Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဧ​ဇ​ရ 4:7

Judson Bible

အာ​တ​ဇေ​ရဇ်​လက်​ထက်၌ ဗိ​ရှ​လံ၊ မိ​သ​ရေ​ဒတ်၊ တ​ဗေ​လ​နှင့် အ​ခြား​သော​အ​ပေါင်း​အ​ဖော်​တို့​သည်၊ ရှု​ရိ​ဘာ​သာ​စ​ကား​နှင့် ရေး​သော​လွှာ​စာ​ကို၊ ပေ​ရ​သိ​ရှင်​ဘု​ရင် အာ​တ​ဇေ​ရဇ်​ထံ​သို့ ပေး​လိုက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ဟိ​လ​ခိ​သား ဧ​လျာ​ကိမ်၊ ရှေ​ဗ​န၊ ယော​အာ​တို့​က၊ ရှု​ရိ​ဘာ​သာ​စ​ကား​အား​ဖြင့် ကျွန်​တော်​တို့​အား အ​မိန့်​ရှိ​ပါ​လော့။ ထို​စ​ကား​ကို ကျွန်​တော်​တို့​သည် နား​လည်​ပါ၏။ မြို့​ရိုး​ပေါ်​မှာ​ရှိ​သော သူ​တို့​သည်​ကြား​ရ​အောင် ယု​ဒ​ဘာ​သာ​စ​ကား​အား​ဖြင့် အ​မိန့်​မ​ရှိ​ပါ​နှင့်​ဟု ရာ​ဗ​ရှာ​ခ​ကို​ဆို​ကြ​လျှင်၊

သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော အ​မျိုး​သား​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ဗိ​မာန်​တော်​ကို တည်​ကြ​သည်​ဟု ယု​ဒ​အ​မျိုး​နှင့် ဗင်္ယာ​မိန်​အ​မျိုး၏ ရန်​သူ​တို့​သည် ကြား​လျှင်၊

ရှင်​ဘု​ရင်​သည် စာ​တိုက်​စိုး​ရေ​ဟုံ​နှင့် မြို့​စာ​ရေး​ရှိ​မ​ရှဲ မှ​စ၍၊ ရှ​မာ​ရိ​မြို့၌​နေ​သော ထို​သူ​တို့၏ အ​ပေါင်း​အ​ဖော်​များ၊ မြစ်​အ​နောက်​ဘက်၌​နေ​သော အ​ခြား​သူ​များ​တို့​ရှိ​ရာ​သို့ ပြန်​ပေး​လိုက်​သော စာ​ဟူ​မူ​ကား၊

စာ​တိုက်​စိုး​ရေ​ဟုံ​နှင့် မြို့​စာ​ရေး​ရှိ​မ​ရှဲ​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့​ကို ရန်​ဘက်​ပြု​လျက်၊ အာ​တ​ဇေ​ရဇ်​မင်း​ကြီး​ထံ​သို့ စာ​ပေး​လိုက်၍၊

စာ​တိုက်​စိုး​ရေ​ဟုံ၊ မြို့​စာ​ရေး​ရှိ​မ​ရှဲ​နှင့် အ​ခြား​သော​အ​ပေါင်း​အ​ဖော်၊ ဒိ​နဲ​ပြည်​သား၊ အ​ဖာ​သ​သက်​ပြည်​သား၊ တာ​ပေ​လ​ပြည်​သား၊ အ​ဖာ​ရ​သ​ပြည်​သား၊ အာ​ခေ​ဝ​ပြည်​သား၊ ဗာ​ဗု​လုန်​ပြည်​သား၊ ရှု​ရှ​နက်​ပြည်​သား၊ ဒေ​ဟ​ဝ​ပြည်​သား၊ ဧ​လံ​ပြည်​သား အ​စ​ရှိ​သော၊

မြစ်​အ​နောက်​ဘက် မြို့​ဝန်​တာ​တ​နဲ​နှင့် ရှေ​သာ​ဗော​ဇ​နဲ​မှ​စ၍ သူ​တို့​အ​ပေါင်း​အ​ဖော်၊

ထို​နောက်၊ ပေ​ရ​သိ​ရှင်​ဘု​ရင် အာ​တ​ဇေ​ရဇ်​လက်​ထက်၌၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး အာ​ရုန်၊ ဧ​လာ​ဇာ၊ ဖိ​န​ဟတ်၊ အ​ဘိ​ရွှ၊ ဗု​က္ကိ၊ ဩ​ဇိ၊ ဇေ​ရ​ဟိ၊ မေ​ရာ​ယုတ်၊ အာ​ဇ​ရိ၊ အာ​မ​ရိ၊ အ​ဟိ​တုတ်၊ ဇာ​ဒုတ်၊ ရှ​လ္လုံ၊ ဟိ​လ​ခိ၊ အာ​ဇ​ရိ၊ စ​ရာ​ယ​တို့​မှ ဆင်း​သက်​သော​သူ၊

ရှင်​ဘု​ရင်​အ​မိန့်​တော် အ​မှာ​တော်​တို့​ကို ကိုယ်​စား​တော်​မင်း၊ မြစ်​အ​နောက်​ဘက် မြို့​ဝန်​တို့၌​အပ်၍၊ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​နှင့် ဘု​ရား​သ​ခင့် အိမ်​တော်​ကို ပြု​စု​ကြ၏။

အာ​တ​ဇေ​ရဇ်​မင်း​ကြီး နန်း​စံ​နှစ်​ဆယ်၊ နိ​သန်​လ​တွင် ရှေ့​တော်၌ တင်​သော​စ​ပျစ်​ရည်​ကို ငါ​ကိုင်၍ ဆက်​လေ၏။

ထို​အ​ခါ ဧ​လျာ​ကိမ်၊ ရှေ​ဗ​န၊ ယော​အာ​တို့​က၊ ရှု​ရိ​ဘာ​သာ​စ​ကား​အား​ဖြင့် ကျွန်​တော်​တို့​အား အ​မိန့်​ရှိ​ပါ​လော့။ ထို​စ​ကား​ကို ကျွန်​တော်​တို့​သည် နား​လည်​ပါ၏။ မြို့​ရိုး​ပေါ်​မှာ​ရှိ​သော​သူ​တို့​သည် ကြား​ရ​အောင်၊ ယု​ဒ​ဘာ​သာ​စ​ကား​အား​ဖြင့် အ​မိန့်​မ​ရှိ​ပါ​နှင့်​ဟု ရာ​ဗ​ရှာ​ခ​ကို ဆို​ကြ​လျှင်၊

ယ​ခု​မူ​ကား၊ မှန်​သော​အ​ရာ​ကို ငါ​ပြ​မည်။ ပေ​ရ​သိ​နိုင်​ငံ​ကို အ​စိုး​ရ​သော ရှင်​ဘု​ရင်​သုံး​ပါး ပေါ်​လေ​ဦး​မည်။ စ​တု​တ္ထ​ရှင်​ဘု​ရင်​မူ​ကား၊ ထို​သူ​ရှိ​သ​မျှ​တို့​ထက် ငွေ​ရ​တတ်​လိမ့်​မည်။ ထို​သို့​ရ​တတ်၍ အား​ကြီး​သော​ကြောင့်၊ ဟေ​လ​သ​နိုင်​ငံ​ကို ရန်​ဘက်​ပြု​စေ​ခြင်း​ငှာ၊ ခပ်​သိမ်း​သော သူ​တို့​ကို နှိုး​ဆော်​လိမ့်​မည်။

ခါ​လ​ဒဲ​ပ​ညာ​ရှိ​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး၊ အ​သက်​တော်​အ​စဉ်​အ​မြဲ ရှင်​ပါ​စေ။ အ​ကျွန်ုပ်​တို့​အား အိပ်​မက်​တော်​ကို​မိန့်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် အ​နက်​ကို ဖော်​ပြ​ပါ​မည်​ဟု၊ ရှု​ရိ​ဘာ​သာ​ဖြင့် လျှောက်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ