ယုဒအမျိုးသားတို့၏ အကြံကို ဖျက်ဆီးခြင်းငှာ၊ ပေရသိရှင်ဘုရင် ကုရုလက်ထက် ကာလပတ်လုံးမှသည်၊ ပေရသိရှင်ဘုရင် ဒါရိလက်ထက်တိုင်အောင်၊ ရှေ့နေတို့ကို ငှား၍ထားကြ၏။
အာဟပ်အမျိုးကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ ခမည်းတော်သေသောနောက်၊ အာဟပ်အမျိုးသားတို့သည် အာခဇိကို အကျိုးနည်းစေခြင်းငှာ မကောင်းသောအကြံကို ပေးကြ၏။
ထိုသို့ ယေရုရှလင်မြို့၏ ဗိမာန်တော်တည်ခြင်းအမှု ပြတ်၍၊ ပေရသိရှင်ဘုရင် ဒါရိနန်းစံနှစ်နှစ်တိုင်အောင် လက်စမသတ်ဘဲ နေလေ၏။
ထိုအခါ ပြည်သားတို့သည် ယုဒအမျိုးတို့ကို လက်အားလျော့စေ၍၊ တည်ဆောက်ခြင်းအမှုကို နှောင့်ယှက်ကြ၏။
အာရွှေရုနန်းထိုင်စက ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့၌ အပြစ်တင်သောလွှာစာကို ပေးလိုက်ကြ၏။
ဒါရိမင်း အမိန့်တော်မရောက်မီ အလုပ်အကိုင် မပြတ်စေခြင်းငှာ၊ ဘုရားသခင်သည် ယုဒအမျိုးသား အသက်ကြီးသူတို့ကို ထောက်ရှုတော်မူ၏။ သို့ဖြစ်၍ အထံတော်သို့လျှောက်စာကို ပေးလိုက်ကြ၏။
ပေရသိနိုင်ငံကို အစိုးရသောမင်းမူကား၊ အရက်နှစ်ဆယ်တစ်ရက်ပတ်လုံး ငါ့ကိုဆီးတား၏။ နောက်တစ်ခါ အမြတ်ဆုံးသော မင်းစုထဲက မိက္ခေလသည် ငါ့ကိုအကူလာ၍၊ ငါသည်လည်း ထိုအရပ်၌ ပေရသိမင်းကြီးတို့ထံမှာ ဆိုင်းလင့်၍ နေရ၏။
ထာဝရဘုရားတစ်ဖက်၌ မကောင်းသော အကြံကို ကြံစည်သော အဓမ္မတိုင်ပင်အမတ်သည် သင့်အထဲက ပေါ်လာပြီ။