Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​ဇ​ရ 6:3

Judson Bible

ယဇ်​ပူ​ဇော်​ရာ အိမ်​တော်​ကို တည်​စေ။ တိုက်​မြစ်​ကို ခိုင်​ခံ့​စွာ​ချ​ထား​စေ။ အ​မြင့် အ​တောင်​ခြောက်​ဆယ်၊ အ​နံ အ​တောင်​ခြောက်​ဆယ် ရှိ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

တု​ရု​မင်း​ကြီး​ဟိ​ရံ​ထံ​သို့ စေ​လွှတ်၍၊ မင်း​ကြီး​သည် ငါ့​အ​ဘ​ဒါ​ဝိဒ်၏ နန်း​တော်​ဆောက်​စ​ရာ​ဖို့ အာ​ရဇ်​သစ်​သား​ကို ပေး​လိုက်​သည်​နည်း​တူ ငါ၌​တစ်​ဖန် ကျေး​ဇူး​ပြု​ပါ​လော့။

ကောင်း​ကင်​နှင့် ကောင်း​ကင်​တ​ကာ​တို့၏ အ​ထွတ်​အ​မြင့်​ဆုံး​သော ကောင်း​ကင်​သည် ကိုယ်​တော်​ကို မ​ဆံ့​မ​ခံ​နိုင်​သည်​ဖြစ်၍၊ ကျိန်း​ဝပ်​တော်​မူ​ရာ​အိမ်​ကို အ​ဘယ်​သူ တည်​ဆောက်​နိုင်​မည်​နည်း။ ရှေ့​တော်၌​ယဇ်​ကို မီး​ရှို့​ရာ​အိမ်​မှ​တစ်​ပါး အ​ခြား​သော​အိမ်​တော်​ကို တည်​ဆောက်​ခြင်း​ငှာ ငါ​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​သ​နည်း။

ယေ​ရ​မိ​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ပြည့်​စုံ​စေ​ခြင်း​ငှာ၊ ပေ​ရ​သိ​ရှင်​ဘု​ရင် ကု​ရု​နန်း​စံ ပ​ထ​မ​နှစ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား နှိုး​ဆော်​တော်​မူ​သော​အား​ဖြင့်၊ ထို​ရှင်​ဘု​ရင်​သည် အ​မိန့်​တော်​စာ​ကို ထုတ်​ပြီး​လျှင်၊ ပေ​ရ​သိ​နိုင်​ငံ​အ​ရပ်​ရပ်​တို့၌ ကြော်​ငြာ​စေ၍၊

ပေ​ရ​သိ​ရှင်​ဘု​ရင် ကု​ရု​မင်း မိန့်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ မြေ​ကြီး​ပေါ်​မှာ တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို ငါ့​အား ပေး​တော်​မူ​သည်​ဖြစ်၍၊ ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့၌ အိမ်​တော်​ကို ငါ​တည်​ဆောက်​ရ​မည်​အ​ကြောင်း မှာ​ထား​တော်​မူ​ပြီ။

ပန်း​ရန်​သ​မား​နှင့် လက်​သ​မား​တို့​အား​လည်း ငွေ​ကို​ပေး​ကြ၏။ ပေ​ရ​သိ​ရှင်​ဘု​ရင်​ကု​ရု အ​ခွင့်​ပေး​တော်​မူ​သည်​အ​တိုင်း၊ အာ​ရဇ်​သစ်​သား​ကို လေ​ဗ​နုန်​တောင်​မှ ယု​ပ္ပေ​ဆိပ်​သို့ ဆောင်​စေ​ခြင်း​ငှာ၊ ဇိ​ဒုန်​မြို့​သား​နှင့် တု​ရု​မြို့​သား​တို့​အား၊ စား​စ​ရိတ်​နှင့် ဆီ​များ​ကို ပေး​ကြ၏။

ယု​ဒ​အ​မျိုး အ​သက်​ကြီး​သူ​တို့​သည် တည်​ဆောက်၍၊ ပ​ရော​ဖက်​ဟ​ဂ္ဂဲ​နှင့် ဣ​ဒေါ​သား​ဇာ​ခ​ရိ ဟော​သော​အား​ဖြင့်၊ အ​ကြံ​ထ​မြောက်​ကြ၏။ ဣ​သ​ရေ​အ​မျိုး၏ ဘု​ရား​သ​ခင်​အ​မိန့်​တော်​နှင့် ပေ​ရ​သိ​ရှင်​ဘု​ရင်​ကု​ရု​မင်း၊ ဒါ​ရိ​မင်း အ​မိန့်​တော်​အ​တိုင်း တည်​ဆောက်၍ လက်​စ​သတ်​ကြ၏။

အ​မျိုး​အ​နွယ်​တို့​သည် ထို​မြို့​သို့​တက်​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မျိုး​အ​နွယ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ချီး​မွမ်း​ခြင်း​ငှာ တက်​သွား​ကြ၏။

မြို့​သည် စ​တု​ရန်း လေး​ထောင့်​ဖြစ်၏။ ထို​သူ​သည် ကျူ​လုံး​နှင့် မြို့​ကို​တိုင်း၍ မြို့၏ အ​နံ၊ အ​လျား၊ အ​မြင့်၊ ယူ​ဇ​နာ​တ​ရာ​နှစ်​ဆယ်​စီ ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ