်၌​ရှိ​သော မိ​မိ​ဘု​ရား၏​ကျောင်း​သို့ ယူ​သွား​ပြီး​လျှင်၊ ရွှေ​တိုက်၌ သွင်း​ထား​တော်​မူ၏။

စ​ပျစ်​ရည်​ကို မြည်း​စမ်း​သော​အ​ခါ၊ ယေ​ရု​ရှ​လင်​မြို့ ဗိ​မာန်​တော်​ထဲ​က ခ​မည်း​တော်​နေ​ဗု​ခဒ်​နေ​ဇာ သိမ်း​ယူ​ဆောင်​ခဲ့​သော ရွှေ​ဖ​လား၊ ငွေ​ဖ​လား​တို့​နှင့် ကိုယ်​တော်​တိုင်​မှ​စ၍ မင်း​သား၊ မိ​ဖု​ရား၊ မောင်း​မ​မိဿံ​တို့​သည် သောက်​ရ​မည်​အ​ကြောင်း၊ ထို​ဖ​လား​တို့​ကို​ယူ​ခဲ့​ရ​မည်​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ