ဗိမာန်တော် တိုက်မြစ်ကို မချသေးသော်လည်း၊ သတ္တမလ တစ်ရက်နေ့မှစ၍ မီးရှို့ရာယဇ်တို့ကို ထာဝရဘုရားအား ပူဇော်ကြ၏။
ထိုနောက်မှ အမြဲပူဇော်ရသောယဇ်၊ လဆန်းနေ့၌လည်းကောင်း၊ ထာဝရဘုရားအဖို့ သန့်ရှင်းစေသော ဓမ္မပွဲနေ့၌လည်းကောင်း၊ ပူဇော်ရသောယဇ်၊ ထာဝရဘုရားအား အလိုလိုပူဇော်သကာကို ဆောင်ခဲ့သောသူ အသီးအသီးအဖို့ ပူဇော်ရသောယဇ်တို့ကို ပူဇော်လျက်နေကြ၏။
ပန်းရန်သမားနှင့် လက်သမားတို့အားလည်း ငွေကိုပေးကြ၏။ ပေရသိရှင်ဘုရင်ကုရု အခွင့်ပေးတော်မူသည်အတိုင်း၊ အာရဇ်သစ်သားကို လေဗနုန်တောင်မှ ယုပ္ပေဆိပ်သို့ ဆောင်စေခြင်းငှာ၊ ဇိဒုန်မြို့သားနှင့် တုရုမြို့သားတို့အား၊ စားစရိတ်နှင့် ဆီများကို ပေးကြ၏။
သင်တို့သည်သတ္တမလ၊ ပထမနေ့ရက်၌တံပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသောဥပုသ်နေ့ကို စောင့်ရကြမည်။
လောကီအလုပ်ကို မလုပ်ရ။ ထာဝရဘုရားအားမီးဖြင့်ပြုသော ပူဇော်သကာကို ဆက်ရမည်ဟု မိန့်တော်မူ၏။
သတ္တမလ၊ ပထမနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ တံပိုးမှုတ်ခြင်းကို ပြုရသောနေ့ဖြစ်၏။
ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့နှင့် မီးရှို့ရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်၊ သိုးထီးတစ်ကောင်၊ အခါလည်အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည်။