Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​ဇ​ရ 5:8

Judson Bible

ကျွန်​တော်​တို့​သည် ယု​ဒ​ပြည်​တွင် ကြီး​မြတ်​သော​ဘု​ရား​သ​ခင်၏ အိမ်​တော်​သို့​ရောက်၍၊ ထို​အ​ရပ်​သား​တို့​သည် အိမ်​တော်​ကို ကျောက်​ကြီး​နှင့်​တည်​လုပ်​လျက်၊ ကျောက်​ထ​ရံ​ပေါ်​မှာ သစ်​သား​ကို တင်​လျက်၊ အ​လျင်​အ​မြန်​လုပ်​ဆောင်၍ အ​ကြံ​ထ​မြောက်​ကြောင်း​ကို သိ​မှတ်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ဗာ​ဗု​လုန် ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည်၊

မြစ်​အ​နောက်​ဘက်၌​နေ​သော အ​ဖာ​သ​သက်​လူ​တို့​သည်၊ ဒါ​ရိ​မင်း​ကြီး​ထံ​သို့ ပေး​လိုက်​သော စာ​ချက်​ဟူ​မူ​ကား၊ ဒါ​ရိ​မင်း​ကြီး၌ အ​စဉ်​ချမ်း​သာ​ရှိ​ပါ​စေ​သော။

ဤ​အိမ်​ကို တည်​ဆောက်​ရ​မည်၊ ဤ​မြို့​ရိုး​ကို ပြု​ပြင်​ရ​မည်​အ​ကြောင်း အ​ဘယ်​သူ​မှာ​ထား​သ​နည်း ဟူ၍​လည်း​ကောင်း၊

ရှင်​ဘု​ရင်​အ​သက်၊ ဆွေ​တော်​မျိုး​တော်​တို့၏ အ​သက်​အ​ဖို့ ဆု​တောင်း​စေ​ခြင်း​ငှာ၊ သူ​တို့​လို​ချင်​သ​မျှ ယေ​ရု​ရှ​လင်​မြို့ ယဇ်​ပု​ရော​ဟိတ်​တို့ စီ​ရင်​သည်​အ​တိုင်း၊ ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်​အား မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​စ​ရာ​ဖို့ နွား၊ သိုး​ထီး၊ သိုး​သ​ငယ်၊ စ​ပါး၊ ဆား၊ စ​ပျစ်​ရည်၊ ဆီ​တို့​ကို နေ့​တိုင်း​အ​စဉ်​အ​ပြတ် ပေး​စေ။

ကြီး​သော​ကျောက်​တန်း သုံး​ဆင့်၊ အ​သစ်​သော​သစ်​သား​တန်း တစ်​ဆင့်​နှင့် အ​ထပ်​ထပ်​တည်​စေ။ စ​ရိတ်​များ​ကို​လည်း ဘ​ဏ္ဍာ​တော်​ထဲ​က ထုတ်၍​ပေး​စေ။

ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်​မှာ ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ ထို​ဘု​ရား​သ​ခင်၏ အိမ်​တော်​အ​ဖို့ ကြိုး​စား၍​လုပ်​ဆောင်​စေ။ ရှင်​ဘု​ရင်​နှင့် ဆွေ​တော်​မျိုး​တော်​အ​ပေါ်​သို့ အ​ဘယ်​ကြောင့် အ​မျက်​တော် သက်​ရောက်​ရ​မည်​နည်း။

ယု​ဒ​မြို့​ရွာ​တို့​တွင် ဣ​သ​ရေ​လ​လူ၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ ဘု​ရား​ကျွန်၊ ရှော​လ​မုန်၏​ကျွန် အ​မျိုး​သား​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​ဆိုင်​ရာ​အ​ရပ်၌ နေ​ကြ၏။ ယေ​ရု​ရှ​လင်​မြို့၌​နေ​သော ပြည်​သူ​ပြည်​သား အ​ကြီး​အ​ကဲ၊ မင်း​အ​ရာ​ရှိ​ဟူ​မူ​ကား၊

တစ်​ဖန် ငါ​တွေ့​သော​စာ​ရင်း​တည်း​ဟူ​သော၊ ရှေ့​ဦး​စွာ ရောက်​လာ​သော​သူ​တို့၏ အ​ဆွေ​အ​မျိုး​စာ​ရင်း​ချက် ဟူ​မူ​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော လူ​စု​ထဲ​က​ထွက်၍ ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု၊ နေ​ဟ​မိ၊ အာ​ဇ​ရိ၊ ရာ​မိ၊ နာ​ဟ​မာ​နိ၊ မော်​ဒ​ကဲ၊ ဗိ​လ​ရှန်၊ မိ​ဇ​ပေ​ရက်၊ ဗိ​ဂ​ဝဲ၊ နေ​ဟုံ၊ ဗာ​နာ​တို့​နှင့်​အ​တူ လိုက်​လာ၍ ယေ​ရု​ရှ​လင်​မြို့​အ​စ​ရှိ​သော ယု​ဒ​ပြည်၌ အ​သီး​အ​သီး​ဆိုင်​သော မြို့​ရွာ​သို့​ရောက်​သော နိုင်​ငံ​တော်​သား၊ ဣ​သ​ရေ​လ​လူ​စာ​ရင်း​ဟူ​မူ​ကား၊

အိ​န္ဒိ​ယ​ပြည်​မှ​စ၍ ကု​ရှ​ပြည်​တိုင်​အောင် တိုင်း​ပြည် တစ်​ရာ​နှစ်​ဆယ်​ခု​နစ်​ပြည်​တို့​ကို အ​စိုး​ရ​သော ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည်၊

လူ​တိုင်း မိ​မိ​အိမ်​ကို အုပ်​စိုး​ရ​မည်​အ​ကြောင်း၊ မိ​မိ​လူ​မျိုး​စ​ကား​ကို ပြော​ရ​မည်​အ​ကြောင်း၊ အ​တိုင်း​တိုင်း အ​ပြည်​ပြည် ဘာ​သာ​စ​ကား အ​သီး​အ​သီး​ကို အ​နက်​ပြန်၍ နိုင်​ငံ​တော်​အ​ရပ်​ရပ်​သို့ အ​မိန့်​တော်​စာ​ကို ပေး​လိုက်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​မြတ်၍ အ​လွန်​ချီး​မွမ်း​ဖွယ် ဖြစ်​တော်​မူ၏။ ကြီး​မြတ်​တော်​မူ​ခြင်း​ကို စစ်၍​မ​ကုန်​နိုင်။

ကိုယ်​တော်​သည် ဤ​နက်​နဲ​သော​အ​ရာ​ကို ဖွင့်​ပြ​နိုင်​သည်​ဖြစ်၍၊ အ​ကယ်​စင်​စစ် ကိုယ်​တော်၏ ဘု​ရား​သ​ခင်​သည် ဘု​ရား​တို့၏​ဘု​ရား၊ ဘု​ရင်​တို့၏​အ​ရှင်၊ နက်​နဲ​သော​အ​ရာ​ကို ဖွင့်​ပြ​တော်​မူ​သော​သ​ခင် ဖြစ်​တော်​မူ၏​ဟု မိန့်​တော်​မူ၍၊

မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ဝ​နား​သို့ ချဉ်း​ကပ်​ပြီး​လျှင်၊ အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏​ကျွန်၊ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​တို့၊ ထွက်၍​လာ​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည် မီး​ထဲ​က ထွက်​လာ​ကြ၏။

မြင့်​မြတ်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ငါ၌​ပြု​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။

ငါ​အ​စိုး​ရ​သော တစ်​နိုင်​ငံ​လုံး​တွင် ရှိ​နေ​သော သင်​တို့​သည် ဒံ​ယေ​လ၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရို​သေ​ကြ​ကုန်​ဟု ငါ​အ​မိန့်​တော်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို ဘု​ရား​သ​ခင်​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား၊ နိ​စ္စ​ထာ​ဝ​ရ​တည်​တော်​မူ​သော ဘု​ရား ဖြစ်​တော်​မူ၏။ နိုင်​ငံ​တော်​သည် ပျက်​စီး​ခြင်း​သို့ မ​ရောက်​နိုင်။ အာ​ဏာ​စက်​တော်​လည်း အ​စဉ်​အ​ဆက် တည်​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ ဘု​ရား​တို့၏​ဘု​ရား၊ သ​ခင်​တို့၏​သ​ခင်၊ ကြီး​မြတ်​သော​ဘု​ရား၊ တန်​ခိုး​နှင့်​ပြည့်​စုံ၍ ကြောက်​မက်​ဖွယ်​သော​ဘု​ရား၊ လူ​မျက်​နှာ​ကို​မ​ထောက်၊ တံ​စိုး​ကို​မ​စား​ဘဲ၊

ငါ​တို့၏​ရန်​သူ​များ စီ​ရင်​ဆုံး​ဖြတ်​သော်​လည်း၊ သူ​တို့​ကျောက်​သည် ငါ​တို့​ကျောက်​နှင့်​မ​တူ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ