Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​ဇ​ရ 5:14

Judson Bible

နေ​ဗု​ခဒ်​နေ​ဇာ​သည် ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​ထဲ​က​ထုတ်၍၊ ဘု​ရား​သ​ခင်၏​အိမ်​တော်​နှင့် ဆိုင်​သော်​လည်း၊ ဗာ​ဗု​လုန်​မြို့၏ ဗိ​မာန်​သို့ ဆောင်​သွား​သော ရွှေ​တန်​ဆာ၊ ငွေ​တန်​ဆာ​တို့​ကို ကု​ရု​မင်း​ကြီး​သည် ဗာ​ဗု​လုန်​မြို့၏​ဗိ​မာန်​ထဲ​က တစ်​ဖန်​ထုတ်၍၊ ရှေ​ရှ​ဗာ​ဇာ​အ​မည်​နှင့် မြို့​ဝန်​အ​ရာ၌ ခန့်​ထား​သော​သူ​လက်​သို့ အပ်​တော်​မူ​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ဗိ​မာန်​တော်​တန်​ဆာ အ​ကြီး​အ​ငယ် ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ဗိ​မာန်​တော်​ဘ​ဏ္ဍာ၊ နန်း​တော်​ဘ​ဏ္ဍာ၊ မှူး​မတ်​ဘ​ဏ္ဍာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား၏။

ဗိ​မာန်​တော်​တန်​ဆာ အ​ချို့​တို့​ကို​လည်း ယူ​သွား၍၊ ဗာ​ဗု​လုန်​မြို့ ဗိ​မာန်၌ ထား​လေ၏။

ဤ​တန်​ဆာ​တို့​ကို ယူ၍ ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​သို့ ဆောင်​သွား​လော့။ ဘု​ရား​သ​ခင်၏​အိမ်​တော်​ကို မိ​မိ​နေ​ရာ၌ တည်​ပြန်​စေ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

ထို​ရှေ​ရှ​ဗာ​ဇာ​သည် လာ၍ ယေ​ရု​ရှ​လင်​မြို့၏ ဘု​ရား​အိမ်​တော်​အ​မြစ်​ကို ချ​ထား​သ​ဖြင့်၊ ထို​အ​ချိန်​မှ​စ၍ ယ​ခု​တိုင်​အောင် ငါ​တို့​သည်​တည်​လုပ်​လျက် လက်​စ​မ​သတ်​သေး​ဟု ပြန်​ပြော​ကြ၏။

ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​ထဲ​က နေ​ဗု​ခဒ်​နေ​ဇာ​ထုတ်၍ ဘု​ရား​သ​ခင်၏​အိမ်​တော်​နှင့် ဆိုင်​သော်​လည်း၊ ဗာ​ဗု​လုန်​မြို့​သို့​ဆောင်​ခဲ့​သော ရွှေ​တန်​ဆာ ငွေ​တန်​ဆာ​တို့​ကို ပြန်​ပေး​စေ။ ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​သို့ ပို့၍ အ​လုံး​စုံ​တို့​ကို ဘု​ရား​အိမ်​တော်​ထဲ​တွင် မိ​မိ​တို့​နေ​ရာ၌ ထား​စေ​ဟု ကု​ရု​မင်း​ကြီး​သည် နန်း​စံ​ပ​ထ​မ​နှစ်​တွင်၊ ယေ​ရု​ရှ​လင်​မြို့၏ ဘု​ရား​အိမ်​တော်​အ​မှု​မှာ အ​မိန့်​တော်​ရှိ၏။

ယေ​ရု​ရှ​လင်​မြို့၏ ဗိ​မာန်​တော်​ကို တင့်​တယ်​စေ​မည်​အ​ကြံ​ကို ရှင်​ဘု​ရင်​စိတ်​နှ​လုံး​ထဲ​သို့ သွင်း​ပေး​တော်​မူ​ထ​သော၊ ရှင်​ဘု​ရင်​ရှေ့၊ အ​တွင်း​ဝန်​များ၊ ဗိုလ်​မင်း​များ​ရှေ့​မှာ ငါ့​အား​အ​ခွင့်​ပေး​တော်​မူ​သော ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။

ရှင်​ဘု​ရင်၏​စိတ်​နှ​လုံး​သည် ရေ​ချောင်း​ကဲ့​သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်၌​ရှိ​သ​ဖြင့်၊ အ​လို​တော်​ရှိ​သည်​အ​တိုင်း လှည့်​စေ​တော်​မူ၏။

ရွှေ​တန်​ဆာ၊ ငွေ​တန်​ဆာ​တည်း​ဟူ​သော အင်​တုံ၊ လင်​ပန်း၊ အိုး၊ အိုး​ကင်း၊ မီး​ခုံ၊ ဇွန်း၊ ဖ​လား​များ​ကို၊ ရွှေ​ဖြစ်​စေ၊ ငွေ​ဖြစ်​စေ၊ ကိုယ်​ရံ​တော်​မှူး​သည် ယူ​သွား​လေ၏။

ဒါ​ရိ​မင်း​ကြီး နန်း​စံ​နှစ်​နှစ်၊ ဆ​ဋ္ဌ​မ​လ တစ်​ရက်​နေ့​တွင်၊ ပ​ရော​ဖက်​ဟ​ဂ္ဂဲ​အား​ဖြင့် ယု​ဒ​မြို့​ဝန်၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ဇ​ဒက်​သား​ယော​ရှု​ဆီ​သို့ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ရောက်​လာ၍၊

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ယု​ဒ​မြို့​ဝန်၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ဇ​ဒက်​သား ယော​ရှု​မှ​စ၍ ကျန်​ကြွင်း​သော သူ​အ​ပေါင်း​တို့​ကို နှိုး​ဆော်​တော်​မူ​သော​အား​ဖြင့်၊

သင်​သည် ယု​ဒ​မြို့​ဝန်၊ ရှာ​လ​သေ​လ​သား ဇေ​ရု​ဗ​ဗေ​လ​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ဇ​ဒက်​သား ယော​ရှု​မှ​စ၍ ကျန်​ကြွင်း​သော​သူ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊

သင်​သည် ယု​ဒ​မြို့​ဝန်၊ ဇေ​ရု​ဗ​ဗေ​လ​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ငါ​သည် ကောင်း​ကင်​နှင့် မြေ​ကြီး​ကို​လှုပ်​မည်။

ထို​အ​ကြောင်း​အ​ရာ​ကို မြင်​လျှင်၊ မြို့​ဝန်​သည် ယုံ​ကြည်​ခြင်း​သို့ ရောက်၍၊ သ​ခင်​ဘု​ရား၏ ဒေ​သ​နာ​တော်​ကို အ​လွန်​အံ့​ဩ​မိန်း​မော၍ နေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ