စာတိုက်စိုးရေဟုံနှင့် မြို့စာရေးရှိမရှဲတို့သည်၊ ယေရုရှလင်မြို့ကို ရန်ဘက်ပြုလျက်၊ အာတဇေရဇ်မင်းကြီးထံသို့ စာပေးလိုက်၍၊
ရှေဝသည် စာရေးတော်ကြီးဖြစ်၏။ ဇာဒုတ်နှင့် အဗျာသာသည် ယဇ်ပုရောဟိတ်ဖြစ်၏။
အဟိတုပ်သား ဇာဒုတ်နှင့် အဗျာသာ၏သား အဟိမလက်သည် ယဇ်ပုရောဟိတ်ဖြစ်၏။ စရာယသည် စာရေးတော်ကြီးဖြစ်၏။
ရှင်ဘုရင်ကို ခေါ်သောအခါ၊ ဟိလခိသားဖြစ်သော နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်သား အတွင်းဝန်ယောအာတို့သည် သူတို့ထံသို့ထွက်ပြီးလျှင်၊
ရှင်ဘုရင်သည် စာတိုက်စိုးရေဟုံနှင့် မြို့စာရေးရှိမရှဲ မှစ၍၊ ရှမာရိမြို့၌နေသော ထိုသူတို့၏ အပေါင်းအဖော်များ၊ မြစ်အနောက်ဘက်၌နေသော အခြားသူများတို့ရှိရာသို့ ပြန်ပေးလိုက်သော စာဟူမူကား၊
အာတဇေရဇ်လက်ထက်၌ ဗိရှလံ၊ မိသရေဒတ်၊ တဗေလနှင့် အခြားသောအပေါင်းအဖော်တို့သည်၊ ရှုရိဘာသာစကားနှင့် ရေးသောလွှာစာကို၊ ပေရသိရှင်ဘုရင် အာတဇေရဇ်ထံသို့ ပေးလိုက်ကြ၏။
စာတိုက်စိုးရေဟုံ၊ မြို့စာရေးရှိမရှဲနှင့် အခြားသောအပေါင်းအဖော်၊ ဒိနဲပြည်သား၊ အဖာသသက်ပြည်သား၊ တာပေလပြည်သား၊ အဖာရသပြည်သား၊ အာခေဝပြည်သား၊ ဗာဗုလုန်ပြည်သား၊ ရှုရှနက်ပြည်သား၊ ဒေဟဝပြည်သား၊ ဧလံပြည်သား အစရှိသော၊